ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၀၈ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇွန် ၉ တွင်စမည့်အပတ်
  • ဇွန် ၁၆ တွင်စမည့်အပတ်
  • ဇွန် ၂၃ တွင်စမည့်အပတ်
  • ဇွန် ၃၀ တွင်စမည့်အပတ်
  • ဇူလိုင် ၇ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၆/၀၈ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဇွန် ၉ တွင်စမည့်အပတ်

သီချင်း ၁၂၁

၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၄ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ မေ ၁ ကင်းမျှော်စင်နှင့် မေ နိုးလော့! ဝေငှပုံကိုသရုပ်ပြပါ။

၂၀ မိ– ကျမ်းစာသင်အံမှုတစ်ခုကျင်းပရန် ပြင်ဆင်ပုံ။ ဩဂုတ် ၂၀၀၄ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၁ ကိုအခြေခံ၍ ဟောပြောရန်။ ဆွေးနွေးမှုအဆုံးတွင် ကျမ်းစာသင်အံမှုတစ်ခုရရန် အားတက်သရောကြိုးစားနေသူ ကြေညာသူတစ်ဦးအား သရုပ်ပြစေပါ။ ထို့နောက် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် ဖော်ပြထားသောအကြံပြုချက်တချို့ကို လက်တွေ့ကျင့်သုံးနိုင်ကြောင်းတွေ့ရ၍ ပြင်ဆင်ထားသူ နောက်ကြေညာသူတစ်ဦးကို သရုပ်ပြစေပါ။

၁၅ မိ– “သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကိုတင်ဆက်ရန် ရိုးရှင်းသောနည်း။” သင့်ရပ်ကွက်အတွက် မည်သည့်တင်ဆက်နည်းများသည် အသင့်တော်ဆုံးဖြစ်သည်ကို ပရိသတ်နှင့်ဆွေးနွေးပါ။ အရည်အချင်းရှိကြေညာသူများကို တင်ဆက်မှုနှစ်ခု သရုပ်ပြရန် စီစဉ်ပါ။ တင်ဆက်မှုတစ်ခုစီ၌ အိမ်ရှင်နှင့် သင်အံမှုစတင်ရာတွင် ရွေးချယ်ထားသောအခန်း၏ ပထမစာပိုဒ်အသုံးပြုပုံကို ပြသင့်သည်။ ဤကြားညှပ်စာရွက်အသစ်ကို သိမ်းထားရန်နှင့် နောင်လများတွင် သမ္မာကျမ်းစာသွန်သင်ရာစာအုပ် ဝေငှသောအခါ ယင်းကို အသုံးပြုရန် ယောက်တိုင်းကို အားပေးပါ။

သီချင်း ၂၀၁

ဇွန် ၁၆ တွင်စမည့်အပတ်

သီချင်း ၉၀

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ နောက်အပတ်လုပ်ငန်းတော်စည်းဝေးတွင် ဇွန် ၁ ကင်းမျှော်စင်နှင့် ဇွန် နိုးလော့!ကိုယူလာကြရန်နှင့် အသုံးပြုဖို့ သူတို့ကြံရွယ်ထားသည့် သင့်လျော်သောတင်ဆက်မှုများကို ဆွေးနွေးဖို့ ပြင်ဆင်လာကြရန် ပရိသတ်ကို နှိုးဆော်ပါ။

၁၅ မိ– သတင်းကောင်း၏လက်တွေ့ကျတန်ဖိုးကို ပေါ်လွင်စေခြင်း။ ဓမ္မအမှုကျောင်းစာအုပ် စာမျက်နှာ ၁၅၉ ကိုအခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ဒေသခံရပ်ကွက်ရှိလူတို့ လောလောဆယ်စိုးရိမ်နေသည့်အကြောင်းများနှင့်ပတ်သက်၍ မှတ်ချက်များပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ ကျွန်ုပ်တို့၏တင်ဆက်မှုများတွင် ယင်းစိုးရိမ်မှုများကို မည်သို့ထည့်ပြောနိုင်ပုံနှင့်ပတ်သက်၍ အကြံပြုချက်များတောင်းဆိုပါ။

၂၀ မိ– “ကပ်ကျော်ရန်အတွက် သင့်မိသားစုပြင်ဆင်နေပါသလော။”a အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အားဖိတ်ခေါ်ပါ။

သီချင်း ၅၄

ဇွန် ၂၃ တွင်စမည့်အပတ်

သီချင်း ၁၄၀

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ ဇူလိုင်လတွင် ဝေငှမည့်စာပေများကို ဖော်ပြကာ တင်ဆက်မှုတစ်ခုကို သရုပ်ပြပါ။

၂၀ မိ– မှန်မှန်ရှေ့ဆောင်လုပ်ခြင်းမှရရှိသည့် ကြွယ်ဝသောအသက်တာ! ဇန်နဝါရီ ၁၅၊ ၂၀၀၈ ကင်းမျှော်စင် စာမျက်နှာ ၁၇-၁၉ ကိုအခြေခံပြီး ဟောပြောရန်။ ဖြစ်နိုင်မည်ဆိုလျှင် မှန်မှန်ရှေ့ဆောင်အသစ်တစ်ဦးနှင့် နှစ်များစွာအမှုဆောင်ခဲ့ပြီးဖြစ်သူ မှန်မှန်ရှေ့ဆောင်တစ်ဦးကို လူတွေ့မေးမြန်းနိုင်သည်။ ဤမွန်မြတ်သောလုပ်ငန်းတွင် အမှုတော်ဆောင်ခြင်းဖြင့် သူတို့၏အသက်တာ မည်သို့ကြွယ်ဝပြည့်စုံခဲ့ပုံကို ပြန်ပြောပြစေပါ။

၁၅ မိ– နောက်ဆုံးထုတ်မဂ္ဂဇင်းများ ဝေငှရန် ပြင်ဆင်ပါ။ ပရိသတ်နှင့်ဆွေးနွေးရန်။ ဇွန် ၁ ကင်းမျှော်စင်နှင့် ဇွန် နိုးလော့!ကိုအကျဉ်းချုံးသုံးသပ်ပြီးနောက် ရပ်ကွက်ရှိလူတို့ အဘယ်ဆောင်းပါးများကို အဘယ်ကြောင့် ကြိုက်နှစ်သက်နိုင်ကြောင်း ပရိသတ်ကိုမေးပါ။ သူတို့တင်ဆက်ရန် ကြံရွယ်ထားသည့် ဆောင်းပါးများမှ သတ်သတ်မှတ်မှတ်အချက်များ ဖော်ပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ စကားစမြည်စတင်ပြောနိုင်ရန် အဘယ်မေးခွန်းမေးနိုင်သနည်း။ ထို့နောက် ဆောင်းပါးထဲမှ မည်သည့်ကျမ်းချက်ကို ဖတ်ပြနိုင်သနည်း။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရိုးရှင်းသောတင်ဆက်နည်းများ သို့မဟုတ် ပရိသတ်အကြံပြုသည့် တင်ဆက်မှုတစ်ခုကို အသုံးပြုကာ မဂ္ဂဇင်းတစ်စောင်စီကို မည်သို့ဝေငှနိုင်ကြောင်း သရုပ်ပြပါ။

သီချင်း ၈၂

ဇွန် ၃၀ တွင်စမည့်အပတ်

သီချင်း ၉၇

၁၀ မိ– ဒေသကြေညာချက်များ။ ဇွန်လအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် အားလုံးကို နှိုးဆော်ပါ။

၂၀ မိ– စကားလက်ဆုံပြောဆိုနိုင်စွမ်းများ တိုးတက်နိုင်ပုံ။ ဓမ္မအမှုကျောင်းစာအုပ် စာမျက်နှာ ၆၂၊ စာပိုဒ် ၄ မှ စာမျက်နှာ ၆၄ အဆုံးထိကို အခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးပါ။ အချက်အလက်များကို ဒေသခံရပ်ကွက်တွင် လက်တွေ့ကျင့်သုံးပါ။ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် သို့မဟုတ် အလွတ်သဘောသက်သေခံရာတွင် မိမိနှင့်စကားလက်ဆုံပြောဆိုလာစေရန် လူတို့အားဆွဲဆောင်နိုင်စွမ်းရှိသည်ဟု လူသိများသောကြေညာသူတစ်ဦးကို တိုတိုတုတ်တုတ်လူတွေ့မေးမြန်းပါ။

၁၅ မိ– “လက်မလျှော့ဘဲ ဟောပြောပါ။”b အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

သီချင်း ၁၇၉

ဇူလိုင် ၇ တွင်စမည့်အပတ်

သီချင်း ၁၂၅

၁၀ မိ– ဒေသကြေညာချက်များ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “အိမ်ရှင်သည် အခြားဘာသာစကားပြောသောအခါ။”c လုပ်ငန်းတော်ကြီးကြပ်မှူးကိုင်ရန်။ အပိုဒ် ၂ ကိုဆွေးနွေးသည့်အခါ ရပ်ကွက်တစ်ခုတည်းတွင် ဟောပြောနေကြသည့် သီးခြားဘာသာစကားအုပ်စုများ သို့မဟုတ် အသင်းတော်များနှင့်ပတ်သက်၍ အသင်းတော်အား အသိပေးပါ။ ဟောပြောခြင်းလုပ်ငန်းတွင် ပူးပေါင်းလုပ်ဆောင်ဖို့ ပါဝင်ပတ်သက်သောဘာသာစကားအုပ်စုများ သို့မဟုတ် အသင်းတော်များကို ထောက်ကူရန် သတ်သတ်မှတ်မှတ်စီစဉ်ထားရာများကို သုံးသပ်ပါ။

သီချင်း ၁၈၈

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ