လုပ်ငန်းတော်စည်းဝေးအစီအစဉ်
နိုဝင်ဘာ ၁၄ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။ အောက်တိုဘာ ၁၅ ကင်းမျှော်စင် နှင့် နိုဝင်ဘာ ၈ နိုးလော့! အတွက် တင်ဆက်ပုံကို သရုပ်ပြရန် စာမျက်နှာ ၄ ပါအကြံပြုချက်များကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြုပါ။ အခြားလက်တွေ့ကျသည့် တင်ဆက်မှုများကို အသုံးပြုနိုင်သည်။ သရုပ်ပြတစ်ခုစီတွင် “ကျွန်တော် ဘာသာရေး စိတ်မဝင်စားဘူး” ဟုဆို၍ စကားစပြတ်သွားစေသူအား ကိုင်တွယ်ဖြေရှင်းနည်းတစ်မျိုးစီဖြင့်ပြပါ။—ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စ. ၁၆-၁၇ ကိုရှု။
၁၅ မိ– ဘုရားသခင့်စိတ်တော်နှင့်တွေ့သော လှူဒါန်းမှုများ။ နိုဝင်ဘာ ၁၊ ၂၀၀၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၆-၃၀ ကိုအခြေခံ၍ အကြီးအကဲတစ်ဦး ဟောရန်။
၂၀ မိ– “ယေဟောဝါ၏ဘုန်းတော်ကို ကြေညာကြလော့။”a အပိုဒ် ၄ ကိုဆင်ခြင်သုံးသပ်နေစဉ် အမူအကျင့်ကောင်းက သက်သေခံရန် လမ်းဖွင့်ပေးခဲ့ပုံကို ဖော်ပြသည့် တိုတုတ်သောတွေ့ကြုံမှုများကို ပြောပြရန် ပရိသတ်အား ဖိတ်ခေါ်ပါ။
သီချင်း ၂၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
နိုဝင်ဘာ ၂၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၂၀ မိ– ယေဟောဝါအား သင်၏ဘုရားသခင်ဖြစ်စေခြင်း။ ဧပြီ ၁၊ ၂၀၀၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၅-၈ ကိုအခြေခံ၍ အကြီးအကဲတစ်ဦး ဟောရန်။ အာဗြဟံ၊ ဒါဝိဒ်နှင့် ဧလိယတို့၏ ပုံနမူနာများမှ ကျွန်ုပ်တို့ရရှိနိုင်သည့် သင်ခန်းစာများကို လက်တွေ့ကျသက်ဆိုင်စေပါ။
၁၅ မိ– “ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—မျက်စိရှင်ရှင်ထားခြင်းဖြင့်။”b အိမ်ရှင်စိတ်ဝင်စားသည့် အရာတစ်ခုခုကို အကဲခတ်လေ့လာပြီးနောက် ယင်းနှင့်အညီ အလိုက်သင့်ပြောင်းလဲပြောဆိုသည့် ကြေညာသူတစ်ဦး၏ သရုပ်ပြတစ်ခုကို ပါဝင်စေပါ။
သီချင်း ၆၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
နိုဝင်ဘာ ၂၈ တွင်စမည့်အပတ်
၁၂ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ နိုဝင်ဘာအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများ ပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ နိုဝင်ဘာ ၁ ကင်းမျှော်စင် အတွက် တင်ဆက်ပုံကို သရုပ်ပြရန် စာမျက်နှာ ၄ ပါအကြံပြုချက်ကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြုပါ။ အခြားလက်တွေ့ကျသည့် တင်ဆက်မှုများကို အသုံးပြုနိုင်သည်။ အလှူငွေအစီအစဉ် ဖော်ပြချက် ပါဝင်စေပါ။
၁၅ မိ– “ကျွန်ုပ်တို့ မည်သို့ကူညီပေးနိုင်ကြသနည်း။” ဟောပြောရန်။ အကူအညီအလွန်လိုအပ်သည့် ယုံကြည်သူချင်းများအတွက် ယေဟောဝါ၏ကျေးကျွန်များ ဆောင်ရွက်ခဲ့သော ကယ်ဆယ်ရေးလုပ်ငန်းနှင့်ပတ်သက်သည့် ပုံနမူနာတချို့ကို ဖော်ပြပါ။ (နိုးလော့! ဧပြီ ၈၊ ၂၀၀၄၊ စ. ၁၀-၁၅; နိုဝင်ဘာ ၂၂၊ ၂၀၀၂၊ စ. ၁၉-၂၄ [လိပ်] နှင့် အောက်တိုဘာ ၂၂၊ ၂၀၀၁၊ စ. ၂၃-၇ [လိပ်] တို့ကိုရှု။ တခြားရည်ညွှန်းချက်များကိုလည်း အသုံးပြုနိုင်သည်။) ထို့နောက် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၃ ပါဆောင်းပါးမှ အဓိကအချက်များကို ဆွေးနွေးပါ။ လူလူချင်းစာနာထောက်ထားပြီး ကယ်ဆယ်ရေးအထောက်အပံ့အတွက် အလှူငွေထည့်လိုပါက ကမ္ဘာချီလုပ်ငန်းအတွက် ရန်ပုံငွေတွင်ထည့်လျှင် ပိုကောင်းကြောင်း အလေးအနက်ထား၍ဖော်ပြပါ။
၁၈ မိ– ဒီဇင်ဘာလတွင် သတင်းကောင်း တင်ဆက်ခြင်း။ ဟောပြော၍ ပရိသတ်နှင့် ဆွေးနွေးရန်။ ငါးမိနစ်အဖွင့်ဟောပြောချက်တွင် ဇန်နဝါရီ ၂၀၀၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၁၀ တွင်တွေ့ရသည့် “နမူနာတင်ဆက်နည်းများကို အသုံးပြုပုံ” မှအောက်ပါအချက်များကို အကျဉ်းချုံးသုံးသပ်ပါ။ (၁) တင်ဆက်နည်းများကို ကျွန်ုပ်တို့၏ကိုယ်ပိုင်စကားဖြင့်ပြောလျှင် များသောအားဖြင့် ပိုထိရောက်မှုရှိလိမ့်မည်။ (၂) ကောင်းစွာချင့်ချိန်နိုင်စွမ်းကို အသုံးပြုကာ ဒေသအလိုက် လက်ခံနိုင်စရာဖြစ်စေရန် ကျွန်ုပ်တို့၏တင်ဆက်မှုများကို ယင်းနှင့်အညီ ပြောင်းလဲရမည်။ (၃) ကျွန်ုပ်တို့၏ရပ်ကွက်ရှိ လူတို့၏နောက်ခံနှင့် စဉ်းစားတွေးခေါ်မှုကို ထည့်စဉ်းစားပေးဖို့လိုသည်။ (၄) ကျွန်ုပ်တို့ တင်ဆက်သုံးသပ်မည့် အခန်းကို အသေအချာဖတ်ရှုပြီး စိတ်ဝင်စားစေနိုင်မည့် အချက်များကို ရှာဖွေထားသင့်သည်။ (၅) နမူနာတင်ဆက်နည်းများတွင် ဖော်ပြထားသော ချဉ်းကပ်နည်းများကို အသုံးပြုရန် ကျွန်ုပ်တို့ကို ကန့်သတ်မထားချေ။ ထို့နောက် ဒီဇင်ဘာလတွင် ဝေငှမည့် စာပေကို တင်ဆက်စဉ် အဆိုပါအချက်များကို မည်သို့ကျင့်သုံးနိုင်ကြောင်း ဆွေးနွေးပါ။ ဇန်နဝါရီ ၂၀၀၅ ကျွန်ုပ်တို့၏နိုင်ငံဓမ္မအမှုတွင်ပါသည့် နမူနာတင်ဆက်နည်းများ သို့မဟုတ် သင်၏ဒေသတွင် ထိရောက်မှုရှိသည့် တခြားတင်ဆက်နည်းများကို အသုံးပြုနိုင်သည်။ တင်ဆက်နည်း တစ်ခု၊ နှစ်ခုကို သရုပ်ပြပါ။
သီချင်း ၁၂၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “ကျွန်ုပ်တို့၏ဓမ္မအမှုက ပြီးမြောက်စေသောအရာ။”c အပိုဒ် ၅ ကိုသုံးသပ်စဉ် ဖေဖော်ဝါရီ ၁၅၊ ၂၀၀၄၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၂ မှမှတ်ချက်များကို ပါဝင်စေပါ။
သီချင်း ၂၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။