ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၂ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဧပြီ ၈ တွင်စမည့်အပတ်
  • ဧပြီ ၁၅ တွင်စမည့်အပတ်
  • ဧပြီ ၂၂ တွင်စမည့်အပတ်
  • ဧပြီ ၂၉ တွင်စမည့်အပတ်
  • မေ ၆ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၄/၀၂ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဧပြီ ၈ တွင်စမည့်အပတ်

သီချင်း ၃၉

၁၃ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ ဧပြီ ၂၂ ရက်အပတ် လုပ်ငန်းတော်စည်းဝေးတွင်ဆွေးနွေးရန်အတွက် ပြင်ဆင်ရာ၌ လူငယ်များအမေး—မိတ်ဆွေစစ်မည်သို့ဖွဲ့နိုင်သနည်း ဗီဒီယိုခွေကိုကြည့်ရန် ယောက်တိုင်းကိုအားပေးပါ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကိုအသုံးပြု၍ ဧပြီ ၁၅ ကင်းမျှော်စင် နှင့် ဧပြီ ၂၂ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံနှင့်ပတ်သက်၍ သရုပ်ပြနှစ်ခုပြုလုပ်ပါ။ တစ်ခုစီတွင် “ကျွန်တော့်မှာ ကိုယ့်ဘာသာတရားနဲ့ ကိုယ်ရှိပြီးသား” ဟုဆိုသော စကားဆက်ပြတ်စေနိုင်သူကိုကိုင်တွယ်ရန် တစ်ခုတစ်မျိုးစီပြပါ။—ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၁၈-၁၉ ရှု။

၁၂ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “ခပ်သိမ်းသောသူတို့အား ကောင်းမှုပြုလော့။”a မေးဖြေဆွေးနွေးပြီးနောက် မိမိတို့၏ဓမ္မအမှုကို မည်သို့တိုးချဲ့နေကြောင်းပြောပြမည့် ကြေညာသူတစ်ဦးနှစ်ဦးအား လူတွေ့မေးမြန်းပါ။

သီချင်း ၁၅၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဧပြီ ၁၅ တွင်စမည့်အပတ်

သီချင်း ၁၀၁

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။

၁၅ မိ– အခြားသူတို့ကို ရှေ့ဆောင်များဆက်၍ထောက်ကူပေးနေ။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် အသင်းတော်စာအုပ်ကြီးသင်တန်းကြီးကြပ်မှူး၊ ရှေ့ဆောင်တစ်ဦး၊ ကြေညာသူတစ်ဦးတို့နှင့် အဖွဲ့လိုက်ဆွေးနွေးရန်။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် စက်တင်ဘာ ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၄ တွင်ဖော်ပြထားသည့်အတိုင်း အခြားသူတို့အား ရှေ့ဆောင်များထောက်ကူသည့်အစီအစဉ်ကို ပြန်သုံးသပ်။ ထို့နောက် သူသည် အစီအစဉ်တွင် ၎င်းတို့တစ်ဦးစီ၏ကဏ္ဍနှင့် ယင်း၏ရည်ရွယ်ချက် မည်သို့အထမြောက်နေကြောင်း အဖွဲ့ထဲမှတစ်ဦးစီနှင့်ဆွေးနွေးသည်။ အောင်မြင်မှုရရန် အဘယ်အရာလုပ်ဆောင်ခဲ့သနည်း။ လုပ်ငန်းတော်ကြီးကြပ်မှူးက ဓမ္မအမှုတွင်အကူအညီရလိုကြလျှင် မိမိအားအသိပေးရန် ကြေညာသူအားလုံးကိုဖိတ်ခေါ်သည်။ ဓမ္မအမှု၏နောက်ကဏ္ဍတစ်ခုတွင် ထပ်ဆင့်အကူအညီရရှိရန် ယခင်က အကူအညီရခဲ့သူများကို ပြန်ထည့်နိုင်သည်။

၂၀ မိ– “အချိန်ပြည့်လုပ်ငန်း၏ရွှင်လန်းမှု။”bအရန်ရှေ့ဆောင်လုပ်ဖို့ လျှောက်လွှာတင်ကြရန် လူငယ်များကိုအားပေးပါ။

သီချင်း ၁၉၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဧပြီ ၂၂ တွင်စမည့်အပတ်

သီချင်း ၉၀

၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကိုအသုံးပြု၍ မေ ၁ ကင်းမျှော်စင် တင်ဆက်ပုံကို ဓမ္မအမှုထမ်းတစ်ဦးအား သရုပ်ပြစေကာ မေ ၈ နိုးလော့! [လိပ်] တင်ဆက်ပုံကို ညီအစ်မတစ်ဦးအားပြစေပါ။ သရုပ်ပြတစ်ခုစီပြီးနောက် အိမ်ရှင်၏စိတ်ဝင်စားမှုကို နှိုးဆွပေးရန်အသုံးပြုခဲ့သည့် အစဝါကျတစ်ကြောင်းနှစ်ကြောင်းကို ပြန်ဖော်ပြပါ။

၁၀ မိ– အချိန်မီရောက်ရှိပါ! ဟောပြောရန်။ ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်မှုနှင့်ဆက်နွှယ်သည့် လုပ်ဆောင်မှုများသည် “သတ်မှတ်ချိန်တစ်ချိန်” ရှိရန်လိုအပ်သည့် အရေးကြီးသောကိစ္စရပ်များဖြစ်၏။ (ဒေ. ၃:၁၊ ကဘ) ကျွန်ုပ်တို့သည် သီအိုကရက်တစ်အစီအစဉ်များမှ အကျိုးအပြည့်အဝရလိုကြသည်။ အသင်းတော်စည်းဝေးများနှင့် လုပ်ငန်းတော်အတွက်တွေ့ဆုံမှုများကို သတ်မှတ်ထားချိန်တွင် အတိအကျစသင့်သည်။ ယေဟောဝါသည် မိမိလုပ်ငန်းများကိုလုပ်ဆောင်ရာတွင် မည်သည့်အခါမျှ နောက်မကျချေ။ (ဟဗ. ၂:၃) ကျွန်ုပ်တို့သည် ဤကိစ္စတွင် တိုးတက်ရန်လိုသလော။ တစ်ခါတစ်ရံ မလွှဲသာ၍နောက်ကျရသည့်အခါများရှိပေမည်။ သို့သော် ကောင်းစွာစီစဉ်ခြင်းဖြင့် စည်းဝေးအဖွင့်သီချင်းနှင့်ဆုတောင်းခြင်းပြီးမှ သို့မဟုတ် လယ်ကွင်းလုပ်ငန်းအစီအစဉ်များ ပြုလုပ်ပြီးမှ နောက်ကျရောက်တတ်သည့်အကျင့် ရှိမည်မဟုတ်ချေ။ ဝိညာဏလုပ်ဆောင်မှုတိုင်းအတွက် အချိန်တိကျမှုရှိရန်သေချာစေမည့် သာ၍ကောင်းသောအကျင့်များမွေးမြူရန် လက်တွေ့ကျနည်းလမ်းများကိုဆွေးနွေးပါ။—ဇွန် ၁၅၊ ၁၉၉၀၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၉ [လိပ်] ရှု။

၂၅ မိ– “အားတက်သရောတုံ့ပြန်မှုတစ်ခု!”c အပိုဒ် ၁ တွင် အသင်းတော်အား လူငယ်များအမေး—မိတ်ဆွေစစ်မည်သို့ဖွဲ့နိုင်သနည်း ဗီဒီယိုခွေနှင့်ပတ်သက်သည့် တိုတုတ်သောဖွင့်ဟဖော်ပြချက်အချို့ကို ထပ်လောင်းပြောပြစေပါ။ ထို့နောက် အပိုဒ် ၂-၇ ပါမေးခွန်းတစ်ခုစီကို ပရိသတ်နှင့်ဆက်ဆွေးနွေးပါ။ ဇွန်လတွင် ကျွန်ုပ်တို့၏ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး ဗီဒီယိုခွေကို သုံးသပ်မည်ဖြစ်သည်။ (ဗီဒီယိုခွေမရှိလျှင် ကျေးဇူးပြု၍ အရန်ရှေ့ဆောင်လုပ်ရန် အားပေးဟောပြောပါ။)

သီချင်း ၁၉၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဧပြီ ၂၉ တွင်စမည့်အပတ်

သီချင်း ၁၆၂

၁၀ မိ– ဒေသကြေညာချက်များ။ ဧပြီလလယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။

၁၅ မိ– “နိုင်ငံတော်ဟောပြောခြင်းသည် အသက်များကိုကယ်တင်ရန်ကူညီပေး!”d ကျမ်းချက်များသက်ဆိုင်ပုံနှင့်ပတ်သက်၍ ပရိသတ်ထံမှမှတ်ချက်များရယူပါ။

၂၀ မိ– ကျိုးကြောင်းဆင်ခြင် စာအုပ်ကိုအသုံးပြု၍ သုတေသနပြုပါ။ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျိုးကြောင်းဆင်ခြင် စာအုပ်ပါ (စာမျက်နှာ ၅-၆) “အဓိကအကြောင်းအရာများ” အောက်ရှိစာရင်းတွင်မပါသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဓမ္မအမှုတွင် မေးခွန်းများ မကြာခဏပေါ်ပေါက်လေ့ရှိသည်။ “အက္ခရာစဉ်အညွှန်း” (စာမျက်နှာ ၄၃၉-၄၅) သည် ကျွန်ုပ်တို့၏ယုံကြည်ချက်များအတွက် ကျမ်းစာထောက်ခံချက်ကိုရှာဖွေရာတွင် အလွန်အသုံးဝင်၏။ စာလုံးစောင်းဖြင့်ဖော်ပြထားသောစကားလုံးတစ်ခုစီကို အက္ခရာစဉ်အညွှန်းတွင်ကြည့်ခြင်းဖြင့် အောက်ပါမေးခွန်းများ၏အဖြေကိုရှာရာတွင် ပါဝင်ကြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ– အမျိုးသားသီချင်း နှင့် အလံ တို့နှင့်ပတ်သက်၍ ခရစ်ယာန်အမြင်ကား အဘယ်နည်း။ ဘုရားသခင်သည် သဘာဝကပ်ဘေးဒဏ်များ ကို အဘယ်ကြောင့်ခွင့်ပြုတော်မူသနည်း။ ကွာရှင်းခြင်း နှင့်ပတ်သက်သည့် ကျမ်းစာအမြင်ကို သင်မည်သို့ရှင်းပြနိုင်သနည်း။ တစ်ခါတစ်ရံ ညီအစ်မများသည် အဘယ်ကြောင့်နှင့် မည်သည့်အချိန်တွင် ခေါင်းဖုံး ရန်လိုသနည်း။ မိခင်နေ့ ၏မူလအစကား အဘယ်နည်း။ ၁၄၄,၀၀၀ သည် ကျမ်းစာတွင်ပါသည့်အတိုင်း ပကတိအရေအတွက်ဖြစ်သည်ဟု ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။ သူဌေးနှင့်လာဇရု ပုံဥပမာက ဘာကိုဆိုလိုသနည်း။ ဓမ္မအမှုတွင် ကျိုးကြောင်းဆင်ခြင် စာအုပ်ကိုအသုံးပြုရန် ယောက်တိုင်းကိုအားပေးပါ။

သီချင်း ၂၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၆ တွင်စမည့်အပတ်

သီချင်း ၁၄၁

၁၀ မိ– ဒေသကြေညာချက်များ။ “ကင်းမျှော်စင်နှင့် နိုးလော့! မှ ဆက်လက်အကျိုးရရှိနေခြင်း” ကိုဆွေးနွေးပါ။

၁၀ မိ– ကြိုတင်စီစဉ်ခြင်း။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ စီစဉ်ထားလေ့ရှိသည့် လုပ်ဆောင်မှုများကိုဖော်ပြပါ– အထူးနှင့်တိုက်နယ်အစည်းအဝေးတက်ရောက်ခြင်း၊ တစ်လ သို့မဟုတ် ထို့ထက်မက အရန်ရှေ့ဆောင်လုပ်ခြင်း၊ အိမ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်အောင်လုပ်ခြင်း၊ အားလပ်ရက်ယူခြင်း သို့မဟုတ် အပန်းဖြေမှုတစ်ခုခုပြုခြင်း။ သူတို့၏အစီအစဉ်များ၊ တစ်နေရာရာသို့ခရီးထွက်သည့်အခါ၌ပင် မိသားစုသင်အံမှု၊ အသင်းတော်အစည်းအဝေးများနှင့် လယ်ကွင်းလုပ်ငန်းကို လျစ်လျူမရှုကြောင်း မည်သို့သေချာစေမည် စသည်တို့ကိုပြောပြရန် အချို့ကိုဖိတ်ခေါ်ပါ။ အသင်းတော်တွင် ရံဖန်ရံခါသာအမှုဆောင်သည့်ရပ်ကွက်ရှိလျှင် နှံ့နှံ့စပ်စပ်ပြီးမြောက်ရန် မည်သည့်အစီအစဉ်များပြုလုပ်ထားကြောင်း ကြေညာပေးပါ။ အိမ်တွင်ရှိသည်ဖြစ်စေ၊ အဝေးတွင်ရောက်နေသည်ဖြစ်စေ အသင်းတော်စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးသည် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများရရှိကြောင်းသေချာစေရန် အားလုံးကိုနှိုးဆော်ပါ။

၂၅ မိ– “ဝိညာဉ်ရေးသန်စွမ်းသောမိသားစုများ—မည်သို့အားဖြင့်နည်း။”e ဆောင်းပါးကိုဆွေးနွေးပြီးနောက် ဖေဖော်ဝါရီ ၁၅၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၀-၁၂ မှ လက်တွေ့ကျသောတွေ့ကြုံမှုအချို့ကို ပြောပြပါ။

သီချင်း ၁၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

e အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ