ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၀၄ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဖေဖော်ဝါရီ ၉ တွင်စမည့်အပတ်
  • ဖေဖော်ဝါရီ ၁၆ တွင်စမည့်အပတ်
  • ဖေဖော်ဝါရီ ၂၃ တွင်စမည့်အပတ်
  • မတ် ၁ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၂/၀၄ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဖေဖော်ဝါရီ ၉ တွင်စမည့်အပတ်

သီချင်း ၂၂၅

၁၀မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကိုအသုံးပြု၍ဇန်နဝါရီ ၁၅ကင်းမျှော်စင်နှင့်ဖေဖော်ဝါရီ ၈ နိုးလော့!အတွက်တင်ဆက်ပုံကို သရုပ်ပြပါ။ သရုပ်ပြတစ်ခုစီတွင် မဂ္ဂဇင်းတစ်စောင်တည်းကိုသာ အသားပေးဖော်ပြသော်လည်း နှစ်စောင်စလုံးကိုအစုံလိုက်ဝေငှသင့်သည်။တင်ဆက်မှုတစ်ခုတွင်“ကျွန်တော့်မှာကိုယ့်ဘာသာတရားနဲ့ ကိုယ်ရှိပြီးသား” ဟု ဆိုသည့် စကားဆက်ပြတ်စေနိုင်သူအား ကိုင်တွယ်ပုံကို သရုပ်ပြပါ။—ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၁၈-၁၉ ရှု။

၁၀ မိ– “ယေဟောဝါထံချဉ်းကပ်လော့ကိုလေ့လာခြင်းမှ အကျိုးရယူပါ။” ဆောင်းပါးကိုအခြေခံ၍ အသင်းတော်စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးတစ်ဦးဟောရန်။ အပိုဒ် ၂ ကိုသုံးသပ်သောအခါ သင်တန်းအစီအစဉ်ဇယားကို အာရုံစိုက်စေပါ။ အပိုဒ် ၃ ကိုသုံးသပ်သည့်အခါ စာအုပ်၏အခန်း ၂၊ အပိုဒ် ၂၃ ကိုဖတ်၍ဆွေးနွေးပါ။

၂၅ မိ– “ယေဟောဝါ၏အံ့ဖွယ်အမှုများကို ပြောကြားနေကြလော့။”a (အပိုဒ် ၁-၁၀) လုပ်ငန်းတော်ကြီးကြပ်မှူးကိုင်ရန်။ ပေးထားသည့်မေးခွန်းများကို အသုံးပြုပါ။ အောက်မေ့ရာပွဲကာလအတွင်း လယ်ကွင်းလုပ်ငန်းလုပ်ဆောင်မှုကိုတိုးချဲ့ရန်အတွက်စိတ်အားထက်သန်မှုကို တည်ဆောက်ပေးပါ။

သီချင်း ၉၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဖေဖော်ဝါရီ ၁၆ တွင်စမည့်အပတ်

သီချင်း ၄၁

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။

၁၅ မိ– “ဘုရားသခင်ကူညီထောက်ပံ့သည့်လုပ်ငန်း။”b ကြွေးကြော်သူများစာအုပ်၊ စာမျက်နှာ ၅၄၇-၈ [လိပ်] မှမှတ်ချက်များပါဝင်စေပါ။

၂၀ မိ– “ယေဟောဝါ၏အံ့ဖွယ်အမှုများကို ပြောကြားနေကြလော့။”c (အပိုဒ် ၁၁-၁၇) ပေးထားသည့်မေးခွန်းများကို အသုံးပြုပါ။ ကြေညာသူတစ်ဦးက ပြန်လည်ပတ်မှုတစ်ခုကို အောက်မေ့ရာပွဲသို့ ဖိတ်ခေါ်နေပုံ တိုတုတ်သည့်သရုပ်ပြတစ်ခု ပါဝင်စေပါ။

သီချင်း ၇၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဖေဖော်ဝါရီ ၂၃ တွင်စမည့်အပတ်

သီချင်း ၁၁၈

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ စာမျက်နှာ ၈ ပါအကြံပြုချက်ကို အသုံးပြု၍ ဖေဖော်ဝါရီ ၁ ကင်းမျှော်စင် အတွက် တင်ဆက်ပုံကိုသရုပ်ပြပါ။ တင်ဆက်မှုနိဂုံးတွင် တောင်းဆိုဘရိုရှာကို အသုံးပြု၍ နောက်တစ်ကြိမ်လည်ပတ်သောအခါ ဖြေဆိုပေးနိုင်သည့် စဉ်းစားစရာမေးခွန်းတစ်ခုကို မေးပါ။

၁၅ မိ– “အစည်းအဝေးမှန်မှန်တက်ခြင်း—ဦးစားပေးကိစ္စတစ်ခု။”d အသင်းတော်အစည်းအဝေးတစ်ခုစီကိုတက်ရောက်ရန် သူတို့လုပ်ဆောင်ခဲ့ရာများနှင့်စပ်လျဉ်း၍ မှတ်ချက်ပေးရန် တစ်ဦးနှစ်ဦးကို ကြိုတင်စီစဉ်ပါ။

၂၀ မိ– “ပရိသတ်အလယ်မှာ” ယေဟောဝါအား ချီးမွမ်းလော့။ စက်တင်ဘာ ၁၊၂၀၀၃၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၅-၂၈ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ (၁) ဆာလံ ၂၂:၂၂၊ ၂၅ က အစည်းအဝေးများတွင် ကျွန်ုပ်တို့မှတ်ချက်ပေးရသည့် အကြောင်းရင်းကို မည်သို့ပေါ်လွင်စေသနည်း။ (၂) ဆုတောင်းခြင်းက အဘယ်ကြောင့် အထောက်အကူပြုသနည်း။ (၃)ကြိုတင်ပြင်ဆင်ရန် အဘယ်ကြောင့်လိုအပ်သနည်း။ (၄) ကျွန်ုပ်တို့အားလုံးသည် အစည်းအဝေးများတွင်အဘယ်ပန်းတိုင်ထားသင့်သနည်း။ (၆) ရှေ့တန်းခုံတွင်ထိုင်ခြင်းက အဘယ်ကြောင့် အထောက်အကူပြုသနည်း။ (၆) အခြားသူများပြောဆိုသွားသည့်အရာကို နားထောင်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (၇) ကျွန်ုပ်တို့၏ကိုယ်ပိုင်စကားဖြင့် မည်သို့ဖြေဆိုနိုင်သနည်း။ (၈) ကျွန်ုပ်တို့၏မှတ်ချက်များဖြင့် အခြားသူများကို မည်သို့အားပေးနိုင်သနည်း။ (၉) သင်တန်းမှူးတွင် အဘယ်တာဝန်ရှိသနည်း။

သီချင်း ၈၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မတ် ၁ တွင်စမည့်အပတ်

သီချင်း ၁၅၆

၁၀ မိ– ဒေသကြေညာချက်များ။ ဖေဖော်ဝါရီလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန်ကြေညာသူများကို နှိုးဆော်ပါ။ မတ်လတွင်ဝေငှမည့်စာပေကို ဖော်ပြကာ ဇန်နဝါရီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်မှအကြံပြုထားသည့် တင်ဆက်နည်းများမှတစ်ခုကို အကျဉ်းချုံးသုံးသပ်ပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “ယေဟောဝါတောင်းဆိုရာကို ကျွန်ုပ်တို့လုပ်ဆောင်နိုင်။”e ပေးထားသည့်မေးခွန်းများကို အသုံးပြုပါ။ အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို ပေါ်လွင်စေပါ။

သီချင်း ၉၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

e အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ