မတ်အတွက်လုပ်ငန်းတော်စည်းဝေးများ
မတ် ၂ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။
၁၅ မိ– “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ ပြုကြလော့။” အကြီးအကဲတစ်ဦးဟောရန်။ သတိရအောက်မေ့ပွဲတက်ရောက်ခြင်း၏ အရေးကြီးမှုကိုအလေးထားလျက် ကျွန်ုပ်တို့၏ဓမ္မအမှုစာအုပ်စာမျက်နှာ ၈၁-၂ ကိုမှတ်ချက်တိုပေးပါ။
၂၂ မိ– “အခြားသူများတွင် ထာဝရအသက်မျှော်လင့်ချက်ကိုသွင်းပေးပါ။” ဆောင်းပါးကို ပရိသတ်နှင့်ဆွေးနွေးပါ။ ဆက်လက်စကားပြောဆိုရန် မေးခွန်းများကို မည်သို့ထိရောက်စွာအသုံးပြုနိုင်ကြောင်း တိုတိုတုတ်တုတ်ရှင်းပြပါ။ တင်ဆက်ပြောဆိုရာတွင် အသုံးပြုနိုင်သည့် ထိန်းကျောင်းနှင့် သဘောထားမေးခွန်းနှစ်ခုစလုံးနှင့်စပ်လျဉ်း၍ ဥပမာအချို့ပေးပါ။ (ကျောင်းလမ်းညွှန်စာအုပ်၊ စာမျက်နှာ ၄၉၊ အပိုဒ် ၁၀-၁၂ ရှု။) ကျမ်းစာသင်အံမှုစသည့်ပြန်လည်ပတ်မှုနှင့်တကွ အကြံပြုထားသော ဦးဆုံးအကြိမ်တင်ဆက်ပြောဆိုမှုများမှတစ်ခုကို အရည်အချင်းရှိကြေညာသူတစ်ဦးအား သရုပ်ပြစေပါ။
သီချင်း ၈၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၉ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၅ မိ– ၁၉၉၈ နှစ်ချုပ်စာအုပ် [လိပ်] မှအကျိုးအပြည့်အဝရယူပါ။ ဖခင်သည် လွန်ခဲ့သည့်နှစ်က ကမ္ဘာချီသီအိုကရက်တစ် ပြီးမြောက်အောင်မြင်မှုများကိုဖော်ပြကာ မိသားစုနှင့် စာမျက်နှာ ၃-၆၊ ၃၁ ကိုသုံးသပ်ပါ။ အစာစားချိန်တွင် နေ့စဉ်ကျမ်းချက်နှင့် နှစ်ချုပ်စာအုပ်၏အပိုင်းများကို အတူဖတ်ရှုဆွေးနွေးခြင်းမှ မိသားစုခံစားရသည့်အကျိုးများကို သုံးသပ်ကာ တစ်နှစ်လုံး ထိုသို့လုပ်ဆောင်သွားရန် သန္နိဋ္ဌာန်ချပါ။ သို့မဟုတ် ဒေသလိုအပ်ရာများ။
၂၂ မိ– “ကျွန်ုပ်တို့ထပ်မံလုပ်ဆောင်ကြမည်လော။” (အပိုဒ် ၁-၁၁) မေးဖြေရန်။ ၁၉၉၈ နှစ်ချုပ်စာအုပ်တွင် မှတ်တမ်းတင်ထားသည့်အတိုင်း အရန်ရှေ့ဆောင်ကြရန် လွန်ခဲ့သောနှစ်၏ နွေဦးရာသီကင်ပိန်းနှင့်စပ်လျဉ်းသည့် ပေါ်လွင်ချက်များကိုပြောပြပါ။ ထိုအချိန်အတွင်း ဒေသန္တရအလိုက် အရန်ရှေ့ဆောင်ခဲ့ကြသည့်အရေအတွက်ကို ဖော်ပြပါ။ ရှေ့ဆောင်ခြင်းမှ တစ်ဦးစီတိုက်ရိုက်ခံစားရသည့် အကျိုးများကိုဆွေးနွေးကာ ဤသို့အထူးကြိုးစားအားထုတ်မှုက အသင်းတော်အားမည်သို့တိုးတက်မှုဖြစ်စေသည်ကို တင်ပြပါ။ ရှေ့ဆောင်နိုင်ရန် နောက်ထပ်အကူအညီပေးဖို့ ဧပြီနှင့်မေလတွင် ဒေသန္တရအလိုက်စီစဉ်ထားသည့် လုပ်ငန်းတော်အစီအစဉ်များကို ဖော်ပြပါ။ ကြေညာသူများသည် အစည်းအဝေးပြီးသောအခါ လျှောက်လွှာများရယူထားနိုင်သည်။
သီချင်း ၁၉၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၁၆ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။ မတ် ၂၃ ရက်တွင် အထူးဟောပြောချက်ကို တက်ရောက်ရန် စိတ်ဝင်စားသူအားလုံးကို ဖိတ်ခေါ်ပါ။ ဟောပြောချက်ခေါင်းစဉ်မှာ “ကျမ်းစာကို သင်အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်” ဖြစ်သည်။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၂ မိ– “ကျွန်ုပ်တို့ထပ်မံလုပ်ဆောင်ကြမည်လော။” (အပိုဒ် ၁၂-၁၉) မေးဖြေရန်။ ကျွန်ုပ်တို့၏ဓမ္မအမှုစာအုပ်၊ စာမျက်နှာ ၁၁၃-၁၄ တွင်ဖော်ပြထားသည့်အရည်အချင်းများကို သုံးသပ်ပါ။ အရန်ရှေ့ဆောင်ခြင်းက လူတစ်ဦးအား မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက်ပြင်ဆင်ပေးပုံကို ရှင်းပြပါ။ နာရီ ၆၀ တောင်းဆိုချက်ကိုပြည့်မီရန် သူတို့၏အချိန်ဇယားကိုမည်သို့စီစဉ်ရေးဆွဲခဲ့ကြောင်းပြောပြရန် လွန်ခဲ့သည့်နွေဦးရာသီတွင် အရန်ရှေ့ဆောင်ခဲ့သူအချို့ကို ဖိတ်ခေါ်ပါ။ ကြားညှပ်စာရွက်၏နောက်ဆုံးစာမျက်နှာရှိ မည်သည့်နမူနာအချိန်ဇယားသည် သူတို့အတွက် အကောင်းဆုံးဖြစ်သနည်း။ အချိန်ရသရွေ့ ၁၉၈၇ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၄၈-၉၊ ၂၄၅-၆ ပါတွေ့ ကြုံမှုများကို ပြောပြပါ။ အစည်းအဝေးပြီးသောအခါ လျှောက်လွှာများရယူထားကြရန် ကြေညာသူများကိုအားပေးပါ။
သီချင်း ၂၂၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၂၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စိတ်ဝင်စားသူများအား ဧပြီ ၁၁ ရက်တွင် သတိရအောက်မေ့ပွဲတက်ရောက်ရန် စဖိတ်ခေါ်ကြဖို့ အားလုံးကိုနှိုးဆော်ပါ။ ဖိတ်စာတစ်စောင်ကိုပြပြီး အလုံအလောက်ရယူထားကြရန်နှင့် ယင်းတို့ကို ဤအပတ်တွင်စဝေကြရန် အားလုံးကိုဆော်သြပါ။ ဧပြီတွင် အရန်ရှေ့ဆောင်ကြမည့်သူအားလုံး၏အမည်များကို ကြေညာပါ။ လျှောက်လွှာတင်ရန် နောက်မကျလွန်းသေးကြောင်း ရှင်းပြပါ။ ဧပြီလအတွက်ရေးဆွဲထားသည့် လုပ်ငန်းတော်စည်းဝေးများ၏အချိန်ဇယားတစ်ခုလုံးကို ပြောပြပါ။
၂၀ မိ– လယ်ကွင်းလုပ်ငန်းတော်အတွက် လူသစ်များကိုပြင်ဆင်ပေးပါ။ ဟော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ အသိပညာစာအုပ်ဖြင့် သင်အံမှုကျင်းပနေသောသူများသည် လယ်ကွင်းလုပ်ငန်းတော်တွင်ပါဝင်ရန် မိမိတို့၏သင်သားအားပြင်ဆင်ပေးခြင်းကို သုံးသပ်သင့်သည်။ အသိပညာစာအုပ်၊ စာမျက်နှာ ၁၀၅-၆၊ အပိုဒ် ၁၄ နှင့်စာမျက်နှာ ၁၇၉၊ အပိုဒ် ၂၀ တွင်ဖော်ပြထားသည့်အချက်များကိုညွှန်ပြပါ။ လူသစ်များသည် နှစ်ခြင်းမခံရသေးသောကြေညာသူများအဖြစ် အသိအမှတ်ပြုခံလာရရန်အတွက် နိုဝင်ဘာ ၁၅၊ ၁၉၈၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆-၁၇၊ အပိုဒ် ၇-၁၀ ရှိလုပ်ထုံးလုပ်နည်းများကို သုံးသပ်ပါ။ နှစ်ခြင်းမခံရသေးသောကြေညာသူလူသစ်များအား လုပ်ငန်းတော်တွင်စပါဝင်ရန် ကူညီပေးဖို့အတွက် ဇွန် ၁၉၉၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်၊ အပိုဒ် ၁၉ ရှိအကြံပြုချက်များကိုသုံးသပ်ပါ။
၁၅ မိ– မေးခွန်းသေတ္တာ။ မေးဖြေရန်။ ကျွန်ုပ်တို့၏ဓမ္မအမှုစာအုပ်၊ စာမျက်နှာ ၁၃၁၊ အပိုဒ် ၁ နှင့် ၂ ရှိအကြောင်းအရာကို အကြီးအကဲသုံးသပ်ပါ။
သီချင်း ၄၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၃၀ တွင်စမည့်အပတ်
၁၂ မိ– ဒေသကြေညာချက်များ။ မတ်လ လယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းများပေးရန် အားလုံးကိုသတိပေးပါ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများကိုပြပြီး ယင်းတို့ကိုဝေငှသောအခါ မည်သည့်ဆောင်းပါးများကို ပေါ်လွင်စေနိုင်ကြောင်း အကြံပြုကာ တိတိကျကျပြောဆိုတင်ပြနိုင်သည့်အချက်အချို့ကို ဖော်ပြပါ။ “သတိရအောက်မေ့ပွဲ နှိုးဆော်ချက်များ” ကိုသုံးသပ်ပြီး ဒေသခံသတိရအောက်မေ့ပွဲအစီအစဉ်များကို ဖော်ပြပါ။ အားလုံးသည် ကျမ်းစာသင်သားများနှင့် အခြားစိတ်ဝင်စားသူများအား တက်ရောက်ရန်ကူညီပေးဖို့ နောက်ဆုံးအစီအစဉ်များပြုလုပ်သင့်သည်။ ကျမ်းစာကိုနေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှုခြင်းတွင် ဖော်ပြထားသည့်အတိုင်း ဧပြီ ၆-၁၁ အတွက်စီစဉ်ထားသည့် သတိရအောက်မေ့ပွဲ ကျမ်းစာဖတ်ရှုခြင်းကို အသေအချာလိုက်နာကြဖို့ အားလုံးကိုသတိပေးပါ။
၁၃ မိ– “ကလေးသူငယ်တို့—သင်တို့သည် ကျွန်ုပ်တို့၏ရွှင်လန်းရာဖြစ်!” မေးဖြေရန်။ ဩဂုတ် ၁၊ ၁၉၈၈၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၃ မှတွေ့ ကြုံမှုကိုပြောပြပါ။
၂၀ မိ– ဝိညာဉ်ရေးဘက်မောပန်းခြင်းကို တွန်းလှန်ရန်နည်းလမ်းများ။ ဇန်နဝါရီ ၁၅၊ ၁၉၈၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၁ ရှိလေးထောင့်ကွက်ကို အကြီးအကဲနှစ်ဦးဆွေးနွေးပါ။ “မောပန်းခြင်းလက္ခဏာများ” တစ်ခုစီအတွက် လူတစ်ဦးသည် ဆိုင်ရာ “ခံနိုင်ရည်စွမ်းအတွက် ထောက်ကူသောနည်းလမ်းများ” မှမည်သို့အကျိုးခံစားရနိုင်ကြောင်း ကျမ်းစာဖြင့်ရှင်းပြပါ။ ထို့နောက် ဝိညာဏခွန်အားကို ထိန်းသိမ်းထားရန် မိမိတို့အားကူညီပေးခဲ့သည့် ထိုသို့သောအချက်များ၏သက်ဆိုင်ပုံကို တင်ပြပြောဆိုသည့်ကြေညာသူနှစ်ဦးအား လူတွေ့မေးမြန်းပါ။ သို့မဟုတ် အရန်ရှေ့ဆောင်ကြရန် အားလုံးကိုအားပေးခြင်းဖြင့် ဦးစီးကြီးကြပ်မှူးဟောရန်။
သီချင်း ၁၄၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။