လုပ်ငန်းတော်စည်းဝေးအစီအစဉ်
မေ ၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၄ ရှိအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဧပြီ ၁၅ ကင်းမျှော်စင် နှင့် မေလထုတ် နိုးလော့! အတွက် ဝေငှပုံကို သရုပ်ပြပါ။ တင်ဆက်မှုများထဲမှတစ်ခုတွင် ကြေညာသူသည် ဧပြီ ၁ ကင်းမျှော်စင် မရသေးသည့် မဂ္ဂဇင်းလမ်းကြောင်းယူထားသူတစ်ဦးအား ဧပြီ ၁ ရက်ထုတ်၊ ၁၅ ရက်ထုတ် ကင်းမျှော်စင် နှင့် မေလထုတ် နိုးလော့! တို့ကို ဝေငှသည်။ မဂ္ဂဇင်းသုံးစောင်ကို ဝေငှသည့်အခါ တစ်စောင်ကိုသာ အသားပေးတင်ဆက်ပါ။ ကြေညာသူများသည် မဂ္ဂဇင်းလမ်းကြောင်းများထံ တစ်လလျှင် တစ်ကြိမ်ဖြစ်စေ၊ နှစ်ကြိမ်ဖြစ်စေ လည်ပတ်နိုင်ပေမည်။
၂၀ မိ– “ငါ့နောက်သို့ အဆက်မပြတ်လိုက်လော့။”aနိုင်ငံတော်အကျိုးစီးပွားတိုးတက်ရန်နှင့် အခြားသူများအကျိုးသယ်ပိုးရန် ပိုမိုလုပ်ဆောင်ဖို့ မိမိ၏ဘဝကို ရိုးရှင်းစေကာ ကိုယ်ရေးကိုယ်တာလိုက်စားမှုများကို ကန့်သတ်ရန် ကြိုးစားသည့် ပုံသက်သေကောင်းသော ကြေညာသူတစ်ဦးအား တိုတိုတုတ်တုတ်လူတွေ့မေးမြန်းပါ။ ထိုသို့လုပ်ဆောင်ခြင်းမှ သူရရှိသည့် ကောင်းချီးများကို ပေါ်လွင်စေပါ။
၁၅ မိ– ဒေသခံတွေ့ကြုံမှုများ။ မတ်နှင့် ဧပြီအတွင်း ဓမ္မအမှုတွင် ကြိုးစားပါဝင်စဉ် မိမိတို့ရရှိခဲ့သည့် ရလဒ်ကောင်းများနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။ ကျမ်းစာသင်အံမှုများစတင်ရာတွင်၊ သတိရအောက်မေ့ပွဲတက်ရောက်ရန် လူသစ်များကို ကူညီရာတွင် ရရှိခဲ့သောအကျိုးကျေးဇူးများကို ပေါ်လွင်စေပါ။ ထူးခြားသည့်တွေ့ ကြုံမှုတစ်ခု၊ နှစ်ခုကို ပြန်လည်သရုပ်ပြနိုင်သည်။
သီချင်း ၉၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၁၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ မေ ၂၉ ရက်အပတ် လုပ်ငန်းတော်စည်းဝေးအတွက် ပြင်ဆင်ရာ၌ နောဧ—ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခဲ့သူ ဗီဒီယိုကို ကြည့်ရန် ယောက်တိုင်းကို အားပေးပါ။
၁၀ မိ– ခရစ်တော်၏ဦးဆောင်မှုအောက် စည်းလုံးစွာ အတူတကွလုပ်ဆောင်ခြင်း။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း၊ စာမျက်နှာ ၁၃-၁၅ မှ “ကိုယ်တော့်အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းသည် မည်သို့အဓိပ္ပာယ်ရှိ” ခေါင်းစဉ်ငယ်အောက်ရှိ အကြောင်းအရာကိုအခြေခံ၍ ဟောပြောရန်။
၂၅ မိ– “နိုင်ငံတော်ခန်းမဆောက်လုပ်ရေး—မြင့်မြတ်သောလုပ်ငန်း၏ အရေးပါသောကဏ္ဍတစ်ခု။”b အပိုဒ် ၂ ကိုဆွေးနွေးသည့်အခါ နိုင်ငံတော်ခန်းမစေတနာ့ဝန်ထမ်း လုပ်သားမေးခွန်းလွှာ (S-82) ပုံစံကိုပြကာ ဤပုံစံစာရွက်များ မည်သို့ရရှိနိုင်ကြောင်း ရှင်းပြပါ။ နိုင်ငံတော်ခန်းမများဆောက်လုပ်ရာတွင် သို့မဟုတ် ပြုပြင်မွမ်းမံရာတွင် ပါဝင်ခဲ့သူတချို့ကို လူတွေ့မေးမြန်းပါ။
သီချင်း ၁၃၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၂၂ တွင်စမည့်အပတ်
၁၂ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စာမျက်နှာ ၄ ရှိအကြံပြုချက် သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ မေ ၁ ကင်းမျှော်စင် ဝေငှပုံ သရုပ်ပြပါ။ သရုပ်ပြအတွက် ဇာတ်အိမ်အနေနှင့် မိသားစုတစ်စု လေ့ကျင့်နေပုံကို ပြပါ။
၁၅ မိ– “ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—ယဉ်ကျေးသိမ်မွေ့ ခြင်းဖြင့်။”c
၁၈ မိ– ကောင်းမွန်သော ကိုယ်အသွင်အပြင်။ ဓမ္မအမှုကျောင်း စာအုပ်၊ စာမျက်နှာ ၁၃၁-၃ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ဖော်ပြထားသောမူငါးခုကို သုံးသပ်ပါ။ အသင်းတော်အစည်းအဝေးများအတွက် သင့်တင့်လျောက်ပတ်စွာဝတ်ဆင်ပုံကို သဘောပေါက်ရန် ကျမ်းစာသင်သားများအား ကူညီပေးဖို့ ဤအကြောင်းအရာကို လိမ္မာပါးနပ်စွာအသုံးပြုနိုင်ကြောင်း ဖော်ပြပါ။
သီချင်း ၂၁၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၂၉ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ မေလလယ်ကွင်းလုပ်ငန်း မှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။
၁၅ မိ– အောက်တိုဘာ ၁၊ ၂၀၀၄၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၀-၂၃ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။
၂၅ မိ– “အသက်အရွယ်မရွေး လူတိုင်းအတွက် ပုံသက်သေတစ်ခု။” တစ်မိနစ်ထက်မပိုစေဘဲ နိဒါန်းပျိုးပြီးနောက် ဒုတိယအပိုဒ်တွင်ဖော်ပြထားသည့် မေးခွန်းအားလုံးကို အသုံးပြု၍ နောဧ ဗီဒီယိုအတွက် ဉာဏ်စမ်းပဟေဠိကို ပရိသတ်နှင့် စတင်ဆွေးနွေးပါ။ ထို့နောက် ဒီဗီဒီတွင်ပါသည့် အကြံပြုထားသော “သင်ယူလေ့လာမှု” တွင်ပါဝင်ခြင်းမှ မိမိတို့အကျိုးကျေးဇူးခံစားခဲ့ရပုံကို ပြောပြပေးရန် မိသားစုများအား တောင်းဆိုပါ။ ၎င်းနောက် တတိယအပိုဒ်တွင်ပါသည့် မေးခွန်းနှင့် ကျမ်းချက်များကို ဆွေးနွေးပါ။
သီချင်း ၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– ပြန်လည်ပတ်မှုများပြုလုပ်ရာတွင် အောင်မြင်မှုရရှိနိုင်ပုံ။ နိုဝင်ဘာ ၁၅၊ ၂၀၀၃၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆ ရှိလေးထောင့်ကွက်ကို အခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ အကြံပြုချက်ခုနစ်ချက်ထဲမှ တစ်ချက်စီကို သုံးသပ်ပြီး ယင်းတို့ကို ဒေသအလိုက် မည်သို့ကျင့်သုံးနိုင်ကြောင်း မှတ်ချက်ပေးရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။ စာပေလက်ခံသူ သို့မဟုတ် စိတ်ဝင်စားမှုပြသူအားလုံးနှင့် ကျမ်းစာသင်အံမှုများစတင်ရန်ဟူသော ပန်းတိုင်ဖြင့် ပြန်လည်ပတ်မှုများပြုလုပ်ကြဖို့ ကြေညာသူများကို တိုက်တွန်းပါ။
သီချင်း ၅၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။