ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၁ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဩဂုတ် ၁၃ တွင်စမည့်အပတ်
  • ဩဂုတ် ၂၀ တွင်စမည့်အပတ်
  • ဩဂုတ် ၂၇ တွင်စမည့်အပတ်
  • စက်တင်ဘာ ၃ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နဓ ၈/၀၁ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဩဂုတ် ၁၃ တွင်စမည့်အပတ်

သီချင်း ၃၀

၁၃ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ ဩဂုတ် ၂၇ ရက်အပတ် လုပ်ငန်းတော်စည်းဝေးတွင် ဆွေးနွေးရန်အတွက်ပြင်ဆင်ရာ၌ လှုပ်ရှားနေသော ကမ္ဘာသစ်အဖွဲ့အစည်း ဗီဒီယိုခွေကိုကြည့်ရန် လူတိုင်းကိုအားပေးပါ။ “အထူးအစည်းအဝေးနေ့အစီအစဉ်သစ်” ကိုဆွေးနွေးပါ။ အစီအစဉ်တစ်ခုလုံးကို တက်ရောက်ကြရန် အားလုံးကိုတိုက်တွန်းပါ။ စိတ်ဝင်စားသူလူသစ်များနှင့် ကျမ်းစာသင်သားများကို ဖိတ်ခေါ်ကြရန် ကြေညာသူများကိုအားပေးပါ။

၁၇ မိ– “သင်ပိုမိုလုပ်ဆောင်လိုသလော။”a ကြုံတုန်းဆုံခိုက်သက်သေခံရာတွင် ပိုမိုလုပ်ဆောင်ခြင်းနှင့်ပတ်သက်သည့် အကြံပြုချက်များ ပါဝင်စေပါ။ ဇွန် ၁၅၊ ၁၉၉၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၆-၉ ကိုတိုတိုတုတ်တုတ်မှတ်ချက်ပေးပါ။

၁၅ မိ– “အားလပ်ချိန်ကို တော်မှန်သောနေရာတွင်ထားလော့။” စာအုပ်ကြီးသင်တန်းမှူးသည် သင်တန်းပြီးနောက် မောင်နှံတစ်စုံနှင့်စကားပြောသည်။ သူသည် အခုတလော လယ်ကွင်းလုပ်ငန်းတွင် သို့မဟုတ် စနေတနင်္ဂနွေစည်းဝေးများတွင် သူတို့ကိုမတွေ့မိကြောင်း ကြင်နာစွာဖြင့်ပြောသည်။ မောင်နှံစုံက မိမိတို့သည် အားလပ်ရက်အပန်းဖြေခြင်းနှင့် အခြားနွေရာသီလုပ်ဆောင်မှုများဖြင့် အလုပ်များနေကြကြောင်းရှင်းပြသည်။ အကြီးအကဲက ဝိညာဏရေးရာများသည် ပထမနေရာတွင်အမြဲရှိသင့်ကြောင်းသိမြင်ရန် မောင်နှံစုံကိုကူညီပေးဖို့ ဆောင်းပါးပါအဓိကအချက်များကို သုံးသပ်သည်။ သူတို့သည် သတိပေးချက်ကောင်းများအတွက် ကျေးဇူးတင်ကြောင်းပြောကြသည်။ သူတို့သည် နောင်တွင် ပိုဦးစားပေးရမည့်အရာများကို ချမှတ်ကြမည်ဟု သဘောတူကြသည်။—အောက်တိုဘာ ၁၊ ၂၀၀၀၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၀ ရှု။

သီချင်း ၆၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၂၀ တွင်စမည့်အပတ်

သီချင်း ၃၃

၈ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။

၁၅ မိ– “သင်တို့သည် ‘ပွဲဝင်သောသူ’ ဖြစ်ကြ၏!”b ယေဟောဝါသက်သေများ၏ အလုပ်အကိုင် သို့မဟုတ် အပြုအမူနှင့်ပတ်သက်၍ လူတို့ချီးမွမ်းကြသည့် ဒေသခံအဖြစ်အပျက်အချို့ကို ဖော်ပြပါ။—ကင်းမျှော်စင်၊ မတ် ၁၅၊ ၁၉၉၈၊ စာမျက်နှာ ၁၀ နှင့် ဇန်နဝါရီ ၁၅၊ ၁၉၉၉၊ စာမျက်နှာ ၃၂ ရှု။

၂၂ မိ– “အမူအကျင့်ကောင်းများ—ဘုရားတရားကိုင်းရှိုင်းသူများ၏စရိုက်တစ်ခု။” အကြီးအကဲသည် အပိုဒ် ၁-၅ ကို ငါးမိနစ်ဟောပြောချက်ဖြင့်ပေးသည်။ ထို့နောက် သူသည် ဆောင်းပါး၏ကျန်အပိုင်းကို အခြားအကြီးအကဲတစ်ဦး၊ ဓမ္မအမှုထမ်းတစ်ဦးနှင့် စင်မြင့်ပေါ်တွင်ဆွေးနွေးသည်။ သူတို့သည် အစည်းအဝေးများ၏တန်ဖိုးကိုလျော့စေပြီး ရရှိသည့်အကျိုးကျေးဇူးများကို ယုတ်လျော့စေနိုင်သည့် ထောက်ထားမှုကင်းမဲ့သောအကျင့်တချို့ကို အောင်မြင်နိုင်ပုံနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။ ကျွန်ုပ်တို့၏ တစ်ဦးနှင့်တစ်ဦးပေါင်းသင်းမှုသည် အခြားသူတို့၏အကျိုးကို မေတ္တာပါစွာစိတ်ဝင်စားမှုပြသည့်အခါ မည်သို့အားဖြင့် အမှန်အားရှိစရာဖြစ်စေကြောင်းကို ပေါ်လွင်စေကြသည်။—ဖိ. ၂:၄။

သီချင်း ၇၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၂၇ တွင်စမည့်အပတ်

သီချင်း ၄၀

၁၀ မိ– ဒေသကြေညာချက်များ။ ဩဂုတ်လအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စက်တင်ဘာလအတွင်း ဓမ္မအမှုတွင် (ရှိမည်ဆိုလျှင်) ဖန်ဆင်းခြင်း စာအုပ် သို့မဟုတ် မည်သည့်ဝေစာကိုမဆို မည်သို့ဝေငှနိုင်ကြောင်း အကြံပြုချက်တစ်ခုနှစ်ခုကို တိုတိုတုတ်တုတ်ဝေမျှပါ။—ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စက်တင်ဘာ ၁၉၉၆၊ စာမျက်နှာ ၈ နှင့် ဇွန် ၁၉၉၅၊ စာမျက်နှာ ၄ [လိပ်] ပါဥပမာများကိုရှု။

၁၀ မိ– ဒေသလိုအပ်ရာများ။

၂၅ မိ– “လှုပ်ရှားနေသော ကမ္ဘာသစ်အဖွဲ့အစည်း ၏သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ခြင်း။” ပရိသတ်နှင့်ဆွေးနွေး၍ လူတွေ့မေးမြန်းရန်။ ပေးထားသည့်မေးခွန်းများကို ဆွေးနွေးပြီးနောက် မူရင်းရုပ်ရှင်ကိုကြည့်ခဲ့ရသူ သို့မဟုတ် ၁၉၅၀ ပြည့်လွန်နှစ်များတွင် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများတက်ရောက်ခဲ့ရသူတစ်ဦးဦးကို လူတွေ့မေးမြန်းပါ။ ထိုဖြစ်ရပ်များနှင့်ပတ်သက်၍ သူတို့မှတ်မိသည့်အရာ၊ သူတို့အပေါ် ဝိညာဉ်ရေးအရ ထိထိမိမိအကျိုးသက်ရောက်မှုနှင့် ဤအဖွဲ့အစည်းသည် ယေဟောဝါ၏အဖွဲ့အစည်းဖြစ်သည်ဟူသော သူတို့၏ခံယူချက်တို့ကို ပြောပြစေပါ။ အောက်တိုဘာလတွင် မြင့်မြတ်သောသွန်သင်ခြင်းအားဖြင့် စည်းလုံးစေခြင်း ဗီဒီယိုခွေကို သုံးသပ်ပါမည်။ (ဗီဒီယိုခွေမရှိလျှင် လယ်ကွင်းလုပ်ငန်းနာရီများတိုးတက်ရန်၊ လစဉ် ၁၀ နာရီ သို့မဟုတ် ထိုထက်မကမှတ်တမ်းသွင်းရန် ကျေးဇူးပြု၍ ဟောပြောချက်တစ်ခုစီစဉ်ပါ။)

သီချင်း ၇၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၃ တွင်စမည့်အပတ်

သီချင်း ၈၀

၈ မိ– ဒေသကြေညာချက်များ။

၁၇ မိ– “ခရစ်ယာန်ပေါင်းသင်းမှုသည် မည်မျှအရေးကြီးသနည်း။”c ဇန်နဝါရီ ၁၅၊ ၁၉၉၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၂ ပါ “အသင်းတော်အားဖြင့်” ဟူသောခေါင်းစဉ်ငယ်အောက်ရှိ မှတ်ချက်များကိုပါဝင်စေပါ။

၂၀ မိ– တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်။ ဆွေးနွေး၍ သရုပ်ပြများလုပ်ရန်။ ဓမ္မအမှုတွင် လူတို့သည် ကျွန်ုပ်တို့မျှော်လင့်မထားသည့်အရာကို ထုတ်ဖော်ပြောဆိုသည့်အခါ သို့မဟုတ် မေးခွန်းများမေးသည့်အခါ အကြောင်းအရာကိုပြောင်းလိုက်ခြင်း သို့မဟုတ် စကားစမြည်ပြောဆိုမှုကို အဆုံးသတ်လိုက်မည့်အစား ပြန်ဖြေရန်ကြိုးစားသင့်သည်။ ဤကိစ္စတွင် ကျိုးကြောင်းဆင်ခြင် စာအုပ်သည် အကူအညီဖြစ်လေ့ရှိသည်။ ပြောလေ့ပြောထရှိသည့်စကားအချို့ကို ထောက်ပြကာ ကျိုးကြောင်းဆင်ခြင် စာအုပ်ပါမှတ်ချက်များဖြင့် မည်သို့တုံ့ပြန်ရမည်ကို ကြေညာသူများအား သရုပ်ပြစေပါ။ ဥပမာ– ‘ကျွန်တော် ဘုရားကိုမယုံဘူး။’ (စာမျက်နှာ ၂၀၀-၂၀၁) ‘ရပ်ရွာဖွံ့ဖြိုးတိုးတက်ဖို့ အားထုတ်လုပ်ဆောင်မှုတွေမှာ ခင်ဗျားတို့ဘာကြောင့်မပါဝင်ကြတာလဲ။’ (စာမျက်နှာ ၂၆၁-၂) ‘ဘယ်အသင်းပဲဝင်ဝင် အကြောင်းမဟုတ်ပါဘူး။’ (စာမျက်နှာ ၁၉၄) ဓမ္မအမှုတွင် မျှော်လင့်မထားသောအခြေအနေများ ပေါ်ပေါက်လာသည့်အခါ ကျိုးကြောင်းဆင်ခြင် စာအုပ်၏ ဤအပိုင်းကိုအသုံးပြုရန် အားလုံးကို အားပေးပါ။

သီချင်း ၁၂၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ