ဇန်နဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ
ဇန်နဝါရီ ၆ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှရွေးချယ်ထားသောကြေညာချက်များ။ တစ်နိုင်ငံလုံးနှင့် ဒေသခံအသင်းတော်၏ စက်တင်ဘာလလယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းကိုမှတ်ချက်ပေးပါ။
၂၀ မိ– ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ် အသစ်လုပ်ရန်အချိန်ရောက်။ အရည်အချင်းရှိအကြီးအကဲသည် ကတ်ကိုပြည့်စုံစွာဖြည့်စွက်ခြင်းနှင့် ယင်းကိုအမြဲဆောင်ထားခြင်း၏အရေးကြီးမှုကို ဆွေးနွေးပါ။ အရေးပေါ်အခြေအနေတွင် သင်စကားမပြောနိုင်သည့်အခါ ဤကတ်ပြားက သင့်ကိုယ်စားပြောပေးပါမည်။ (သုတ္တံ ၂၂:၃ နှိုင်းယှဉ်။) သွေးလက်မခံရခြင်းနှင့်ပတ်သက်သည့် လက်ရှိခံယူချက်ကိုဖော်ပြရန် နှစ်စဉ် ကတ်ပြားအသစ်ဖြည့်ဖို့လိုသည်။ အကြောင်းမှာ အချို့သောဆရာဝန်နှင့်အခြားသူတို့သည် တစ်နှစ်ကျော်နေပြီဖြစ်သောကတ်ပြားများက လူတစ်ဦး၏လက်ရှိခံယူချက်ကို ထင်ဟပ်နိုင်တော့မည်မဟုတ်ကြောင်း ပြောဆိုကြသောကြောင့်ဖြစ်သည်။ စည်းဝေးပြီးသောအခါ နှစ်ခြင်းခံပြီးသောကြေညာသူတိုင်းသည် ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်နှင့် နှစ်ခြင်းမခံရသေးသောကလေးများသည် မှတ်ပုံတင်ကတ်ကို တစ်ဦးစီရမည်ဖြစ်သည်။ ကတ်ပြားများကို ချက်ချင်းမဖြည့်စွက်သင့်ကြောင်းရှင်းပြပါ။ အိမ်တွင် စေ့စပ်သေချာစွာဖြည့်သင့်သည်။ သို့သော်လက်မှတ်မထိုးပါနှင့်ဦး။ ကတ်ပြားအားလုံးကို လက်မှတ်ထိုးခြင်း၊ သက်သေနှင့်နေ့စွဲတပ်ခြင်းတို့ကို နောက်ကျင်းပမည့်အသင်းတော်စာအုပ်ကြီးသင်တန်းတွင် စာအုပ်ကြီးသင်တန်းမှူး၏ကြီးကြပ်မှုအောက်ပြုလုပ်ရပါမည်။ သူသည် မိမိအုပ်စုတွင်တက်ရောက်သူအားလုံး ကတ်တစ်ခုစီရမရစစ်ဆေးကာ လိုအပ်သည့်အကူအညီကိုပေးပါမည်။ သက်သေအဖြစ်လက်မှတ်ထိုးသူများသည် လက်မှတ်ကိုင်ဆောင်သူ ကတ်ပြားပေါ်လက်မှတ်ထိုးသည်ကို အမှန်တကယ်တွေ့ မြင်သင့်သည်။ ထိုအချိန်တွင် မတက်ဖြစ်သူများအား နောက်ကျင်းပမည့်လုပ်ငန်းတော်စည်းဝေးတွင် နှစ်ခြင်းခံပြီးသူကြေညာသူအားလုံး သူတို့၏ကတ်များကို မှန်ကန်စွာဖြည့်စွက်ပြီးလက်မှတ်ထိုးသည်အထိ သင်တန်းမှူး/အကြီးအကဲများကူညီပေးနိုင်ပါလိမ့်မည်။ (၁၉၉၁ အောက်တိုဘာ ၁၅ ရက်စွဲပါစာကိုသုံးသပ်ပါ။) မိမိတို့နှင့်မိမိတို့၏ကလေးများအတွက်အသုံးပြုရန် ဤကတ်ပါစကားများကို မိမိတို့အခြေအနေနှင့် ခံယူချက်များအရ ပြုပြင်၍ နှစ်ခြင်းမခံရသေးသောကြေညာသူများသည် ကိုယ်ပိုင်ညွှန်ကြားချက်များကို ရေးချလိုပေမည်။ ဤအရေးပါသောအသေးစိတ်အချက်အလက်များကို ဂရုစိုက်ရာတွင် ထိုးထွင်းသိမြင်နိုင်စွမ်းကိုအသုံးပြုခြင်းဖြင့် ယေဟောဝါထံတော်မှကောင်းကျိုးများခံစားရပေမည်။—သု. ၁၆:၂၀။
၁၅ မိ– “အခြားသူများကိုသွန်သင်ရန် အရည်အချင်းပြည့်မီ၍ အသင့်ပြင်ဆင်ခံရ။” (အပိုဒ် ၁-၆) အပိုဒ် ၁-၂ ပေါ်အခြေခံပြီး တိုတုတ်သည့်မှတ်ချက်ပေးပါ၊ ယေဟောဝါ၏အကူအညီဖြင့် အခြားသူများကို ထိရောက်စွာသွန်သင်ပေးနိုင်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချရန် အလေးထားတင်ပြပါ။ ကြေညာသူ-အိမ်ရှင် နှစ်တွဲအား အပိုဒ် ၃-၆ ပါတင်ဆက်ပုံများကို သရုပ်ပြစေပါ။ အတွဲတစ်တွဲစီသည် အစဦးသွားရောက်ခြင်းနှင့် ပြန်လည်ပတ်မှုပြုလုပ်ပုံကိုပြပါ။ မဂ္ဂဇင်းဝေငှသောအခါ စာအုပ်စာတမ်းများ၏တန်ဖိုးအတိအကျကိုဖော်ပြခြင်းသည် သင့်လျော်ကြောင်း ကြေညာသူတိုင်းကိုသတိပေးပါ။
သီချင်း ၁၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၁၃ တွင် စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ အဓိကအချက်များကို ပေါ်လွင်စေပါ။ အလွတ်သဘောသက်သေခံရန် လူတို့ကိုချဉ်းကပ်သောအခါကျွန်ုပ်တို့ကိုယ်ကို မည်သို့မိတ်ဆက်ရမည်ကို အကြံပေးပါ။ စတိုးဆိုင်၊ လမ်းပေါ်၊ ပန်းခြံ၊ လူထုသယ်ယူပို့ဆောင်ရေးယာဉ် စသည်တို့တွင် အခြားသူများကိုဟောသောအခါ အသုံးပြုခဲ့သည့်နိဒါန်းများကိုပြန်ပြောပြရန် ပရိသတ်အားဖိတ်ခေါ်ပါ။
၁၅ မိ– “အခြားသူများကိုသွန်သင်ရန် အရည်အချင်းပြည့်မီ၍ အသင့်ပြင်ဆင်ခံရ။” (အပိုဒ် ၇-၉) ၁၉၉၅ နှစ်ချုပ်စာအုပ်စာမျက်နှာ ၄၅ ပါပြန်လည်ပတ်မှုပြုလုပ်ခြင်းအကြောင်း တွေ့ ကြုံမှုကိုပြောပြပါ၊ စိတ်ဝင်စားမှုပြသူတိုင်းထံ ပြန်သွားရန်အရေးကြီးကြောင်း အလေးထားတင်ပြပါ။ အပိုဒ် ၇-၈ ပါတင်ဆက်ပုံများကို အတွေ့အကြုံရှိကြေညာသူကို သရုပ်ပြစေပါ။ အစပိုင်းတွင် အခြားစာပေများကိုဝေငှထားသော်လည်း နောက်ဆုံးတွင် အသိပညာစာအုပ်နှင့်သင်အံမှုကျင်းပရန် ကျွန်ုပ်တို့ကြိုးစားအာရုံစိုက်သင့်သည်။ လာမည့်အပတ်အတွင်း ပြန်လည်ပတ်မှုများပြုလုပ်ရန် အချိန်တချို့ကိုဇယားဆွဲဖို့ အားလုံးကိုအားပေးပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် “သင့်ဝန်ထုပ်ဝန်ပိုးကို ယေဟောဝါထံတော်၌ အမြဲချထားလော့”။ ၁၉၉၆၊ ဧပြီ ၁၊ ကင်းမျှော်စင်စာမျက်နှာ ၂၇-၉ ကိုအခြေခံပြီး အားပေးဟောပြောပါ။
သီချင်း ၁၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၂၀ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– “လူအပေါင်းတို့သည် ကယ်တင်ခြင်းခံရမည်။” မေးဖြေရန်။ အလွှာအသီးသီးမှလူတို့၏နှစ်လိုဖွယ်တုံ့ ပြန်မှုကို မည်သို့ရရှိခဲ့ကြောင်းတင်ပြသောတွေ့ ကြုံမှုတချို့ အကျဉ်းချုပ်ပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
၂၀ မိ– အမူအကျင့်ကောင်းများဖြင့်သက်သေခံခြင်း။ အကြီးအကဲတစ်ဦးသည် ဤအကြောင်းကို လူငယ်များနှင့်အသက်ပါပါဆွေးနွေးပါ။ သူတို့သည် တွေ့ ကြုံမှုများကိုသုံးသပ်ပြီး ယင်းတို့က အမူအကျင့်တွင် စံပြဖြစ်ဖို့ လူငယ်တို့အားမည်သို့အားပေးသည်ကို ဆင်ခြင်သုံးသပ်ကြသည်။ ဖြောင့်မတ်သောအမူအကျင့်ကြောင့် သတိပြုမိသူများကို မည်သို့ နှစ်သက်ဖွယ်စွဲမှတ်သွားစေသည်ကိုရှင်းပြရန် ဒေသခံတွေ့ ကြုံမှုများပါဝင်စေပါ။ ဩဂုတ် ၁၅၊ ၁၉၈၈၊ ကင်းမျှော်စင်စာမျက်နှာ ၁၂-၁၈ တွင်သုံးသပ်ထားသည့်အဓိကအချက်များကို အခြေပြုသည့်မှတ်ချက်များဖြင့် ဆွေးနွေးခန်းကိုနိဂုံးချုပ်ပါ။
သီချင်း ၂၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၂၇ တွင် စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။
၁၀ မိ– မေးခွန်းသေတ္တာကို အတွင်းရေးမှူးသုံးသပ်ပါ။
၁၅ မိ– “ကျွန်ုပ်တို့ ‘နှုတ်ကပါဌ်တော်ကိုဟောပြော’။” မေးဖြေရန်။ ဘုရားသခင့်နှုတ်ကပါဌ်တော်၏တန်ဖိုးကို အဘယ်ကြောင့် အလွန်တန်ဖိုးထားလေးမြတ်ကြောင်း တင်ပြသည့်မှတ်ချက်အချို့ပါဝင်စေပါ။—မတ် ၂၂၊ ၁၉၈၄၊ နိုးလော့! [လိပ်] စာမျက်နှာ ၉-၁၁ ရှု။
၁၅ မိ– ဖေဖော်ဝါရီလတွင်ဝေငှမည့်စာပေကိုသုံးသပ်ပါ။ (၁) ဆွဲဆောင်မှုရှိသည့်အခန်းခေါင်းစဉ်များ၊ (၂) ရောင်စုံရုပ်ပုံများ၊ (၃) သွန်သင်ချက်လေးထောင့်ကွက်နှင့်ဇယားများ၊ (၄) လှုံ့ဆော်မှုဖြစ်စေသည့်ပုံနှိပ်မေးခွန်းများ ကဲ့သို့သောစာအုပ်၏စိတ်ဝင်စားဖွယ်လက္ခဏာများကိုညွှန်ပြပါ။ ယခင်စည်းဝေးအစီအစဉ်ကဲ့သို့ တင်ဆက်ရာတွင် ကောင်းမွန်စွာရွေးချယ်ထားသောကျမ်းချက်တစ်ချက် အသုံးပြုရန်အားပေးပါ။ တိုတုတ်သောတင်ဆက်ပုံတစ်ခု သို့မဟုတ် နှစ်ခုကိုသရုပ်ပြစေပါ။ ဤအပတ်အတွက်အသုံးပြုမည့်စာအုပ်များကို ထုတ်ယူထားကြဖို့ အားလုံးကိုသတိပေးပါ။
သီချင်း ၂၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်များ။