လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဇူလိုင် ၁၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ ဇွန် ၁၅ ကင်းမျှော်စင် နှင့် ဇူလိုင် ၈ နိုးလော့! အတွက် တင်ဆက်မှုကိုသရုပ်ပြရန် စာမျက်နှာ ၄ ပါအကြံပြုချက်များကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြုပါ။ အခြားလက်တွေ့ကျသောတင်ဆက်မှုများကို အသုံးပြုနိုင်သည်။ သရုပ်ပြတစ်ခုစီတွင် “ကျွန်တော်မအားဘူး” ဟုဆိုသော စကားဆက်ပြတ်စေနိုင်သူအား တုံ့ပြန်ပုံကို တစ်ခုတစ်မျိုးစီပြပါ။—ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စစ. ၁၉-၂၀ ရှု။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “လူများနိုင်သ၍များများထံ ရောက်ရှိခြင်း။”a အပိုဒ် ၅ ကိုဆွေးနွေးသည့်အခါ ဇွန် ၂၀၀၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၈ ပါ ဒေသခံရပ်ကွက်နှင့် သက်ဆိုင်သည့် အကြံပြုချက်များကို သုံးသပ်ပါ။
သီချင်း ၈၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၁၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဩဂုတ် ၁၅၊ ၂၀၀၀၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၂ ကို အကျဉ်းချုံးသုံးသပ်ပါ။ ကျွန်ုပ်တို့၏ပုံမှန်လုပ်ရိုးလုပ်စဉ်၌ ပါဝင်မနေသည့် အားလပ်ရက်များနှင့် အခြားအချိန်များတွင်ပင် မှန်မှန် နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို ထိန်းသိမ်းထားခြင်း၏ အကျိုးကျေးဇူးများကို ပေါ်လွင်စေပါ။
၁၅ မိ– “တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း—အပိုင်း ၁၁။”b ကျမ်းစာသင်ပေးသူနှင့် ကြေညာသူလူသစ်တစ်ဦး ပြန်လည်ပတ်မှုပြုလုပ်ရန် ပြင်ဆင်နေပုံ သရုပ်ပြတစ်ခုကို ပါဝင်စေပါ။ သူတို့သည် ဦးဆုံးအကြိမ်လည်ပတ်မှုကို သုံးသပ်ပြီး ပြန်လည်ပတ်မှုတွင် ပြောရန် သင့်လျော်သောအချက်တစ်ချက်ကို ရွေးချယ်ကြသည်။ သူတို့သည် ရိုးရှင်းသောနိဒါန်းတစ်ခုနှင့် လည်ပတ်မှုနိဂုံးတွင် မေးနိုင်သည့် မေးခွန်းတစ်ခုကိုလည်း ပြင်ဆင်ကြသည်။ သူတို့ပြင်ဆင်ထားသည့် တင်ဆက်မှုကို အစမ်းလေ့ကျင့်ရန် အသင့်ဖြစ်နေချိန်တွင် သရုပ်ပြခန်းကို နိဂုံးချုပ်သည်။
၂၀ မိ– အခြားသူများ ကျမ်းစာကို တန်ဖိုးထားလေးမြတ်လာစေရန် ကူညီပေးခြင်း။ ဘုရားသခင်ကိုကိုးကွယ်လော့ စာအုပ်၊ စာမျက်နှာ ၁၄-၅၊ အပိုဒ် ၃-၆ ကိုအခြေခံ၍ မေးဖြေဆွေးနွေးရန်။ စာအုပ်တွင် ပေးထားသည့် လေ့လာရန်မေးခွန်းများကို အသုံးပြုပါ။ လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ် ဘရိုရှာ၊ စာမျက်နှာ ၃၂ မှမှတ်ချက်များ ပါဝင်စေပါ။
သီချင်း ၁၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၂၅ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စာမျက်နှာ ၄ ပါအကြံပြုချက်ကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြု၍ ဇူလိုင် ၁ ကင်းမျှော်စင် အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။ အခြားလက်တွေ့ကျသောတင်ဆက်မှုများကို အသုံးပြုနိုင်သည်။ တင်ဆက်မှုတွင် ဈေးတစ်ခု၌ သို့မဟုတ် အခြားသင့်လျော်သည့် လူအများရှိရာဝန်းကျင်တစ်ခုခု၌ အလွတ်သဘော မဂ္ဂဇင်းဝေငှပုံကို သရုပ်ပြပါ။
၁၀ မိ– သင့်ကလေး၏နှလုံးတွင် သမ္မာတရားကို စွဲမှတ်စေပါ။ (တရား. ၆:၇) ဩဂုတ် ၁၅၊ ၂၀၀၂၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၀-၁ ကိုအခြေခံ၍ အကြီးအကဲတစ်ဦး ဟောပြောရန်။ သားသမီးလေ့ကျင့်ခြင်းနှင့်ပတ်သက်၍ သက်သေခံမဟုတ်သူ အိမ်ထောင်ဖက်ရှိသော ခရစ်ယာန်မိဘတစ်ဦးအား လမ်းညွှန်ပေးသည့် ကျမ်းစာမူများကို ပေါ်လွင်စေပါ။
၂၀ မိ– “အခြားသူများအပေါ် ကျွန်ုပ်တို့အကြွေးတင်နေ။”c ဇူလိုင် ၁၊ ၂၀၀၀၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၁၊ အပိုဒ် ၁၃ မှမှတ်ချက်များ ပါဝင်စေပါ။
သီချင်း ၈၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၁ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ ဇူလိုင်လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ ဓမ္မအမှုကျောင်း စာအုပ်၊ စာမျက်နှာ ၇၀ ကိုဖွင့်ရန် ပရိသတ်ကို ဖိတ်ခေါ်ပြီး အပိုဒ် ၁-၂ နှင့် “အစည်းအဝေးများ၌ မှတ်ချက်ပေးပုံ” ဟူသည့် လေးထောင့်ကွက်ကို ပရိသတ်နှင့် ဆွေးနွေးသုံးသပ်ပါ။
၁၅ မိ– “ဓမ္မအမှုတွင်တိုးတက်ရန် သင့်ကလေးများကိုကူညီပါ။” ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ရိုးရှင်းသောတင်ဆက်မှုတစ်ခုကို မိဘတစ်ဦးနှင့် ကလေးတစ်ဦး အသုံးပြုနေသည့် သရုပ်ပြတစ်ခု ပါဝင်စေပါ။ မိဘဖြစ်သူက အလှူငွေအစီအစဉ်ကို တိုတိုတုတ်တုတ်ရှင်းပြခြင်းဖြင့် တင်ဆက်မှုကို နိဂုံးချုပ်ပါ။
၁၅ မိ– ပြောင်းသာလဲသာရှိသောချဉ်းကပ်နည်းတစ်ခုကို သင် စမ်းကြည့်ဖူးပြီလော။ ဇန်နဝါရီ ၂၀၀၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၈ ကိုအခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ပေးထားသည့်အကြံပြုချက်များကို ပြန်သုံးသပ်ပြီး ဩဂုတ်လတွင် ဝေငှမည့်စာပေနှင့်အတူ ပြောင်းသာလဲသာရှိသောချဉ်းကပ်နည်းတစ်ခုကို မည်သို့အသုံးပြုနိုင်ကြောင်း ဖော်ပြပါ။ တင်ဆက်မှုတစ်ခုနှစ်ခုကို သရုပ်ပြပါ။
သီချင်း ၂၁၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။