ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၉၉ စာ. ၂
  • အောက်တိုဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အောက်တိုဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • အောက်တိုဘာ ၄ တွင်စမည့်အပတ်
  • အောက်တိုဘာ ၁၁ တွင်စမည့်အပတ်
  • အောက်တိုဘာ ၁၈ တွင်စမည့်အပတ်
  • အောက်တိုဘာ ၂၅ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၁၀/၉၉ စာ. ၂

အောက်တိုဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

အောက်တိုဘာ ၄ တွင်စမည့်အပတ်

သီချင်း ၁၄၇

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။

၁၇ မိ– “ဘုရားသခင့်ပရောဖက်ပြုချက်စကား အားလုံးပြည့်စုံလာမည်။” အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

၁၈ မိ– မဂ္ဂဇင်းများကို အာရုံစိုက်ပါ! ယခင်လက အသင်းတော်ဝေငှခဲ့သည့် မဂ္ဂဇင်းအရေအတွက်စုစုပေါင်းကို ဖော်ပြပါ။ ယင်းကို အသင်းမထံမှရရှိသည့်အရေအတွက်နှင့် မည်သို့နှိုင်းယှဉ်သနည်း။ များစွာကွာခြားနေလျှင် ဘာလုပ်ဖို့လိုသနည်း။ အောက်ပါအချက်များနှင့်စပ်လျဉ်း၍မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ– (၁) ကြေညာသူတစ်ဦးစီသည် အလုံအလောက်မှာယူသင့်သော်လည်း လိုသလောက်သာမှာယူသင့်သည်။ (၂) စနေနေ့တိုင်းကို မဂ္ဂဇင်းနေ့အဖြစ်ယူမှတ်ပါ။ (၃) လစဉ်မဂ္ဂဇင်းလုပ်ငန်းအချို့ကိုပါဝင်စေရန် သင့်ကိုယ်ပိုင်လုပ်ငန်းတော်ဇယားကိုစီစဉ်ပါ။ (၄) စကားစမြည်ပြောဆိုမှုစတင်ရန် မဂ္ဂဇင်းများကိုသုံး၍ အလွတ်သဘောသက်သေခံခြင်းကို ပိုမိုလုပ်ဆောင်ရန်စီစဉ်ပါ။ (၅) စီးပွားရေးသမားများနှင့် အတတ်ပညာရှင်များအား စိတ်အဝင်စားဆုံးဖြစ်စေနိုင်မည့် အထူးဆောင်းပါးများကိုရယူထားပါ။ (၆) ဝေငှရသည့်စာပေများနှင့်ပတ်သက်၍ တိကျသောမှတ်တမ်းတစ်ခုထားပြီး မဂ္ဂဇင်းလမ်းကြောင်းကို တည်ဆောက်ကာ နောက်ဆုံးထုတ်များနှင့် မှန်မှန်ပြန်သွားပါ။ (၇) မည်သည့်မဂ္ဂဇင်းအဟောင်းများကိုမဆို စုပုံမနေစေရန် ကောင်းစွာအသုံးချပါ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများကိုပြ၍ စိတ်ဝင်စားမှုကိုနှိုးဆွပေးနိုင်မည့်ဆောင်းပါးများကို ညွှန်ပြပါ။ လူကြီးတစ်ဦးနှင့် လူငယ်တစ်ဦးအား တိုတုတ်သည့်မဂ္ဂဇင်းတင်ဆက်ပုံတစ်ခုစီကို သရုပ်ပြစေပါ။—စက်တင်ဘာ ၁၉၉၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်ကိုရှု။

သီချင်း ၁၀၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

အောက်တိုဘာ ၁၁ တွင်စမည့်အပတ်

သီချင်း ၁၉၄

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “အစည်းအဝေးများမှ ရွှင်လန်းမှုပိုမိုရရှိနိုင်ပုံ။” မေးဖြေဆွေးနွေးရန်။ အစည်းအဝေးများတွင် တစ်ဦးကိုတစ်ဦးထောက်ထားစာနာမှုပြကာ အားပေးနိုင်ပုံနှင့်စပ်လျဉ်း၍ သတ်သတ်မှတ်မှတ်နမူနာများကို ကိုးကားဖော်ပြပါ။ မိမိတို့၏ကိုယ်ပိုင်တွေ့ကြုံမှုများမှ နမူနာများကိုပြောပြရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

သီချင်း ၁၅၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

အောက်တိုဘာ ၁၈ တွင်စမည့်အပတ်

သီချင်း ၁၉၆

၁၀ မိ– ဒေသကြေညာချက်များနှင့် လယ်ကွင်းလုပ်ငန်းတွေ့ ကြုံမှုများ။

၁၃ မိ– “သင်ပြောင်းရွှေ့မည်လော။” အတွင်းရေးမှူး အားပေးဟောပြောရန်။ ကြေညာသူများသည် အခြားအသင်းတော်သို့ပြောင်းရွှေ့ဖို့လိုကြောင်း တွေ့ရှိသောအခါ မည်သည့်ဝိညာဏအဟန့်အတားများကိုမဆို ရှောင်ကြဉ်ရန် သူတို့၏ဝန်းကျင်အသစ်တွင် ကောင်းစွာအခြေကျရန်အရေးကြီး၏။ ထိုသို့သောအစီအစဉ်များနှင့်စပ်လျဉ်း၍ အကြီးအကဲများကိုအသိပေးရန်လိုအပ်ပုံနှင့် အသင်းတော်သစ်ကိုဆက်သွယ်ရာတွင် ၎င်းတို့၏အကူအညီကိုတောင်းခံရန် အလေးပေးတင်ပြပါ။

၂၂ မိ– “ဂျူးတစ်ဦးကိုသင်မည်သို့ပြောမည်နည်း။” မေးဖြေရန်။ ဂျူးဘာသာ၏ အများသဘောကျယုံကြည်ချက်လိုက်သည့်ဂိုဏ်း၊ ပြုပြင်ပြောင်းလဲရေးဂိုဏ်းနှင့် မူဟောင်းလိုက်သည့်ဂိုဏ်းတို့စပ်ကြား ခြားနားချက်များကိုရှင်းပြပါ။ (ဘုရားသခင်ကို လူသားများရှာပုံတော်၊ စာမျက်နှာ ၂၂၆-၇ [လိပ်] ရှု။) ဂျူးတစ်ဦးနှင့် နှစ်ဦးနှစ်ဖက်သဘောတူအခြေချနိုင်မည့် ကဏ္ဍများကိုထောက်ပြပါ။ ကောင်းစွာပြင်ဆင်ထားသည့် တင်ဆက်မှုတစ်ခုကို သရုပ်ပြပါ။ ဂျူးဘာသာနှင့်ဆိုင်သည့် ထပ်ဆင့်အချက်အလက်များအတွက် ဖေဖော်ဝါရီ ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်; ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၂၂-၃; နှင့် ဘုရားသခင်ကို လူသားများရှာပုံတော်၊ အခန်း ၉ [လိပ်] ကိုရှုပါ။

သီချင်း ၁၄၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

အောက်တိုဘာ ၂၅ တွင်စမည့်အပတ်

သီချင်း ၁၇၉

၁၅ မိ– ဒေသကြေညာချက်များ။ နိုဝင်ဘာအတွင်း တောင်းဆိုဘရိုရှာ သို့မဟုတ် အသိပညာစာအုပ်ကိုဝေငှရန်ပြင်ဆင်ကြဖို့ အားလုံးကိုကူညီပေးပါ။ “ဆုတောင်းချက်များကို ဘုရားသခင်နားညောင်းတော်မူသလော” ဟူသည့်မေးခွန်းအပေါ်အာရုံစိုက်စေသည့် တင်ဆက်မှုတစ်ခုကို မည်သို့ပြင်ဆင်နိုင်ကြောင်းရှင်းပြပါ။ ဘရိုရှာပါသင်ခန်းစာ ၇ သို့မဟုတ် စာအုပ်ပါအခန်း ၁၆၊ အပိုဒ် ၁၂-၁၄ ရှိအချက်များကိုအသုံးပြုပါ။ ကျမ်းချက်တစ်ချက်ပါဝင်သည့် တင်ဆက်နည်းရိုးရိုးကလေးတစ်ခုကို သရုပ်ပြပါ။

၁၅ မိ– ကျမ်းစာမေးခွန်းများအတွက် အဖြေရှာခြင်း။ ကျမ်းစာမေးခွန်းတစ်ခုမေးသည့် စိတ်ဝင်စားသူတစ်ဦးနှင့်တွေ့ခဲ့ရသော ကြေညာသူတစ်ဦးသည် ဓမ္မအမှုထမ်းတစ်ဦးထံချဉ်းကပ်သည်။ ဓမ္မအမှုထမ်းသည် အဖြေပေးမည့်အစား ယင်းကို မည်သို့ရှာဖွေနိုင်ကြောင်း ရှင်းပြသည်။ ဦးဆုံး၊ သူသည် ကျောင်းလမ်းညွှန်စာအုပ်၊ သင်ခန်းစာ ၇၊ အပိုဒ် ၈-၉ တွင်ပါသည့်အကြံပြုချက်များကို သုံးသပ်သည်။ ထို့နောက် ဒေသခံရပ်ကွက်တွင် များသောအားဖြင့်မေးတတ်ကြသည့် မေးခွန်းတစ်ခုကို အတူတကွ သုတေသနပြုရှာဖွေကြသည်။ သူတို့သည် အကြောင်းအရာနှင့်သက်ဆိုင်သည့် သတ်သတ်မှတ်မှတ်ရည်ညွှန်းချက်များကို ရှာဖွေလေ့လာပြီး ကျမ်းစာ၏အဖြေအတွက် အခြေခံအကြောင်းရင်းကိုရှင်းပြသည့် ယုံကြည်လက်ခံနိုင်လောက်သောအချက်များကို တွေ့ရှိကြသည်။ ကျမ်းစာမေးခွန်းများကို သုတေသနပြုရှာဖွေရန် ဤအကျိုးဖြစ်ထွန်းသောလေ့လာမှုမျိုးကိုပြုလုပ်ကြဖို့ ပရိသတ်ကိုအားပေးပါ။

၁၅ မိ– ကျွန်ုပ်တို့ချမှတ်မည့်ပန်းတိုင်များ။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ မတ် ၁၅၊ ၁၉၉၇၊ ကင်းမျှော်စင်စာမျက်နှာ ၁၁ ရှိလေးထောင့်ကွက်တွင်ဖော်ပြထားသည့် လက်တွေ့ကျသောပန်းတိုင်များကို သုံးသပ်ပါ။ အရန် သို့မဟုတ် မှန်မှန်ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်ရန်အားပေးချက်ကို ပါဝင်စေပါ။ ဤပန်းတိုင်များကိုလှမ်းယူခြင်းသည် ကျွန်ုပ်တို့တစ်ဦးစီအား မည်သို့အကျိုးရရှိစေနိုင်ကြောင်း ရှင်းပြပါ။ တစ်စုံတစ်ရာသောသီအိုကရက်တစ်ပန်းတိုင်များကို တက်လှမ်းနိုင်သောအခါ တွေ့ကြုံခံစားခဲ့ရသည့် ရွှင်လန်းမှုအချို့ကိုပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

သီချင်း ၁၅၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ