နိုဝင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
နိုဝင်ဘာ ၄ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ တစ်နိုင်ငံလုံးနှင့် ဒေသခံအသင်းတော်၏ ဇူလိုင်လ လယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းကို မှတ်ချက်ပေးပါ။
၁၅ မိ– “ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သင် မှန်ကန်စွာကိုင်တွယ်သလော။” မေးဖြေရန်။ ကျိုးကြောင်းဆင်ခြင် [လိပ်] စာအုပ်စာမျက်နှာ ၅၈-၆၀ မှ “သမ္မာကျမ်းစာကိုသုံးသပ်သင့်သောအကြောင်းရင်းများ” မှမှတ်ချက်များပါဝင်စေပါ။
၂၀ မိ– “ထာဝရအသက်ဟူမူကား။” (အပိုဒ် ၁-၅) အပိုဒ် ၁ ကိုအဖွင့်မှတ်ချက်တိုပေးပြီးနောက် အပိုဒ် ၂-၅ ပါတင်ဆက်ပုံများကို အရည်အချင်းရှိသောကြေညာသူနှစ်ဦးအား သရုပ်ပြစေပါ။ ကျမ်းစာသင်အံမှုစတင်ရန်ပန်းတိုင်ကို အလေးထားဖော်ပြပါ။
သီချင်း ၁၂၈ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
နိုဝင်ဘာ ၁၁ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၂၀ မိ– အဘယ်ကြောင့် ယေဟောဝါအား ပေးဆက်ရမည်နည်း။ ၁၉၉၆၊ နိုဝင်ဘာ ၁၊ ကင်းမျှော်စင် စာမျက်နှာ ၂၈-၃၁ ပါဆောင်းပါးမှ အဓိကအချက်များကိုပေါ်လွင်စေရန် အကြီးအကဲနှစ်ဦးဆွေးနွေးပါ။ သို့မဟုတ် အကြီးအကဲတစ်ဦးဟောပြောခြင်းဖြင့် အကြောင်းအရာကိုတင်ပြနိုင်သည်။
၁၅ မိ– “ထာဝရအသက်ဟူမူကား။” (အပိုဒ် ၆-၈) သင်အံမှုစတင်ရန် တိုက်ရိုက်ချဉ်းကပ်နည်းကိုအသုံးပြုခြင်း၏အကျိုးကျေးဇူးများကို ဆွေးနွေးပါ။ အပိုဒ် ၆-၇ ပါတင်ဆက်ပုံများကို အတွေ့အကြုံရှိကြေညာသူနှစ်ဦးအား သရုပ်ပြစေပါ။ ပထမဦးဆုံးလည်ပတ်ချိန်တွင် သင်အံမှုစတင်ခဲ့သည့်ဥပမာများကို ပြောပြဖို့ပရိသတ်အားဖိတ်ခေါ်ပါ။ သင်အံမှုကိုတိုက်ရိုက်ကမ်းလှမ်းစဉ် လူတစ်ဦးဤသို့ပြန်ပြောခဲ့သည်– “ဟုတ်ကဲ့။ အထဲကိုကြွပါ။ သင်အံမှုကိုကျွန်တော်သိပ်လိုလားပါတယ်။” သူနှင့်သင်အံမှုစလိုက်ပြီး နောက်တစ်ပတ်တွင် သူ၏မိသားစုတစ်ခုလုံးပါထိုင်ခဲ့သည်။ မကြာမီ အားလုံးအစည်းအဝေးများတက်လာကြပြီး သက်သေခံခြင်းလုပ်ငန်းတွင် ပါဝင်လာကြသည်။ ၁၉၉၆ ဇွန်လ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်စာရွက်ကို နောက်တစ်ပတ်လုပ်ငန်းတော်စည်းဝေးသို့ ယူလာကြရန် အားလုံးကိုအားပေးပါ။
သီချင်း ၁၂၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
နိုဝင်ဘာ ၁၈ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ နိုဝင်ဘာတွင် လောကီအားလပ်ရက်များအတွင်း လယ်ကွင်းလုပ်ငန်းတော်အစီအစဉ်ကို သုံးသပ်ပါ။
၁၅ မိ– “ကျွန်ုပ်တို့တွင်တာဝန်တစ်ခုရှိနေ။” မေးဖြေရန်။ ၁၉၈၉၊ ဇန်နဝါရီ ၁၊ ကင်းမျှော်စင် စာမျက်နှာ ၂၂-၃ ပါအပိုဒ် ၁၃-၁၆ ကိုမှတ်ချက်တိုပေးပါ။
၂၀ မိ– တိုးတက်မှုရှိသောကျမ်းစာသင်အံမှုများကိုကျင်းပခြင်း။ လုပ်ငန်းတော်ကြီးကြပ်မှူးဟောရန်။ ကျွန်ုပ်တို့သည် တစ်နှစ်ကျော်အတွင်း အသိပညာစာအုပ်ကိုအသုံးပြုနေကြသည်။ အချို့သင်သားများသည် ပြီးဆုံးသွားပြီဖြစ်နိုင်သော်လည်း အချို့တို့သည် ပြီးခါနီးဖြစ်သည်။ လူသစ်များအား သမ္မာတရားကိုအလျင်အမြန်သိရှိလာရန်၊ ယင်းကို သူတို့၏အသက်တာတွင် လက်တွေ့ကျင့်သုံးရန်၊ အသင်းတော်၏အစိတ်အပိုင်းဖြစ်လာရန် ကူညီပေးဖို့စီမံထားသော ကျင်းပနေသည့်သင်အံမှုများကို အာရုံစူးစိုက်ရန် ကျွန်ုပ်တို့ အားပေးခံခဲ့ရသည်။ ၁၉၉၆ ဇွန်လ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်စာရွက်တွင် ကျွန်ုပ်တို့အား သွန်သင်ပေးသူများအနေနှင့် ထိရောက်မှုရှိရန် ကူညီပေးသည့်အကြံပြုချက်ကောင်းများကို စီမံပေးထားသည်။ ထိုကြားညှပ်စာရွက်၏အပိုဒ် ၃-၁၃ တွင်ခြုံငုံတင်ပြထားသည်အတိုင်း သင်သားများကို ကျွမ်းကျင်စွာသင်ကြားပေးနိုင်သည့် အကြောင်းအရာအချို့ကို တိုတိုတုတ်တုတ်ပြန်သုံးသပ်ပါ။ ထို့နောက် အပိုဒ် ၁၄-၂၂ တွင်ဖော်ပြထားသည့်အတိုင်း သူတို့အား အပြုသဘောပါသည့်ရပ်တည်ချက်ရှိရန် ကူညီပေးဖို့ လုပ်ဆောင်ရမည့်လိုအပ်ရာများကို အာရုံစူးစိုက်ပါ။ အပိုဒ် ၁၅၊ ၁၇၊ ၂၀-၁ ကိုဖတ်ပါ။ အကျိုးရလဒ်ကောင်းများကို ဒေသခံကြေညာသူများမည်သို့ရရှိခဲ့ပုံကိုဖော်ပြသော အပြုသဘောပါမှတ်တမ်းအချို့ကိုသုံးသပ်ပါ။ ကျမ်းစာသင်အံမှုလုပ်ငန်းတွင် ပို၍ပါဝင်ကြရန်အားပေးပါ။
သီချင်း ၈၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
နိုဝင်ဘာ ၂၅ တွင် စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။
၁၅ မိ– “အခြားသူတို့၏လိုအပ်ရာများနှင့်အညီ မျှဝေခြင်း။” အကြီးအကဲတစ်ဦးဟောရန်။
၁၀ မိ– မေးခွန်းသေတ္တာ။ ပရိသတ်နှင့်ဆွေးနွေးပါ။
၁၅ မိ– ဒီဇင်ဘာတွင်ဝေငှမည့်စာပေကိုသုံးသပ်ပါ။ မိသားစုစာအုပ်ကိုဝေငှပါ။ စာမျက်နှာ ၁၈၄၊ အပိုဒ် ၈ ကိုအသုံးပြုပြီး ယေရှုကို လူတစ်ယောက်က “ထာဝရအသက်ကို အမွေခံရအံ့သောငှာအကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်း” ဟုမေးသောအခါ ယေရှုပြောခဲ့သောစကား (လုကာ ၁၀:၂၅-၂၈ ဖတ်။) နှင့်စာအုပ်မှအပိုဒ်၏ကျန်အပိုင်းကိုရှင်းပြပါ။ ထို့နောက် ဤသို့ပြောပါ– “ဒီစာအုပ်က မိတ်ဆွေရဲ့မိသားစု ထာဝရအသက်ရဖို့ သမ္မာကျမ်းစာထဲကအကြောင်းအရာကို အသေးစိတ်ရှင်းပြပေးပါတယ်။ ၄၀ ကျပ်ပဲကျပါတယ်။”
သီချင်း ၁၈၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။