လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဇန်နဝါရီ ၁၀ အပတ်အတွက်ဇယား
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။
၁၅ မိ– “ယေဟောဝါ၏နာမတော်ကို မြေတစ်ပြင်လုံးတွင် ထင်ရှားစေခြင်း။” မေးဖြေဆွေးနွေးရန်။ ကျွန်ုပ်တို့၏ဓမ္မအမှု စာအုပ်၊ စာမျက်နှာ ၉၄-၅ မှအလွတ်သဘောသက်သေခံခြင်းနှင့်ဆိုင်သည့် မှတ်ချက်များပါဝင်စေပါ။
၂၀ မိ– ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သွေးမဲ့စီမံကုသမှုအတွက် ဥပဒေအရရွေးချယ်မှုပြုခြင်း။ (တမန်တော် ၁၅:၂၈၊ ၂၉) ဇန်နဝါရီ ၁၉၉၇ နေ့စွဲပါ အသင်းမ၏ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ခိုင်မာသောကိုယ်စားလှယ်လွှဲစာပုံစံနှင့် “အသင်းမ၏ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ခိုင်မာသောကိုယ်စားလှယ်လွှဲစာ (DPA) ပုံစံများနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်” ဟူ၍ခေါင်းစဉ်တပ်ထားသည့်စာတို့နှင့်ပူးတွဲပါ မေးဖြေလမ်းညွှန်ကိုအခြေခံ၍ အရည်အချင်းရှိအကြီးအကဲတစ်ဦးဟောရန်။ ဤအစည်းအဝေးပြီးနောက် နှစ်ခြင်းခံပြီးသောသက်သေခံများသည် ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ် အသစ်တစ်ခုစီရမည်ဖြစ်ပြီး နှစ်ခြင်းမခံရသေးသောကလေးများသည် စိစစ်ရေးကတ်ကို တစ်ခုစီရမည်ဖြစ်သည်။ ဤကတ်ပြားများကို ချက်ချင်းဖြည့်စွက်ရန်မဟုတ်ပါ။ အိမ်တွင်စေ့စပ်သေချာစွာဖြည့်သင့်သည်။ သို့သော် လက်မှတ်မထိုးပါနှင့်ဦး။ လိုအပ်သည့်အကူအညီကို စာအုပ်ကြီးသင်တန်းမှူးထံမှရရှိရန် ကတ်ပြားအားလုံးကို လက်မှတ်ထိုးခြင်း၊ သက်သေနှင့်နေ့စွဲတပ်ခြင်းတို့ကို နောက်ကျင်းပမည့် အသင်းတော်စာအုပ်ကြီးသင်တန်းပြီးသည့်အခါတွင် ပြုလုပ်ရပါမည်။ လက်မှတ်မထိုးမီ ကတ်ပြားများကို ပြည့်စုံစွာဖြည့်စွက်ရန် သေချာစေပါ။ သက်သေအဖြစ်လက်မှတ်ထိုးသူများသည် ကတ်ပြားကိုင်ဆောင်သူ ကတ်ပြားပေါ်လက်မှတ်ထိုးသည်ကို အမှန်တကယ်တွေ့ မြင်သင့်သည်။ ဤကတ်ပြားပါစကားများကို မိမိတို့အခြေအနေနှင့်ခံယူချက်များအရ ပြုပြင်ခြင်းအားဖြင့် နှစ်ခြင်းမခံရသေးသောကြေညာသူများသည် မိမိတို့အတွက်နှင့် မိမိတို့၏သားသမီးများအတွက် ကိုယ်ပိုင်ညွှန်ကြားချက်များကို ရေးချနိုင်ပေသည်။ အသင်းမသည် ခိုင်မာသောကိုယ်စားလှယ်လွှဲစာပုံစံကို ပြင်ဆင်ပေးထားပြီး ယင်းသည် အဓိကအားဖြင့် ဥပဒေအရကာကွယ်မှုပေးသည့် ပို၍ကျယ်ပြန့်ပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စာရွက်စာတမ်းတစ်ခုဖြစ်သည်။ ယင်းပုံစံကို မဖြည့်ရသေး၍ ဖြည့်ရန်ဆန္ဒရှိသောသက်သေခံများသည် အသင်းတော်အတွင်းရေးမှူးထံမှ တစ်စောင်ရယူနိုင်သည်။ ထို့အပြင် ခိုင်မာသောကိုယ်စားလှယ်လွှဲစာပုံစံတစ်ခုကို စီစဉ်ဖြည့်စွက်ပြီးပြီဆိုလျှင် ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်၏ရှေ့ဘက်တွင် ဖြစ်နိုင်လျှင် သင့်လက်ရေးဖြင့် “ကျွန်ုပ်သည် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိုယ်စားလှယ်လွှဲစာကိုလည်း စီစဉ်ဖြည့်စွက်ထားသည်” ဟူ၍ရေးသင့်သည်။ စာအုပ်ကြီးသင်တန်းမှူးများသည် မိမိတို့၏အုပ်စုတွင်တက်ရောက်သူအားလုံး ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်နှင့် ခိုင်မာသောကိုယ်စားလှယ်လွှဲစာပုံစံကို ဖြည့်စွက်ရန် လိုအပ်သည့်အကူအညီရဖို့ သေချာစေသင့်သည်။ အကောင်းဆုံးမှာ ဥပဒေအရအကာအကွယ်ရရန်အတွက် စာရွက် နှစ်ခုစလုံး ကို ဖြည့်သင့်သည်။
သီချင်း ၁၅၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၁၇ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “စကားစမြည်စတင်ပြောဆိုရန် ဝေစာများကိုအသုံးပြုပါ။” ရပ်ကွက်တွင်အသုံးများသော မည်သည့်ဝေစာလေးစောင်ကိုမဆို သုံးသပ်ပါ။ ဝေစာတစ်ခုစီတွင်အဖြေပေးထားသည့် မေးခွန်းတစ်ခုစီကိုမေးပါ။ စကားစမြည်စတင်ပြောဆိုရန်နှင့် ဖြစ်နိုင်လျှင် ကျမ်းစာသင်အံမှုသို့ဦးတည်ပေးဖို့ မေးခွန်းအသုံးပြုနိုင်ပုံကိုအကြံပြုကြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ ဝေစာများအနက်မှနှစ်ခုဖြင့် ယင်းကိုမည်သို့ပြုလုပ်နိုင်ကြောင်း သရုပ်ပြပါ။
သီချင်း ၅၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၂၄ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် လယ်ကွင်းလုပ်ငန်းတွေ့ ကြုံမှုများ။
၁၅ မိ– “ယေဟောဝါ၏နှုတ်ကပါဌ်တော်ကို နေ့စဉ် သုံးသပ်ပါ!” ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၀ ကိုကောင်းစွာအသုံးပြုရန် ယောက်တိုင်းကိုအားပေးပါ။ စာမျက်နှာ ၃-၄ ပါ ကျမ်းဦးစကားမှမှတ်ချက်များကို ပါဝင်စေပါ။ ကျမ်းချက်နှင့်မှတ်ချက်များကို နေ့စဉ်သုံးသပ်ရန် အထူးကြိုးစားအားထုတ်ကြပုံကိုပြောပြဖို့ ကြေညာသူများကိုဖိတ်ခေါ်ပါ။
၂၀ မိ– “ထိုနေရာတွင် သင် ရှိနေမည်လော။” အကြီးအကဲတစ်ဦး ဟောပြော၍ တွေ့ ကြုံမှုများတင်ပြရန်။ ကြီးမားသောစုဝေးမှုများသည် ကျမ်းစာခေတ်မှ ကျွန်ုပ်တို့၏ခေတ်အထိ ဘုရားသခင့်လူမျိုးကို ခွန်အားပေးရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည်။ (ကြွေးကြော်သူများ စာအုပ်၊ စာမျက်နှာ ၂၅၄၊ အပိုဒ် ၁-၃ [လိပ်] နှင့် ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၁၊ စာမျက်နှာ ၈၂၁၊ အပိုဒ် ၅ [လိပ်] ရှု။) ဤနှစ်ခရိုင်စည်းဝေးကြီးသုံးရက်စလုံးကိုတက်ရောက်ရန် ယခုမှစ၍ ပြင်ဆင်မှုများပြုလုပ်ကြဖို့ အားလုံးကိုတိုက်တွန်းပါ။ လွန်ခဲ့သည့်အချိန်က တက်ရောက်ရန် သူတို့၏ဝီရိယစိုက်ထုတ်မှုများသည် ဝိညာဉ်ရေးအရ ဆုချခံခဲ့ရကြောင်းကိုဖော်ပြသည့် တွေ့ ကြုံမှုများကိုပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
သီချင်း ၁၅၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၃၁ တွင်စမည့်အပတ်
၁၂ မိ– ဒေသကြေညာချက်များ။ ဇန်နဝါရီအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် အားလုံးကိုနှိုးဆော်ပါ။ ဖေဖော်ဝါရီတွင်ဝေငှရန်စာပေကိုဖော်ပြပါ– မိသားစုပျော်ရွှင်မှု စာအုပ်။ စကားစမြည်ပြောရာတွင် တစ်စုံတစ်ဦးကိုပါဝင်လာစေရန်အတွက် အခြေခံတစ်ခုအနေနှင့် စာအုပ်၏စာမျက်နှာ ၁၂ ရှိလေးထောင့်ကွက်ပါ မေးခွန်းသုံးခုကို မည်သို့အသုံးပြုနိုင်ကြောင်း သရုပ်ပြပါ။
၁၅ မိ– ‘မှတ်သားခြင်း’ နှင့်ပတ်သက်သည့် မေးခွန်း၏အဖြေ။ ဇူလိုင် ၁၅၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၉-၃၁ ကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောရန်။
၁၈ မိ– စစ်မှန်သောဘာသာကိုခွဲခြားသိရှိရန် အခြားသူများကို မည်သို့ကူညီပေးနိုင်။ လူတို့သည် ယေဟောဝါသက်သေများကို အထင်ကြီးလေးစားကြမည်ဖြစ်သော်လည်း အခြားဘာသာများနှင့် ကျွန်ုပ်တို့၏ဘာသာစပ်ကြား ကွာခြားချက်ကို ရှင်းလင်းစွာသဘောမပေါက်ကြပုံနှင့်စပ်လျဉ်း၍ အရည်အချင်းပြည့်မီသောဓမ္မအမှုထမ်းတစ်ဦးနှင့် အရည်အချင်းရှိကြေညာသူနှစ်ဦးသုံးဦး ဆွေးနွေးကြရန်။ မေ ၈၊ ၁၉၉၅၊ နိုးလော့! [လိပ်] ၏စာမျက်နှာ ၂၀ တွင်တင်ပြထားသည့် အချက် ၁၀ ချက်ကိုသုံးသပ်ပါ။ ဤအချက်များကိုသိထားခြင်းသည် စိတ်ရင်းမှန်သူတစ်ဦးအား မှန်သောဝတ်ပြုရေးနှင့် မှားယွင်းသောဝတ်ပြုရေး၏ကွာခြားချက်ကိုသာမက ယေဟောဝါ၏လူမျိုးထံမှသင်ယူရန်နှင့် ကျွန်ုပ်တို့နှင့်ပေါင်းသင်းရန်လိုအပ်ချက်ကိုပါသိမြင်ရန် မည်သို့ကူညီပေးနိုင်ကြောင်းကို ရှင်းပြပါ။
သီချင်း ၆၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၇ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။
၁၇ မိ– ဒံယေလ၏ပရောဖက်ပြုချက် စာအုပ်ကို သုံးသပ်ပါ။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ စာအုပ်အသစ် (အင်္ဂလိပ်) ၏ပေါ်လွင်ချက်များကို သုံးသပ်ပါ– ထိမိသောအခန်းခေါင်းစဉ်များ၊ ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ပုံများ၊ ဆွေးနွေးခန်းတစ်ခုစီ၏အဆုံးတွင် စစ်ဆေးမေးခွန်းများပါသည့် လေးထောင့်ကွက်များ၊ အသေးစိတ်အချက်အလက်များကိုရှင်းပြသည့် မြေပုံများနှင့်ဇယားကွက်များ။ မိက္ခေလသည် အထူးနည်းဖြင့် မည်သို့ “ရပ်တည်” မည်နှင့်စပ်လျဉ်း၍ အားရှိစေသောရှင်းလင်းချက်ကို သုံးသပ်ပါ (စာမျက်နှာ ၂၈၈-၉၀)။ ဘုရားသခင့်နှုတ်ကပါဌ်တော်သွန်သင်သူများအနေနှင့် ကျွန်ုပ်တို့၏ခံနိုင်ရည်ရှိခြင်းဆိုင်ရာအရေးကြီးမှုကို ဆွေးနွေးပါ (စာမျက်နှာ ၃၁၁-၁၂)။ ကျွန်ုပ်တို့အားလုံးသည် ဤစာအုပ်ကို ဂရုတစိုက်ဖတ်ကာ စိတ်ဝင်စားသူများအား ထိုသို့ပြုရန် အားပေးသင့်သည်။
၂၀ မိ– သူတို့သည် ပညာရှိရှိရွေးချယ်မှုပြုခဲ့ကြ။ အောက်တိုဘာ ၁၅၊ ၁၉၉၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၁၊ အပိုဒ် ၃-၁၆ ကိုအခြေခံ၍ဟောရန်။ မိမိတို့၏အသက်တာများကို အကျိုးအဖြစ်ထွန်းဆုံးသောနည်းဖြင့် အသုံးပြုခဲ့သည်ဟု အဘယ်ကြောင့်ခံစားရကြောင်းကိုဖော်ပြသည့် ရှေ့ဆောင်များ၏ဖွင့်ဟချက်များကို ပြောပြပါ။ မိမိတို့ကိုယ်တိုင်၏ ရှေ့ဆောင်ခြင်းအတွက်အလားအလာများကို တွက်ဆသုံးသပ်ကြရန် တက်ရောက်သူအားလုံးကို တိုက်တွန်းပါ။
သီချင်း ၁၈၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။