ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၀၃ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • မတ် ၁၀ တွင်စမည့်အပတ်
  • မတ် ၁၇ တွင်စမည့်အပတ်
  • မတ် ၂၄ တွင်စမည့်အပတ်
  • မတ် ၃၁ တွင်စမည့်အပတ်
  • ဧပြီ ၇ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၃/၀၃ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

မတ် ၁၀ တွင်စမည့်အပတ်

သီချင်း ၅

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကိုအသုံးပြု၍ မတ် ၁၅ ကင်းမျှော်စင် နှင့် မတ် ၂၂ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို သရုပ်ပြပါ။ တင်ဆက်မှုတစ်ခုစီတွင် တစ်ခုတည်းကိုသာ အသားပေးဖော်ပြသော်လည်း မဂ္ဂဇင်းနှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။

၁၅ မိ– ၂၀၀၃ နှစ်ချုပ်စာအုပ် မှ အကျိုးရယူခြင်း။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ စာမျက်နှာ ၃-၅ ပါ “အုပ်ချုပ်ရေးအဖွဲ့ထံမှစာ” ၏ပေါ်လွင်ချက်များကို ဆွေးနွေးပါ။ အထူးသဖြင့် အားရှိစေပြီး ယုံကြည်ခြင်းခိုင်ခံ့စေကြောင်း သူတို့တွေ့ခဲ့ရသည့်မှတ်တမ်းနှင့် တွေ့ကြုံမှုများကို ပြောပြကြရန် ကြေညာသူအချို့ကို ကြိုတင်စီစဉ်ပါ။ ကမ္ဘာတစ်ဝန်းမှတ်တမ်းမှ ပေါ်လွင်ချက်များကို ဖော်ပြပါ။ တစ်နှစ်အတွင်း စာအုပ်တစ်အုပ်လုံးကို အဆင့်ဆင့်ဖတ်ရှုကြရန် မိသားစုများကို အားပေးပါ။ လူသစ်များအား ယေဟောဝါ၏အဖွဲ့အစည်းသို့ ညွှန်ပြကာ အစည်းအဝေးများတက်ရန် အားပေးဖို့ စာအုပ်အား ကျွန်ုပ်တို့အသုံးပြုနိုင်သောနည်းများကို အကြံပြုပါ။

၂၀ မိ– “ကောင်းသောအမှုအရာအတွက် စိတ်ထက်သန်မှုရှိလော့။”a (အပိုဒ် ၁-၁၂) အပိုဒ် ၆ ကိုဆွေးနွေးပြီးနောက် ကြေညာသူသည် ပုံနှိပ်ထားသောဖိတ်စာကိုအသုံးပြု၍ ဆွေမျိုး၊ အိမ်နီးချင်း၊ ကျောင်းနေဖက် သို့မဟုတ် အလုပ်ဖော်တစ်ဦးအား သတိရအောက်မေ့ပွဲသို့ ဖိတ်ခေါ်ပုံကို တိုတိုတုတ်တုတ်သရုပ်ပြရန်။ ပုံနှိပ်ထားသည့် သတိရအောက်မေ့ပွဲဖိတ်စာများကို မဖြန့်ဝေရသေးပါက အစည်းအဝေးပြီးနောက် ယင်းတို့ကို ဖြန့်ဝေပေးသင့်သည်။

သီချင်း ၁၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မတ် ၁၇ တွင်စမည့်အပတ်

သီချင်း ၃၄

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။

၁၅ မိ– သင့်အပေါင်းအသင်းများကို ရွေးချယ်ရာတွင် ပညာရှိပါ။ ဖေဖော်ဝါရီ ၂၂၊ ၁၉၉၇၊ နိုးလော့!၊ စာမျက်နှာ ၁၃ [လိပ်] နှင့် ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၃၀၉ မှ “မကောင်းသောအပေါင်းအသင်း” ခေါင်းစဉ်အောက်ရှိ အကြောင်းအရာကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောရန်။ မူများသည် လူငယ်လူကြီးနှစ်ဦးစလုံးနှင့် မည်သို့သက်ဆိုင်ကြောင်း ဖော်ပြပါ။ ယေဟောဝါကို ချစ်မြတ်နိုးသူများနှင့် ကိုယ်တော်၏စံနှုန်းများကို စွဲကိုင်ရန်ကြိုးစားနေကြောင်း ပြသသူများအား မိတ်ဆွေများအဖြစ်ရွေးချယ်ခြင်း၏ အကျိုးကျေးဇူးများကို ပေါ်လွင်စေပါ။

၂၀ မိ– “ကောင်းသောအမှုအရာအတွက် စိတ်ထက်သန်မှုရှိလော့။”b (အပိုဒ် ၁၃-၂၆) ဦးစီးကြီးကြပ်မှူးကိုင်ရန်။ အပိုဒ် ၁၄ ကိုသုံးသပ်သောအခါ အိုမင်းမစွမ်းသောညီအစ်ကိုတစ်ဦးထံ အားရှိစေသောလည်ပတ်မှုတစ်ခုပြုကာ ထိုအချိန်တွင် သတိရအောက်မေ့ပွဲကာလအတွင်း အသင်းတော်၏တိုးချဲ့လုပ်ဆောင်မှု၌ ထိုညီအစ်ကိုမည်သို့ပါဝင်နိုင်ကြောင်း ကြင်နာစွာရှင်းပြပုံကို အကြီးအကဲတစ်ဦးအား တိုတိုတုတ်တုတ်သရုပ်ပြစေပါ။

သီချင်း ၅၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မတ် ၂၄ တွင်စမည့်အပတ်

သီချင်း ၇၂

၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကိုအသုံးပြု၍ ဧပြီ ၁ ကင်းမျှော်စင် နှင့် ဧပြီ ၈ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို သရုပ်ပြပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– ယေဟောဝါသက်သေများ—ရပ်ကွက်တွင် အကျိုးပြုသောတွန်းအားတစ်ခု။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ရံဖန်ရံခါ ကျွန်ုပ်တို့သည် မိမိတို့၏ဓမ္မအမှုနှင့် ပုံသက်သေက ရပ်ကွက်ကို မည်သို့အကျိုးပြုကြောင်း ညွှန်ပြရန် အခွင့်အရေးရရှိကြသည်။ အောက်ပါအချက်များနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ– (၁) ကျွန်ုပ်တို့သည် ကျမ်းစာစာရိတ္တစံနှုန်းများအတိုင်း အသက်ရှင်ရန် လူတို့ကိုသွန်သင်ပေးသည်။ (၂) ရိုးသားမှုရှိရန်နှင့် အခွင့်အာဏာကိုလေးစားရန် သွန်သင်ပေးသည်။ (၃) လူမျိုးနွယ်စု၊ လူမျိုးနှင့် လူမှုရေးအုပ်စုများကြား သဟဇာတဖြစ်ရန် သွန်သင်ပေးသည်။ (၄) ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးရန် အခြားသူတို့ကို အားပေးခြင်းဖြင့် ၎င်းတို့၏မိသားစုဘဝ တိုးတက်ကောင်းမွန်ရန် ကူညီပေးသည်။ (၅) ဖတ်တတ်ရေးတတ်ရန် ထောင်နှင့်ချီသောသူတို့ကို သင်ကြားပေးသည်။ (၆) ဘေးဒဏ်များကြုံရချိန်တွင် အခြားသူတို့အား ကြိုးစားကူညီပေးကြသည်။ (၇)အားလုံးခံစားကြရသည့် ဘာသာရေးလွတ်လပ်မှုများရယူရာတွင် အရေးပါသောအပိုင်းမှပါဝင်ခဲ့ကြသည်။—ကြွေးကြော်သူများ စာအုပ်၊ စာမျက်နှာ ၆၉၉ [လိပ်] ရှု။

သီချင်း ၁၂၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မတ် ၃၁ တွင်စမည့်အပတ်

သီချင်း ၁၃၀

၁၂ မိ– ဒေသကြေညာချက်များ။ မတ်လလယ်ကွင်းလုပ်ငန်း မှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ ဧပြီလတွင်ဝေငှမည့်စာပေကို ဖော်ပြပါ။ “ကျမ်းစာသင်အံမှုများကျင်းပရန် ဘုရားသခင်ကို ကိုးကွယ်လော့ စာအုပ်ကို အသုံးပြုပါ” ကိုသုံးသပ်ပါ။ “သတိရအောက်မေ့ပွဲ နှိုးဆော်ချက်များ” ပါအဓိကအချက်များကို ဆွေးနွေးပါ။

၁၃ မိ– ဒေသခံတွေ့ ကြုံမှုများ။ မတ်လတွင်လုပ်ဆောင်ခဲ့သော တိုးချဲ့လုပ်ဆောင်မှုအတွင်း ရရှိခဲ့သည့်တွေ့ကြုံမှုများကို ပြောပြရန် အသင်းတော်အား ဖိတ်ခေါ်ပါ။ သူတို့၏ကြိုးစားမှုများအတွက် ချီးမွမ်းကာ ဧပြီလတွင် သူတို့၏အခြေအနေကခွင့်ပြုသရွေ့ အပြည့်အဝပါဝင်ကြရန် အားလုံးကိုတိုက်တွန်းပါ။

၂၀ မိ– “ယေဟောဝါသည် အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။”c သတိရအောက်မေ့ပွဲ၏ အရေးကြီးမှုကို အလေးပေးတင်ပြပါ။ အခြားသူများအား တက်ရောက်ရန်ကူညီပေးရာတွင် အားလုံး အထောက်အကူပြုနိုင်ပုံကို ဖော်ပြပါ။ မလှုပ်မရှားဖြစ်သူများ တစ်ဖန်ပြန်၍ စိတ်ဝင်စားမှုရှိလာရန် သူတို့နှင့်ဆက်သွယ်ဖို့ ပြုလုပ်နိုင်သည့်အရာကို ရှင်းပြပါ။ လွန်ခဲ့သည့်နှစ်အထိမ်းအမှတ်ပွဲမှ အားရှိစရာ မည်သည့်တွေ့ကြုံမှုကိုမဆို ပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

သီချင်း ၁၇၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဧပြီ ၇ တွင်စမည့်အပတ်

သီချင်း ၁၉၁

၁၀ မိ– ဒေသကြေညာချက်များ။

၁၅ မိ– ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ပုံ။ ပရိသတ်နှင့်ဆွေးနွေးရန်။ ဓမ္မအမှုတွင် လူတို့နှင့် ထိရောက်စွာ ကျိုးကြောင်းဆင်ခြင်နိုင်သည့်စွမ်းရည်ကို မည်သို့တိုးတက်စေနိုင်သနည်း။ (၁) မှန်မှန် ကိုယ်ပိုင်လေ့လာမှုပြု၍ အစည်းအဝေးတက်ရောက်ခြင်းဖြင့် ခိုင်လုံသော ကျမ်းစာအသိပညာ ကို ဆည်းပူးပါ။ (၂) ရှုထောင့်အမျိုးမျိုးမှ သမ္မာတရားကို စူးစမ်းလေ့လာကာ သင်သိရှိလာရာများကို တွေးတောဆင်ခြင်ပါ။ (၃) ကျမ်းစာရှင်းလင်းချက်များကိုသာမကဘဲ ၎င်းတို့အတွက် ကျမ်းဆိုင်ရာအကြောင်းရင်းများ ကိုလည်း ရှာဖွေပါ။ (၄) သင်သည် လူအမျိုးမျိုးအဖုံဖုံ အား ကျမ်းစာအကြောင်း မည်သို့ရှင်းပြမည်ကို သုံးသပ်ပါ။ (၅) အချို့အချက်များအား သင် ရှင်းလင်းဖော်ပြ နိုင်ပုံကို သုံးသပ်ပါ။

၂၀ မိ– “သမ္မာတရားက ကျွန်ုပ်တို့ကို လွတ်မြောက်စေပုံ။”d အောက်တိုဘာ ၁၊ ၁၉၉၈၊ ကင်းမျှော်စင် စာမျက်နှာ ၆ ရှိလေးထောင့်ကွက်မှ မှတ်ချက်များပါဝင်စေပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သမ္မာတရားက သူတို့အား လွတ်မြောက်စေခဲ့ပုံကို မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

သီချင်း ၂၁၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ