ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၀၇ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဒီဇင်ဘာ ၁၀ တွင် စမည့်အပတ်
  • ဒီဇင်ဘာ ၁၇ တွင် စမည့်အပတ်
  • ဒီဇင်ဘာ ၂၄ တွင် စမည့်အပတ်
  • ဒီဇင်ဘာ ၃၁ တွင် စမည့်အပတ်
  • ဇန်နဝါရီ ၇ တွင် စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၁၂/၀၇ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီဇင်ဘာ ၁၀ တွင် စမည့်အပတ်

သီချင်း ၄၆

၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၆ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက်သင့်လျော်သည့် အခြားတင်ဆက်နည်းများကိုအသုံးပြု၍ နိုဝင်ဘာ ၁၅ ကင်းမျှော်စင်နှင့် နိုဝင်ဘာနိုးလော့! ဝေငှပုံကို သရုပ်ပြပါ။

၂၀ မိ– ၂၀၀၈ ခုနှစ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်း။ ကျောင်းကြီးကြပ်မှူးဟောပြောရန်။ ၂၀၀၇၊ အောက်တိုဘာလထုတ် ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုမှ ဒေသခံအသင်းတော်နှင့်သက်ဆိုင်သော အချက်များကိုဆွေးနွေးပါ။ အရန်သွန်သင်ချက်ပေးသူ၏ကဏ္ဍကို ပြန်သုံးသပ်ပါ။ တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရာတွင်၊ ကျမ်းစာပေါ်လွင်ချက်များ၌ ပါဝင်ရာတွင်၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပညာရေးမှအကျိုးရယူ စာအုပ်မှ ပတ်စဉ်ပေးလာသည့် အကြံပြုချက်များကို ကျင့်သုံးရာတွင် ဝီရိယရှိကြရန် အားလုံးကို တိုက်တွန်းပါ။

၁၅ မိ– “နှလုံးကြေကွဲသောသူတို့ကို နှစ်သိမ့်ပေးပါ။”a ဒေသခံတွေ့ကြုံမှု တစ်ခုနှစ်ခုကို အတိုချုပ်ပြန်ပြောပြပါ။

သီချင်း ၃၄

ဒီဇင်ဘာ ၁၇ တွင် စမည့်အပတ်

သီချင်း ၂၈

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။

၁၅ မိ– “ဓမ္မအမှုတွင် ကျွန်ုပ်တို့ ဇွဲထက်သန်နေရမည်။”b ဓမ္မအမှုတွင်ဇွဲရှိသော ကြေညာသူတစ်ဦးကို လူတွေ့မေးမြန်းပါ။ ဤသို့မေးပါ– ဓမ္မအမှုတွင် ဇွဲရှိရှိပါဝင်နိုင်ရန် သင်မည်သို့ကြိုးစားလုပ်ဆောင်ခဲ့ရသနည်း။ ထိုသို့လုပ်ဆောင်နိုင်ရန် အဘယ်အရာက သင့်ကို ကူညီပေးသနည်း။

၂၀ မိ– “သမ္မာတရားကိုသက်သေခံသော မဂ္ဂဇင်းများကို ဝေငှပါ။”c ၂၀၀၇၊ ဧပြီလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၃ မှ အချက်များကို မှတ်ချက်ပေးရန် တောင်းဆိုပါ။

သီချင်း ၁၃၉

ဒီဇင်ဘာ ၂၄ တွင် စမည့်အပတ်

သီချင်း ၂၁၂

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ ဇန်နဝါရီလတွင် ဝေငှမည့်စာပေကို ဖော်ပြပြီး သရုပ်ပြတစ်ခု တင်ဆက်ပါ။

၁၅ မိ– နောက်ဆုံးထုတ်မဂ္ဂဇင်းများကို ဝေငှရန် ကြိုတင်ပြင်ဆင်ပါ။ ဒီဇင်ဘာ ၁ ကင်းမျှော်စင်နှင့် ဒီဇင်ဘာလထုတ် နိုးလော့! ကိုအခြေပြု၍ ပရိသတ်နှင့်ဆွေးနွေးပါ။ မဂ္ဂဇင်းတစ်စောင်စီကို အတိုချုပ်သုံးသပ်ပြီးနောက် အဘယ်ဆောင်းပါးများကို ရပ်ကွက်ရှိလူတို့ ကြိုက်နှစ်သက်နိုင်ကြောင်း၊ အဘယ်ကြောင့် ကြိုက်နှစ်သက်နိုင်ကြောင်း ပရိသတ်ကိုမေးပါ။ မိမိတို့တင်ဆက်ရန် ကြံရွယ်ထားသည့် ဆောင်းပါးအချို့အတွက် တင်ဆက်နည်းများကို အကြံပြုရန် ပရိသတ်အား ဖိတ်ခေါ်ပါ။ စကားစမြည်စတင်ပြောဆိုနိုင်ရန် အဘယ်မေးခွန်းမေးနိုင်သနည်း။ ထို့နောက် ဆောင်းပါးထဲမှ မည်သည့်ကျမ်းချက်ကို ဖတ်ပြနိုင်သနည်း။ ထိုကျမ်းချက်ကို ဆောင်းပါးနှင့်မည်သို့ဆက်စပ်ပေးနိုင်သနည်း။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုပါ နမူနာတင်ဆက်နည်းများ သို့မဟုတ် ပရိသတ်အကြံပြုသော တင်ဆက်နည်းတစ်ခုကို အသုံးပြုလျက် မဂ္ဂဇင်းတစ်စောင်စီကို မည်သို့ဝေငှနိုင်ကြောင်း သရုပ်ပြပါ။

၂၀ မိ– “ကျမ်းစာသင်အံမှုတစ်ခုကျင်းပရန် ပန်းတိုင်ထားပါ။”d မကြာသေးမီက ကျမ်းစာသင်အံမှုတစ်ခု စတင်ခဲ့သူတစ်ဦးနှစ်ဦးကို လူတွေ့မေးမြန်းပါ။ ကျမ်းစာသင်အံမှု မည်သို့စတင်ခဲ့သနည်း။ သင်အံမှု မည်သို့ဆက်တိုးတက်နေသနည်း။

သီချင်း ၂၁

ဒီဇင်ဘာ ၃၁ တွင် စမည့်အပတ်

သီချင်း ၈၉

၅ မိ– ဒေသကြေညာချက်များ။ ၂၀၀၈၊ ဇန်နဝါရီ ၁ ရက်နောက်ပိုင်းတွင် လူထုဟောပြောချက်များသည် မိနစ် ၃၀ သာဟောပြောမည်ဖြစ်ကြောင်း အသင်းတော်ကို နှိုးဆော်ပါ။ ဒီဇင်ဘာလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။

၂၀ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– ဘုရားရေးရာဆက်ကပ်အပ်နှံခြင်း၏ လှုံ့ဆော်နိုင်စွမ်း။ သစတ အပိုင်း ၁၊ အခန်း ၁၁၊ စာမျက်နှာ ၆၅-၇ ကိုအခြေခံ၍ အားပေးဟောပြောရန်။

သီချင်း ၂၀၂

ဇန်နဝါရီ ၇ တွင် စမည့်အပတ်

သီချင်း ၁၅၉

၅ မိ– ဒေသကြေညာချက်များ။

၁၅ မိ– ဘုရားသခင့်စိတ်တော်နှင့်တွေ့သော လှူဒါန်းမှုများ။ ၂၀၀၅၊ နိုဝင်ဘာ ၁၊ ကင်းမျှော်စင် စာမျက်နှာ ၂၆-၂၇ ကိုအခြေပြု၍ ဟောပြောပါ။

၂၅ မိ– “လူကိုမဟုတ်ဘဲ ဘုရားသခင်ကို အဘယ်ကြောင့် ကြောက်ရွံ့ရသနည်း။”eအပိုဒ်အားလုံးကို ဖတ်ပါ။ အပိုဒ် ၇ ကိုဆွေးနွေးပြီးနောက် လူကိုကြောက်ရွံ့စိတ်အား အောင်မြင်စွာတွန်းလှန်ခဲ့သော ကြေညာသူတစ်ဦးနှစ်ဦးကို အတိုချုပ်လူတွေ့မေးမြန်းပါ။

သီချင်း ၉၉

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

e အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ