ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၉၇ စာ. ၂-၃
  • ဇွန်လအတွက် လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇွန်လအတွက် လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇွန် ၂ တွင်စမည့်အပတ်
  • ဇွန် ၉ တွင်စမည့်အပတ်
  • ဇွန် ၁၆ တွင်စမည့်အပတ်
  • ဇွန် ၂၃ တွင်စမည့်အပတ်
  • ဇွန် ၃၀ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၆/၉၇ စာ. ၂-၃

ဇွန်လအတွက် လုပ်ငန်းတော်စည်းဝေးများ

ဇွန် ၂ တွင်စမည့်အပတ်

သီချင်း ၁၈၁

၈ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှရွေးချယ်ထားသောကြေညာချက်များ။ တစ်နိုင်ငံလုံးနှင့် ဒေသခံအသင်းတော်၏ ဖေဖော်ဝါရီလ လယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းကို မှတ်ချက်ပေးပါ။

၁၅ မိ– “အစွမ်းကုန်ကြိုးစားအားထုတ်လော့။” မေးဖြေရန်။—ဧပြီ ၁၅၊ ၁၉၉၃ ကင်းမျှော်စင်၊ စာမျက်နှာ ၂၈-၃၀ ကိုလည်းရှု။

၂၂ မိ– “ဘုရားသခင့်ထံတော်မှအသိပညာက မေးခွန်းများစွာကိုဖြေကြားပေး။” ဆောင်းပါးကို လူငယ်တစ်ဦးအပါအဝင် ကြေညာသူနှစ်ဦး သို့မဟုတ် သုံးဦးနှင့် သဘာပတိဆွေးနွေးပါ။ အပိုဒ် ၁ ကိုမှတ်ချက်ပေးပြီး အသိပညာစာအုပ်သည် မေးခွန်းများကိုဖြေဆိုရန် ကျွန်ုပ်တို့ကိုကူညီပေးရာတွင် အဘယ်ကြောင့် အလွန်ထိရောက်ကြောင်းကို အလေးထားတင်ပြပါ။ လေ့ကျင့်နေပုံကို သရုပ်ပြပြီး တင်ဆက်မှုတစ်ခုစီပြီးနောက် တိုးတက်ရန်လိုအပ်သည်များကို အကြံပေးပါ။

သီချင်း ၂၀၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၉ တွင်စမည့်အပတ်

သီချင်း ၁၈၉

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။

၁၅ မိ– မိုးရာသီစလေပြီ။ ဟောပြောပြီး ပရိသတ်နှင့်ဆွေးနွေးရန်။ ဤမိုးလများအတွင်း ကျွန်ုပ်တို့၏လုပ်ငန်းများအတွက် ကြိုတင်၍ယခု စီစဉ်ထားရမည်။ သီအိုကရက်တစ်လုပ်ငန်းများကို မလစ်ဟင်းစေရန် ကျွန်ုပ်တို့ မည်သို့စနစ်တကျစီမံထားနိုင်သနည်း။ အောက်ပါတို့ကိုဆွေးနွေးပါ– (၁) အိမ်တွင်ရှိသည်ဖြစ်စေ၊ အဝေးတွင်ရောက်နေသည်ဖြစ်စေ အစည်းအဝေးများမှန်မှန်တက်ရောက်ခြင်းကို ဆက်ထိန်းထားပါ။ (၂) ဓမ္မအမှုတွင် မှန်မှန်ပါဝင်ရန်စီစဉ်ပါ၊ အိမ်မှဝေးရာသို့ရောက်နေပါက အသင်းတော်သို့ လယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းကို ပို့ပေးပါ။ (၃) ခရီးသွားစဉ် အလွတ်သဘောသက်သေခံရန် စာပေအလုံအလောက်ကို တစ်ပါးတည်းယူသွားပါ။ (၄) မိုးမရွာသည့်ရက်များတွင် ညနေပိုင်းသက်သေခံခြင်းကို ပို၍လုပ်ဆောင်ပါ။ (၅) ရာသီဥတုနှင့် အခြေအနေကခွင့်ပြုမည်ဆိုလျှင် အရန်ရှေ့ဆောင်အဖြစ်စာရင်းသွင်းပါ။ (၆) အကြီးအကဲများသည် အသင်းတော်လုပ်ငန်းများကို စနစ်တကျစီမံထားပြီး တစ်ဦးဦး တာဝန်ပျက်ကွက်သည့်အခါ ဖြည့်စွက်ရန် အသေအချာပြုလုပ်ထားပါ။

၂၀ မိ– အခြားသူများကိုသင်ကြားပေးခြင်း—အရေးတကြီးလိုအပ်။ အကြီးအကဲတစ်ဦးဟောရန်။ ၁၉၉၇ ခုနှစ်နှစ်ချုပ်စာအုပ် စာမျက်နှာ ၃၃ ပါ ၁၉၉၆ ခုနှစ် ကမ္ဘာတစ်ဝန်းလုပ်ငန်းတော်မှတ်တမ်းကို သုံးသပ်ပါ။ တွေ့နိုင်သည့်နေရာတိုင်းရှိလူတို့ကို သက်သေခံရန် အားသွန်ခွန်စိုက်ကြိုးစားခြင်းသည် အကျိုးဖြစ်ထွန်းနေသည်။ ယခုအခါ စာပေဝေငှခဲ့သည့်နေရာများသို့ပြန်သွားရန်နှင့် လူတို့အား သမ္မာတရားသင်ကြားပေးရန် အရေးတကြီးလိုအပ်သည်။ လူအများရှိသည့်နေရာများတွင် သူတို့ကိုတွေ့ဆုံရသည့်အခါ ပြန်လည်ပတ်နိုင်ရန် လိမ္မာပါးနပ်စွာဖြင့် သူတို့၏အမည်နှင့်လိပ်စာကို တောင်းပါ။ နိုင်ငံတော်မျိုးစေ့ကို စိုက်ပျိုးရုံမျှမက ပိုမိုလုပ်ဆောင်ရန်လိုသည်; ရေလည်းလောင်းပေးရမည်။ (၁ ကော. ၃:၆-၈) မြေကောင်းတွင် အစေ့ကိုကြဲသောအခါ ထိရောက်သောသွန်သင်ချက်သည် ထိုသူအား ယင်း၏အနက်ကိုနားလည်ရန် ထောက်ကူပေးနိုင်သည်။ (မ. ၁၃:၂၃) ကျွန်ုပ်တို့သည် သွန်သင်ပေးခြင်းလုပ်ငန်းတွင် အတတ်နိုင်ဆုံး ပြည့်ပြည့်ဝဝနှင့် ကျွမ်းကျင်စွာပါဝင်သွားသင့်သည်။ (ဟေဗြဲ ၅:၁၂က) ဇွန်လ ၁၉၉၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်၊ အပိုဒ် ၂၅-၆ မှအချက်များကိုပါဝင်စေပါ။ တောင်းဆိုဘရိုရှာ သို့မဟုတ် အသိပညာစာအုပ်ဖြင့် သင်အံမှုများကြိုးစားစတင်ကြဖို့ အလေးထားတင်ပြပါ။

သီချင်း ၂၀၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၁၆ တွင်စမည့်အပတ်

သီချင်း ၁၉၂

၁၀ မိ– ဒေသကြေညာချက်များ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ အချက်ကောင်းများကို အကြံပြုပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– သင့်ဘာသာ မှန်သည်၊ မှားသည်ကို ခွဲခြားသိရှိခြင်း။ ဒီဇင်ဘာ ၂၂၊ ၁၉၈၉၊ နိုးလော့! [လိပ်] စာမျက်နှာ ၁၈ ကို အခြေပြုပြီး အရည်အချင်းရှိကြေညာသူနှစ်ဦး သို့မဟုတ် သုံးဦးတို့နှင့်အတူ အကြီးအကဲတစ်ဦး ဦးဆောင်ဆွေးနွေးပါ။ စိတ်ရင်းမှန်ရှိသူများစွာတို့သည် အကြိမ်ကြိမ်လည်ပတ်ခံရကြသည်မှာထင်ရှားသည်။ သို့သော်လည်း သူတို့သည် ကျမ်းစာသင်အံမှုကို မည်သည့်အခါမျှလက်မခံကြပါ။ သူတို့အား တိကျမှန်ကန်သောအသိပညာနှင့်အညီ လုပ်ဆောင်ဖို့လိုအပ်ရာကိုသိရှိစေရန် ဤနိုးလော့! ဆောင်းပါးပါ အချက်များကို မည်သို့အသုံးပြုနိုင်ကြောင်းဆွေးနွေးပါ။ အသိပညာစာအုပ် အခန်း ၅ ပါ “မည်သူ၏ကိုးကွယ်မှုကို ဘုရားသခင်နှစ်သက်တော်မူသနည်း” မှအရေးကြီးသည့်အချက်များကို ညွှန်ပြပါ။ အပိုဒ် ၂၀ ကိုဖတ်ပါ။ သင်အံမှုကိုလက်ခံရန်နှင့် စည်းဝေးများတက်ရန် ကြင်နာစွာနှင့် လိမ္မာပါးနပ်စွာဖြင့် အားပေးတိုက်တွန်းဖို့ ထိုသို့သောသူများထံ လည်ပတ်နိုင်သည်။

သီချင်း ၂၀၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၂၃ တွင်စမည့်အပတ်

သီချင်း ၁၉၃

၁၀ မိ– ဒေသကြေညာချက်များ။ ဇူလိုင် ၁၉ ရက်အတွက် အထူးလယ်ကွင်းလုပ်ငန်းတော်အစီအစဉ်ကို ဖော်ပြပါ။

၁၅ မိ– ကျွန်ုပ်တို့အကြောင်း သူတို့ဘာပြောနေကြသနည်း။ ကင်းမျှော်စင်စာပေအညွှန်း ၁၉၈၆-၁၉၉၅၊ စာမျက်နှာ ၃၄၁-၃ [လိပ်] ပါအကြောင်းအရာအပေါ် အခြေပြုပြီးဟောပါ။ ယေဟောဝါသက်သေများ—ကျွန်ုပ်တို့၏အကျင့်အကြံနှင့် ကျွန်ုပ်တို့၏လုပ်ငန်းအကြောင်း ထင်ရှားသည့် “အခြားသူများ၏ဖွင့်ဟချက်များ” ကိုရွေးပါ။ ကျွန်ုပ်တို့တွင် တွေ့ မြင်ရသည့်အရာများက အခြားသူများအတွက် မည်သို့နှစ်သက်စွဲမှတ်စရာဖြစ်စေနိုင်ပုံကို တင်ပြပါ။ ယင်းက ကျွန်ုပ်တို့ကိုယ်တိုင် အစဉ်လျောက်ပတ်စွာကျင့်ကြံနေရန်နှင့် ကျွန်ုပ်တို့၏လုပ်ငန်းကို မဆုတ်မနစ်သောဇွဲဖြင့်လုပ်ဆောင်နေရန် လှုံ့ဆော်ပေးသည်။ ကျွန်ုပ်တို့အကြောင်းပိုမိုသိလိုသည့် အသိအကျွမ်းများနှင့် စိတ်ဝင်စားသူများကို စကားပြောသည့်အခါ ထိုသို့သောနှစ်လိုဖွယ်အချက်များကို မည်သို့အသုံးပြုနိုင်ကြောင်း ညွှန်ပြပါ။

၂၀ မိ– “မိဘတို့—သင်တို့၏ကလေးများကို ဟောပြောရန် လေ့ကျင့်ပေးကြ။” မေးဖြေရန်။ ကျွန်ုပ်တို့ဓမ္မအမှုစာအုပ် စာမျက်နှာ ၁၀၀-၁၀၁ ရှိ “လူငယ်များကို ကူညီခြင်း” ခေါင်းစဉ်ငယ်အောက်တွင်ပါသည့် ညွှန်ကြားချက်ကိုပါဝင်စေပါ။

သီချင်း ၂၁၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၃၀ တွင်စမည့်အပတ်

သီချင်း ၁၉၇

၁၀ မိ– ဒေသကြေညာချက်များ။ ဇွန်လအတွက် လယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းများပေးကြဖို့ အားလုံးကိုသတိပေးပါ။

၂၀ မိ– “လူငယ်တို့—သင်တို့၏ဝိညာဏပန်းတိုင်များကား အဘယ်နည်း။” ဤဆောင်းပါးကို ဖခင်ဖြစ်သူနှစ်ယောက် အတူဆွေးနွေးပါ။ စည်းစိမ်ချမ်းသာနောက်လိုက်မည့်အစား ဝိညာဏကောင်းချီးများခံစားရမည့် သီအိုကရက်တစ်ပန်းတိုင်များထားခြင်းသည် အဘယ်ကြောင့်အရေးကြီးကြောင်း နားလည်သဘောပေါက်ရန် မိမိတို့၏ကလေးများအား ကူညီပေးနိုင်ပုံကို သူတို့သုံးသပ်ကြသည်။—ကျွန်ုပ်တို့၏ဓမ္မအမှုစာအုပ် စာမျက်နှာ ၁၁၆-၁၈ ကိုလည်းရှု။

၁၅ မိ– ဇူလိုင်လတွင်ဝေငှမည့်စာပေအတွက် ပြင်ဆင်ခြင်း။ ဒေသခံရပ်ကွက်တွင် စိတ်ဝင်စားမှုကိုနှိုးဆွပေးသည့် ဘရိုရှာတစ်စောင် သို့မဟုတ် နှစ်စောင်ကိုရွေးကာ တစ်စောင်စီတွင်ပါရှိသည့် ထူးခြားပေါ်လွင်သည့်အချက်တချို့ကို သုံးသပ်ပါ။ ယင်းတို့ကို တင်ဆက်မှုတစ်ခုအဖြစ် ထည့်သွင်းအသုံးပြုနိုင်သည့်နည်းများကို အကြံပြုပါ။ ဝေငှခဲ့သည့်စာပေများကို မှတ်တမ်းထားရန်နှင့် ပြန်လည်ပတ်ပြီး စိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ပေးရန် အားလုံးကိုသတိပေးပါ။

သီချင်း ၁၀၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ