ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၀၆ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇန်နဝါရီ ၉ တွင်စမည့်အပတ်
  • ဇန်နဝါရီ ၁၆ တွင်စမည့်အပတ်
  • ဇန်နဝါရီ ၂၃ တွင်စမည့်အပတ်
  • ဇန်နဝါရီ ၃၀ တွင်စမည့်အပတ်
  • ဖေဖော်ဝါရီ ၆ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နဓ ၁/၀၆ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဇန်နဝါရီ ၉ တွင်စမည့်အပတ်

သီချင်း ၁၀

၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဒီဇင်ဘာ ၁၅ ကင်းမျှော်စင် နှင့် ဇန်နဝါရီ နိုးလော့! အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။ သရုပ်ပြတစ်ခုတွင် စီးပွားရေးရပ်ကွက်၌ ကြေညာသူတစ်ဦး သက်သေခံနေပုံကိုပြပါ။

၁၅ မိ– ဇွန် ၁၊ ၂၀၀၄၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၇-၁၉၊ အပိုဒ် ၁၅-၂၀ ကိုအခြေပြုကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။

၂၀ မိ– နိုးလော့! ၏အသွင်အပြင်သစ်။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ မတ် ၂၀၀၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၁၊ အပိုဒ် ၅-၆ တွင်ကြေညာခဲ့သည့် နိုးလော့! ပြုပြင်ပြောင်းလဲမှုများကို ဖော်ပြပါ။ ဇန်နဝါရီ ၂၀၀၆၊ နိုးလော့! စာမျက်နှာ ၃-၄ မှ “ကျွန်ုပ်တို့၏ စာရှုသူများထံသို့” နှင့်စပ်လျဉ်းသည့်မှတ်ချက်များ ပါဝင်စေပါ။ ဤမဂ္ဂဇင်းသည် စာရှုသူများအား သမ္မာကျမ်းစာသို့ မည်သို့တိုက်ရိုက်ညွှန်ပြပေးကြောင်း နမူနာများဖော်ပြပါ။ စာမျက်နှာ ၂၃ မှကဏ္ဍသစ်နှင့်စပ်လျဉ်း၍ မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ ဦးဆုံးအကြိမ်လည်ပတ်ချိန်တွင် ကင်းမျှော်စင် နှင့် နိုးလော့! တို့ကို ဆက်လက်၍ အစုံလိုက်ဝေငှကြမည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် မဂ္ဂဇင်းလမ်းကြောင်းများနှင့် မဂ္ဂဇင်းများကို ပုံမှန်လက်ခံသည့် အခြားသူများအား နိုးလော့! လထုတ်တိုင်း၏ တစ်စောင်တည်းကိုသာ ဝေငှရလိမ့်မည်။

သီချင်း ၁၂၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၁၆ တွင်စမည့်အပတ်

သီချင်း ၁၇၈

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။

၁၅ မိ– ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း စာအုပ်၏ စာမျက်နှာ ၄-၇ ကိုအခြေပြုကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ စာမျက်နှာ ၄ ကိုအခြေပြု၍ သုံးမိနစ်ထက်မပိုစေဘဲ နိဒါန်းပျိုးပြီးနောက် စာမျက်နှာ ၅ မှ စာမျက်နှာ ၇ ခေါင်းစဉ်ငယ်အထိ ပရိသတ်နှင့်ဆွေးနွေးပါ။ ဖွဲ့စည်းထားခြင်း စာအုပ်၏ နောက်ထပ်အပိုင်းများကို နောင်လုပ်ငန်းတော်စည်းဝေးများ၌ သုံးသပ်သွားမည်။

၂၀ မိ– “အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေသောလူငယ်များ။”aကျောင်းတွင် သက်သေခံနိုင်ခဲ့ပုံကို မှတ်ချက်ပေးရန် လူငယ်များအား ဖိတ်ခေါ်ပါ။ မှတ်ချက်တစ်ခုနှစ်ခုကို ကြိုတင်စီစဉ်ထားနိုင်သည်။

သီချင်း ၁၀၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၂၃ တွင်စမည့်အပတ်

သီချင်း ၆၀

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စာမျက်နှာ ၈ ပါအကြံပြုချက် သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားအကြံပြုချက်များကိုအသုံးပြု၍ ဇန်နဝါရီ ၁ ကင်းမျှော်စင် အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—မေးခွန်းများမေးကာ နားထောင်ပေးခြင်းဖြင့်။”bအပိုဒ် ၂ ကိုဆွေးနွေးသည့်အခါ အဘယ်မေးခွန်းများသည် စကားစမြည်စတင်ပြောဆိုမှုများအတွက် ထိရောက်မှုရှိသည်ကိုတွေ့ခဲ့ရကြောင်း ပရိသတ်အားမေးပါ။ လိမ္မာပါးနပ်စွာမေးသည့်မေးခွန်းများကို အသုံးပြုပြီး အာရုံစိုက် နားထောင်ပေးခြင်းဖြင့် လူတစ်ဦး၏နှလုံးထဲရှိရာကိုထုတ်ယူပုံ သရုပ်ပြပါ။

သီချင်း ၂၀၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၃၀ တွင်စမည့်အပတ်

သီချင်း ၁၉၇

၁၀ မိ– ဒေသကြေညာချက်။ ဇန်နဝါရီလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ ဖေဖော်ဝါရီလတွင် ဝေငှမည့်စာပေကို ဖော်ပြကာ တင်ဆက်မှုတစ်ခုကို သရုပ်ပြပါ။

၁၅ မိ– စက်တင်ဘာ ၁၊ ၂၀၀၄၊ ကင်းမျှော်စင်၊ စာမျက်နှာ ၄-၇ ပါ “ပျော်ရွှင်ဖို့ အမှန်တကယ်လိုအပ်သည့်အရာ” ဆောင်းပါးကိုအခြေပြုကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။

၂၀ မိ– ဇူလိုင် ၁၊ ၂၀၀၄၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၀-၃၁ ပါ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုအခြေပြုကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။

သီချင်း ၄၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဖေဖော်ဝါရီ ၆ တွင်စမည့်အပတ်

သီချင်း ၇၄

၁၀ မိ– ဒေသကြေညာချက်များ။

၂၅ မိ– “သင့်ဖန်ဆင်းရှင်၏ဘုန်းတော်ကို ထင်ရှားစေရန် ဝိညာဉ်ရေးပန်းတိုင်များ အသုံးပြုလော့။”c

၁၀ မိ– အရန်ရှေ့ဆောင်ခြင်းက ကောင်းချီးများရရှိစေ။ (သု. ၁၀:၂၂) အရန်ရှေ့ဆောင်လုပ်ရန် မည်သို့စီစဉ်ခဲ့ကြောင်းနှင့် ထိုသို့လုပ်ဆောင်ခြင်းမှ မည်သည့်ရွှင်လန်းမှုနှင့် ကောင်းချီးများရရှိခဲ့ကြောင်း ပြောပြရန် လွန်ခဲ့သည့် နွေဦးပေါက်ရာသီတွင် အရန်ရှေ့ဆောင်လုပ်ခဲ့သူများအား ဖိတ်ခေါ်ပါ။ မတ်၊ ဧပြီနှင့် မေလတို့တွင် အရန်ရှေ့ဆောင်လုပ်နိုင်၊ မနိုင် ဆုတောင်းသုံးသပ်ကြရန် အားလုံးကို တိုက်တွန်းပါ။

သီချင်း ၁၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ