၂၀၀၉ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းအစီအစဉ်
ညွှန်ကြားချက်များ
၂၀၀၉ ခုနှစ်အတွင်း သီအိုကရက်တစ် ဓမ္မအမှုကျောင်းကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်သည်။
ပင်ရင်းအကြောင်းအရာ– ကမ္ဘာသစ်ဘာသာပြန်ကျမ်း [bi12]၊ “ကျမ်းစာတစ်ကျမ်းလုံး ဘုရားမှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု” [si–Bu]၊ ကြီးမြတ်သောဆရာထံမှ သင်ယူလော့ [lr–Bu] နှင့် ကျမ်းစာဖြင့်ကျိုးကြောင်း ဆင်ခြင်ခြင်း [rs–Bu]။
ကြိုဆိုနှုတ်ဆက်ခြင်းဖြင့် ကျောင်းကို အချိန်မှန် စတင်သင့်သည်။ ထို့နောက် အောက်ပါအတိုင်း ကျင်းပသွားရန်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် တစ်ပိုင်းပြီးတိုင်း နောက်အပိုင်းကို မိတ်ဆက်ပေးမည်။
ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များ– ၁၀ မိနစ်။ ပထမပိုင်းလေးမိနစ်တွင် အရည်အချင်းပြည့်မီသောအကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးသည် ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းမှ ကျမ်းချက်အချို့ကို သုံးသပ်သင့်သည်။ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းသည် ကျမ်းစာစောင်၏ ဦးဆုံးအခန်းကြီးဖြင့်စတင်သည့် အပတ်မှလွဲ၍ ယင်းအတိုင်းပြုလုပ်မည်။ ကျမ်းစာစောင်၏ ဦးဆုံးအခန်းကြီးဖြင့် စတင်သည့်အပတ်တွင် ပထမပိုင်းလေးမိနစ်ကို “ကျမ်းစာတစ်ကျမ်းလုံး” မှကောက်နုတ်သင့်သည်။ ဥပမာ၊ ကမ္ဘာဦးကျမ်း၏ အစပိုင်းအခန်းကြီးငါးခန်းကို ဇန်နဝါရီ ၅ ရက်အပတ်တွင် သုံးသပ်မည်ဖြစ်ရာ ဟောပြောသူသည် “ကျမ်းစာတစ်ကျမ်းလုံး” စာအုပ်တွင် တွေ့ရသော ကမ္ဘာဦးကျမ်း၏ နိဒါန်းအပိုဒ်များမှ အဓိကအချက်အနည်းငယ်ကို ရွေးချယ်သင့်သည်။ သူသည် အသင်းတော်အတွက် အကျိုးရှိစေမည့်နည်းဖြင့် အကြောင်းအရာကို တင်ပြသင့်သည်။ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းကို ဆွေးနွေးသုံးသပ်သည်ဖြစ်စေ၊ “ကျမ်းစာတစ်ကျမ်းလုံး” စာအုပ်မှအချက်များကို ဆွေးနွေးသုံးသပ်သည်ဖြစ်စေ အဓိကဦးတည်ချက်မှာ အချက်အလက်များသည် အဘယ်ကြောင့်နှင့် အဘယ်သို့ တန်ဖိုးရှိသည်ကို ပရိသတ်သဘောပေါက်စေရန်ဖြစ်သည်။ ဟောပြောသူသည် အဖွင့်ပိုင်းအတွက် သတ်မှတ်ထားသည့် လေးမိနစ်ထက်မကျော်စေရန် ဂရုစိုက်သင့်သည်။ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းတွင် ပရိသတ်သိရှိသဘောပေါက်ခဲ့ရာများနှင့်ပတ်သက်၍ စက္ကန့် ၃၀ သို့မဟုတ် ထိုထက်နည်းလျက် တိုတုတ်သောမှတ်ချက်များပေးရန် ခြောက်မိနစ်ကို သီးသန့်ဖယ်ထားကြောင်း သေချာစေသင့်သည်။ ထို့နောက် ကျောင်းကြီးကြပ်မှူးသည် အခြားအတန်းများတွင် တာဝန်ရထားသော ကျောင်းသားများအား ထွက်သွားစေပါမည်။
တာဝန်နံပါတ် ၁– ၄ မိနစ် သို့မဟုတ် ထိုထက်နည်း။ ညီအစ်ကိုတစ်ဦးပြုလုပ်ရမည့် ဖတ်ရှုခြင်းတာဝန်ဖြစ်သည်။ ကျောင်းသားသည် နိဒါန်း သို့မဟုတ် နိဂုံးမပါဘဲ တာဝန်ပေးထားသည့်အကြောင်းအရာကို ဖတ်ပြသင့်သည်။ ကျောင်းကြီးကြပ်မှူးသည် သဘောပေါက်မှု၊ သွက်လက်ပြေပြစ်မှု၊ ဆိုလိုရင်းသဘောပေါက်အောင် လျောက်ပတ်သောအလေးပေးမှု၊ အသံအပြောင်းအလဲ၊ သင့်လျော်သောရပ်တန့်မှုနှင့် သဘာဝကျကျဖတ်တတ်ဖို့ ကျောင်းသားများကို ကူညီရန် အထူးစိတ်ဝင်စားမည်။
တာဝန်နံပါတ် ၂– ၅ မိနစ်။ ယင်းကို ညီအစ်မတစ်ဦးအား တာဝန်ပေးပါမည်။ ဤတာဝန်ရသော ကျောင်းသူများအား သီအိုကရက်တစ် ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူ စာမျက်နှာ ၈၂ တွင်ဖော်ပြထားသည့်ဇယားမှ ဇာတ်အိမ်တစ်ခုကို သတ်မှတ်ပေးမည် သို့မဟုတ် ရွေးချယ်စေမည်။ ကျောင်းသူသည် ပေးထားသည့်အဓိကအကြောင်းကို အသုံးပြုကာ ဒေသခံရပ်ကွက်အတွက် သဘာဝကျပြီး လက်တွေ့ကျသော လယ်ကွင်းလုပ်ငန်းကဏ္ဍတစ်ခုနှင့် ယင်းကို သက်ဆိုင်စေသင့်သည်။ ပင်ရင်းအကြောင်းအရာအဖြစ် ရည်ညွှန်းချက်များကို မဖော်ပြထားလျှင် ကျောင်းသူသည် ကျွန်ုပ်တို့၏စာပေများတွင် သုတေသနပြုခြင်းဖြင့် ဤအပိုင်းအတွက် အကြောင်းအရာကို ရှာဖွေစုဆောင်းဖို့လိုပေမည်။ ကျောင်းကြီးကြပ်မှူးသည် ကျောင်းသူက အကြောင်းအရာအား အဆင့်ဆင့် ရှင်းလင်းတင်ပြသွားပုံ၊ အိမ်ရှင်အား ကျမ်းချက်များအပေါ် ဆင်ခြင်ရန်နှင့် တင်ဆက်သည့်အဓိကအချက်များအား နားလည်ရန်ကူညီပေးပုံတို့ကို အထူးစိတ်ဝင်စားမည်။ ကျောင်းကြီးကြပ်မှူးသည် အကူတစ်ဦးကို ခန့်အပ်ပေးမည်ဖြစ်သည်။
တာဝန်နံပါတ် ၃– ၅ မိနစ်။ ဤတာဝန်ကို ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးအား ပေးပေမည်။ ကျောင်းသားသည် ပေးထားသည့် အဓိကအကြောင်းကို အဆင့်ဆင့် ရှင်းလင်းတင်ပြသင့်သည်။ ပင်ရင်းအကြောင်းအရာအဖြစ် ရည်ညွှန်းချက်များကို မဖော်ပြထားလျှင် ကျောင်းသားသည် ကျွန်ုပ်တို့၏စာပေများတွင် သုတေသနပြုခြင်းဖြင့် ဤအပိုင်းအတွက် အကြောင်းအရာကို ရှာဖွေစုဆောင်းဖို့လိုပေမည်။ ဤအပိုင်းကို ညီအစ်ကိုတစ်ဦးအား တာဝန်ပေးလျှင် နိုင်ငံတော်ခန်းမရှိ ပရိသတ်ကို ရည်စူးဟောပြောသည့်အနေနှင့် တင်ပြသင့်သည်။ ဤအပိုင်းကို ညီအစ်မတစ်ဦးအား တာဝန်ပေးလျှင် တာဝန်နံပါတ် ၂ အတိုင်း အမြဲတင်ဆက်သင့်သည်။ ဘေးတွင် ခရေပွင့်ပြထားသော အဓိကအကြောင်းများကို ဟောပြောချက်အနေဖြင့် အဆင့်ဆင့်ရှင်းလင်းတင်ပြရန် ညီအစ်ကိုများအား အမြဲတာဝန်ပေးသင့်ကြောင်း၊ လက်တွေ့ကျသည့်အခါတိုင်း အကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးအား အသုံးပြုသင့်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။
သွန်သင်ချက်– ၁-၂ မိနစ်။ ကျောင်းကြီးကြပ်မှူးသည် ကျောင်းသားပြုလုပ်သွားမည့် စကားပြောအရည်အသွေးကို ကြိုကြေညာမည်မဟုတ်။ ကျောင်းကြီးကြပ်မှူးသည် တာဝန်နံပါတ် ၁၊ နံပါတ် ၂ နှင့် နံပါတ် ၃ ပြီးနောက် တင်ဆက်မှု၏ ချီးမွမ်းထိုက်သောကဏ္ဍတစ်ရပ်အပေါ် တည်ဆောက်မှုဖြစ်စေသော ရှုမြင်ချက်များ ပေးပါလိမ့်မည်။ အဘယ်ကြောင့်ထိရောက်မှုရှိကြောင်း သတ်သတ်မှတ်မှတ်အကြောင်းရင်းများကို အာရုံစိုက်စေ၍ ဓမ္မအမှုကျောင်း ကျောင်းသုံးစာအုပ်ကို မကြာခဏရည်ညွှန်းမည်ဖြစ်သည်။ ကျောင်းသားတစ်ဦးစီ၏လိုအပ်ရာနှင့်အညီ အပြုသဘောပါသော ထပ်ဆင့်သွန်သင်ချက်ကို အစည်းအဝေးပြီးသည့်အခါ သို့မဟုတ် အခြားအချိန်တစ်ချိန်တွင် သီးသန့်ပေးနိုင်သည်။
အချိန်– မည်သည့်ဟောပြောချက်မျှ အချိန်မကျော်သင့်ပါ၊ သွန်သင်ချက်ပေးသူ၏မှတ်ချက်များလည်း အချိန်မကျော်သင့်ပါ။ တာဝန်နံပါတ် ၁၊ နံပါတ် ၂ နှင့် နံပါတ် ၃ တို့ အချိန်စေ့ပါက လိမ္မာပါးနပ်စွာ ရပ်ဆိုင်းစေသင့်သည်။ ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များကို ကိုင်တွယ်သောညီအစ်ကိုများ အချိန်ကျော်လျှင် သီးသန့်သွန်သင်ချက်ပေးသင့်သည်။ အားလုံး အချိန်မကျော်ရန် ဂရုစိုက်သင့်သည်။ အစီအစဉ်၏ စုစုပေါင်းကြာချိန်သည် မိနစ် ၃၀ ဖြစ်သည်။
သွန်သင်ချက်ပုံစံ– ဓမ္မအမှုကျောင်း ကျောင်းသုံးစာအုပ်တွင်။
အရန်သွန်သင်ချက်ပေးသူ– ဖြစ်နိုင်လျှင် အကြီးအကဲအဖွဲ့သည် ကျောင်းကြီးကြပ်မှူးအပြင် အရန်သွန်သင်ချက်ပေးသူအဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းရှိ အကြီးအကဲတစ်ဦးကို ရွေးချယ်နိုင်သည်။ အသင်းတော်တွင် အကြီးအကဲအတော်များများရှိပါက ဤတာဝန်ကို အရည်အချင်းပြည့်မီသော အကြီးအကဲတစ်ဦးလျှင် တစ်နှစ်စီ ထမ်းဆောင်နိုင်သည်။ အရန်သွန်သင်ချက်ပေးသူ၏တာဝန်သည် ကျမ်းစာပေါ်လွင်ချက်များတင်ဆက်သော ညီအစ်ကိုများအား လိုအပ်လျှင် သီးသန့်သွန်သင်ချက်ပေးရန်ဖြစ်သည်။ သူသည် အကြီးအကဲချင်း သို့မဟုတ် ဓမ္မအမှုထမ်းချင်းများ၏ ထိုသို့သော ဟောပြောချက်တစ်ခုပြီးတိုင်း သွန်သင်ချက်ပေးရန်မလိုပေ။
သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း– ၂၀ မိနစ်။ ကျောင်းကြီးကြပ်မှူးသည် ပြန်လည်သုံးသပ်ခြင်းကို နှစ်လတစ်ကြိမ်ပြုလုပ်ပါမည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များကို သုံးသပ်ပြီးသည့်အခါ ယင်းကို ဆက်ပြုလုပ်ပါမည်။ ပြန်လည်သုံးသပ်ခြင်းသည် လက်ရှိအပတ်အပါအဝင် ယခင်နှစ်လအတွင်း ကျောင်းတွင်သုံးသပ်ခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံမည်ဖြစ်သည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်မည့်အပတ်တွင် သင့်အသင်းတော်သည် တိုက်နယ်စည်းဝေးပွဲရှိလျှင် သို့မဟုတ် တိုက်နယ်ကြီးကြပ်မှူး လည်ပတ်လျှင် ပြန်လည်သုံးသပ်ခြင်းကို တစ်ပတ်ရွှေ့ဆိုင်းကာ နောက်အပတ်အစီအစဉ်မှ တာဝန်နံပါတ် ၁၊ နံပါတ် ၂ နှင့် နံပါတ် ၃ ကို အသုံးပြုသင့်သည်။ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း သို့မဟုတ် ကျမ်းစာပေါ်လွင်ချက်များ တင်ဆက်ခြင်းအစီအစဉ်တွင် အပြောင်းအလဲများ မပြုလုပ်သင့်ချေ။
အစီအစဉ်
ဇန်. ၅ကျမ်းစာဖတ်ရှုခြင်း–ကမ္ဘာဦး ၁–၅
နံပါတ် ၁– ကမ္ဘာဦး ၃:၁-၁၅
နံပါတ် ၂– ယေရှု ဘာကြောင့် ကြီးမြတ်တဲ့ဆရာ ဖြစ်တဲ့အကြောင်း (lr–BU
အခန်း ၁)
နံပါတ် ၃– အချည်းနှီးမဟုတ်သောအရာကား အဘယ်နည်း (၁ ကော. ၁၅:၅၈)
ဇန်. ၁၂ ကျမ်းစာဖတ်ရှုခြင်း–ကမ္ဘာဦး ၆–၁၀
နံပါတ် ၁– ကမ္ဘာဦး ၉:၁-၁၇
နံပါတ် ၂– ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်သော ကန့်ကွက်မှုများကို တုံ့ပြန်ခြင်း (rs–BU စ. ၂၀၀ ¶၄–စ. ၂၀၂ ¶၁)
နံပါတ် ၃– မေတ္တာရှင်ဘုရားသခင်ဆီက စာတစ်စောင် (lr–BU အခန်း ၂)
ဇန်. ၁၉ ကျမ်းစာဖတ်ရှုခြင်း–ကမ္ဘာဦး ၁၁–၁၆
နံပါတ် ၁– ကမ္ဘာဦး ၁၄:၁-၁၆
နံပါတ် ၂– အရာခပ်သိမ်းကို ဖန်တီးတဲ့အရှင် (lr–BU အခန်း ၃)
နံပါတ် ၃– ယေဟောဝါသည် ကျွန်ုပ်တို့ကို မည်သို့ ပုံသွင်းသနည်း (ဟေရှာ. ၆၄:၈)
ဇန်. ၂၆ ကျမ်းစာဖတ်ရှုခြင်း–ကမ္ဘာဦး ၁၇–၂၀
နံပါတ် ၁– ကမ္ဘာဦး ၁၇:၁-၁၇
နံပါတ် ၂– လူတို့သည် တရားမျှတသောအစိုးရတစ်ခုကို အဘယ်ကြောင့် မတည်ထောင်နိုင်ခဲ့ကြသနည်း (rs–BU စ. ၃၇၉-၈၀ ¶၆)
နံပါတ် ၃– ဘုရားသခင်မှာ နာမည်တစ်ခုရှိတယ် (lr–BU အခန်း ၄)
ဖေ. ၂ ကျမ်းစာဖတ်ရှုခြင်း–ကမ္ဘာဦး ၂၁–၂၄
နံပါတ် ၁– ကမ္ဘာဦး ၂၂:၁-၁၈
နံပါတ် ၂– ‘ဤသူသည် ငါ၏သားဖြစ်၏’ (lr–BU အခန်း ၅)
နံပါတ် ၃–a အခြားသူများအပေါ် ကျွန်ုပ်တို့၏မေတ္တာကို ကျယ်ဝန်းစေနိုင်သည့် နည်းလမ်းများ (၂ ကော. ၆:၁၁-၁၃)
ဖေ. ၉ ကျမ်းစာဖတ်ရှုခြင်း–ကမ္ဘာဦး ၂၅–၂၈
နံပါတ် ၁– ကမ္ဘာဦး ၂၅:၁-၁၈
နံပါတ် ၂– ကြီးမြတ်တဲ့ဆရာ သူတစ်ပါးအကျိုး ဆောင်ခဲ့တယ် (lr–BU အခန်း ၆)
နံပါတ် ၃– သက်သာရာရရန်ဟူသည့် လူ့ကြိုးပမ်းမှုများ အဘယ်ကြောင့် မအောင်မြင်နိုင် (rs–BU စ. ၃၈၁ ¶၁-၆)
ဖေ. ၁၆ ကျမ်းစာဖတ်ရှုခြင်း–ကမ္ဘာဦး ၂၉–၃၁
နံပါတ် ၁– ကမ္ဘာဦး ၂၉:၁-၂၀
နံပါတ် ၂– ကျွန်ုပ်တို့သည် အဘယ်ကြောင့် ‘မစိုးရိမ်သင့်တော့’ သနည်း (မ. ၆:၂၅)
နံပါတ် ၃– နာခံမှုက အကာအကွယ်ပေးတယ် (lr–BU အခန်း ၇)
ဖေ. ၂၃ ကျမ်းစာဖတ်ရှုခြင်း–ကမ္ဘာဦး ၃၂–၃၅
သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
မတ်. ၂ ကျမ်းစာဖတ်ရှုခြင်း–ကမ္ဘာဦး ၃၆–၃၉
နံပါတ် ၁– ကမ္ဘာဦး ၃၉:၁-၁၆
နံပါတ် ၂– တို့ထက်အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေရှိတယ် (lr–BU အခန်း ၈)
နံပါတ် ၃– ဘုရားသခင့်နိုင်ငံတော်သာလျှင် လူသားတို့၏ အမှန်လိုအပ်ရာများကို ဖြည့်ဆည်းပေးနိုင် (rs–BU စ. ၃၈၂ ¶၁-၅)
မတ်. ၉ ကျမ်းစာဖတ်ရှုခြင်း–ကမ္ဘာဦး ၄၀–၄၂
နံပါတ် ၁– ကမ္ဘာဦး ၄၀:၁-၁၅
နံပါတ် ၂– စုံစမ်းသွေးဆောင်မှုတွေကို ခုခံရမယ် (lr–BU အခန်း ၉)
နံပါတ် ၃–b လွတ်လပ်လိုစိတ်ကို သတိပြု
မတ်. ၁၆ ကျမ်းစာဖတ်ရှုခြင်း–ကမ္ဘာဦး ၄၃–၄၆
နံပါတ် ၁– ကမ္ဘာဦး ၄၄:၁-၁၇
နံပါတ် ၂– နတ်ဆိုးတွေကိုနိုင်တဲ့ ယေရှုရဲ့တန်ခိုး (lr–BU အခန်း ၁၀)
နံပါတ် ၃– ကျမ်းစာအနာဂတ္တိစကားများသည် အကြွင်းမဲ့အားထားလောက်ကြောင်း ထင်ရှားခဲ့လေပြီ (rs–BU စ. ၃၈၃ ¶၁-၄)
မတ်. ၂၃ ကျမ်းစာဖတ်ရှုခြင်း–ကမ္ဘာဦး ၄၇–၅၀
နံပါတ် ၁– ကမ္ဘာဦး ၄၈:၁-၁၆
နံပါတ် ၂– စာတန်ကို ကြောက်ရွံ့သင့်သလော
နံပါတ် ၃– ဘုရားသခင့်ကောင်းကင်တမန်တွေဆီက အကူအညီ (lr–BU အခန်း ၁၁)
မတ်. ၃၀ ကျမ်းစာဖတ်ရှုခြင်း–ထွက်မြောက်ရာ ၁–၆
နံပါတ် ၁– ထွက်မြောက်ရာ ၁:၁-၁၉
နံပါတ် ၂– တို့တစ်တွေ ဆုတောင်းဖို့ ယေရှုသင်ပေးတယ် (lr–BU အခန်း ၁၂)
နံပါတ် ၃– ယနေ့အံ့ဖွယ်ကုသမှုသည် ဘုရားသခင့်ဝိညာဉ်တော်အားဖြင့်လော (rs–BU စ. ၂၅ ¶၁-၄)
ဧပြီ ၆ ကျမ်းစာဖတ်ရှုခြင်း–ထွက်မြောက်ရာ ၇–၁၀
နံပါတ် ၁– ထွက်မြောက်ရာ ၉:၁-၁၉
နံပါတ် ၂– ယေရှုရဲ့တပည့်ဖြစ်လာတဲ့သူတွေ (lr–BU အခန်း ၁၃)
နံပါတ် ၃–c ကျွန်ုပ်တို့သည် ဂလာတိ ၆:၂ နှင့် ဂလာတိ ၆:၅ ကို မည်သို့ညီညွတ်စေနိုင်သနည်း
ဧပြီ ၁၃ ကျမ်းစာဖတ်ရှုခြင်း–ထွက်မြောက်ရာ ၁၁–၁၄
နံပါတ် ၁– ထွက်မြောက်ရာ ၁၂:၂၁-၃၆
နံပါတ် ၂– ဘာကြောင့် ခွင့်လွှတ်ရတဲ့အကြောင်း (lr–BU အခန်း ၁၄)
နံပါတ် ၃– ယေရှုနှင့် တမန်တော်များ၏ကုသမှုနှင့် မျက်မှောက်ခေတ်ကုသမှုများ၏ ကွာခြားချက် (rs–BU စ. ၂၆ ¶၁-၄)
ဧပြီ ၂၀ ကျမ်းစာဖတ်ရှုခြင်း–ထွက်မြောက်ရာ ၁၅–၁၈
နံပါတ် ၁– ထွက်မြောက်ရာ ၁၅:၁-၁၉
နံပါတ် ၂– အယူမှားဘာသာရေးနှင့် ကင်းကင်းရှင်းရှင်းနေခြင်းတွင် အဘယ်အရာ ပါဝင်သနည်း
နံပါတ် ၃– ကြင်နာတတ်ဖို့ သင်ခန်းစာ (lr–BU အခန်း ၁၅)
ဧပြီ ၂၇ ကျမ်းစာဖတ်ရှုခြင်း–ထွက်မြောက်ရာ ၁၉–၂၂
သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
မေ ၄ ကျမ်းစာဖတ်ရှုခြင်း–ထွက်မြောက်ရာ ၂၃–၂၆
နံပါတ် ၁– ထွက်မြောက်ရာ ၂၄:၁-၁၈
နံပါတ် ၂– ဘာက တကယ်အရေးကြီးသလဲ (lr–BU အခန်း ၁၆)
နံပါတ် ၃– ယနေ့ခရစ်ယာန်စစ်တို့ကို ခွဲခြားသိမြင်နိုင်ပုံ (rs–BU စ. ၂၆ ¶၅–စ. ၂၇ ¶၄)
မေ ၁၁ ကျမ်းစာဖတ်ရှုခြင်း–ထွက်မြောက်ရာ ၂၇–၂၉
နံပါတ် ၁– ထွက်မြောက်ရာ ၂၉:၁-၁၈
နံပါတ် ၂– ပျော်ရွှင်ဖို့နည်းလမ်း (lr–BU အခန်း ၁၇)
နံပါတ် ၃–d သစ္စာစောင့်သိမှုကို လွဲမှားစွာတင်ပြခြင်းနှင့် ၎င်း၏အန္တရာယ်
မေ ၁၈ ကျမ်းစာဖတ်ရှုခြင်း–ထွက်မြောက်ရာ ၃၀–၃၃
နံပါတ် ၁– ထွက်မြောက်ရာ ၃၁:၁-၁၈
နံပါတ် ၂– ကုသခြင်းဆုကျေးဇူးများကို ပထမရာစုတွင် အဘယ်ကြောင့်ပေးခဲ့ (rs–BU စ. ၂၈ ¶၁-၄)
နံပါတ် ၃– ကျေးဇူးတင်ပါတယ်လို့ပြောဖို့ သတိရသလား (lr–BU အခန်း ၁၈)
မေ ၂၅ ကျမ်းစာဖတ်ရှုခြင်း–ထွက်မြောက်ရာ ၃၄–၃၇
နံပါတ် ၁– ထွက်မြောက်ရာ ၃၇:၁-၂၄
နံပါတ် ၂– ရန်ဖြစ်တာ ကောင်းသလား (lr–BU အခန်း ၁၉)
နံပါတ် ၃–e အလိုလိုက်ခြင်းဟူသည်အဘယ်နည်း၊ ယင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် ရှောင်သင့်သနည်း။
ဇွန် ၁ ကျမ်းစာဖတ်ရှုခြင်း–ထွက်မြောက်ရာ ၃၈–၄၀
နံပါတ် ၁– ထွက်မြောက်ရာ ၄၀:၁-၁၉
နံပါတ် ၂– အမြဲတမ်း ပထမနေရာချည်းပဲ လိုချင်သလား (lr–BU အခန်း ၂၀)
နံပါတ် ၃– လူသားအားလုံးအတွက် စစ်မှန်သောကုသမှုနှင့်စပ်လျဉ်း၍ အဘယ်မျှော်လင့်ချက်ရှိသနည်း (rs–BU စ. ၂၉ ¶၁-၃)
ဇွန် ၈ ကျမ်းစာဖတ်ရှုခြင်း–ဝတ်ပြုရာ ၁–၅
နံပတ် ၁– ဝတ်ပြုရာ ၄:၁-၁၅
နံပါတ် ၂– တစ်ခုခုအတွက် ဝါကြွားသင့်သလား (lr–BU အခန်း ၂၁)
နံပါတ် ၃–f ခရစ်ယာန်များသည် အခွင့်အာဏာကို မည်သို့ကျင့်သုံးသင့်သနည်း
ဇွန် ၁၅ ကျမ်းစာဖတ်ရှုခြင်း–ဝတ်ပြုရာ ၆–၉
နံပါတ် ၁– ဝတ်ပြုရာ ၈:၁-၁၇
နံပါတ် ၂– ‘အံ့ဖွယ်ကုသမှုကို သင်ယုံသလော’ (rs–BU စ. ၂၉ ¶၄-၅)
နံပါတ် ၃– ဘာကြောင့် လိမ်မပြောသင့်တဲ့အကြောင်း (lr–BU အခန်း ၂၂)
ဇွန် ၂၂ ကျမ်းစာဖတ်ရှုခြင်း–ဝတ်ပြုရာ ၁၀–၁၃
နံပါတ် ၁– ဝတ်ပြုရာ ၁၁:၂၉-၄၅
နံပါတ် ၂– လူတွေ ဖျားနာရတဲ့အကြောင်းရင်း (lr–BU အခန်း ၂၃)
နံပါတ် ၃– နှစ်ခြင်းခံပြီးသောတပည့်များ ခံစားရသည့် ကောင်းချီးများ
ဇွန် ၂၉ ကျမ်းစာဖတ်ရှုခြင်း–ဝတ်ပြုရာ ၁၄–၁၆
သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
ဇူလိုင် ၆ ကျမ်းစာဖတ်ရှုခြင်း–ဝတ်ပြုရာ ၁၇–၂၀
နံပါတ် ၁– ဝတ်ပြုရာ ၁၉:၁-၁၈
နံပါတ် ၂– ကျွန်ုပ်တို့အားလုံး လူဖြစ်မလာမီ နာမ်ဝိညာဉ်ဘောင်၌ အသက်ရှင်ခဲ့ဖူးသလော (rs–BU စ. ၃၈ ¶၁-၅)
နံပါတ် ၃– ဘယ်တော့မှ သူခိုးမဖြစ်စေပါနဲ့ (lr–BU
အခန်း ၂၄)
ဇူလိုင် ၁၃ ကျမ်းစာဖတ်ရှုခြင်း–ဝတ်ပြုရာ ၂၁–၂၄
နံပါတ် ၁– ဝတ်ပြုရာ ၂၂:၁၇-၃၃
နံပါတ် ၂– မကောင်းတာလုပ်တဲ့သူတွေ ပြောင်းလဲနိုင်သလား (lr–BU အခန်း ၂၅)
နံပါတ် ၃– စစ်မှန်သောခရစ်ယာန်များ နွမ်းပါးသူများအပေါ် စိုးရိမ်ကြောင့်ကြမှုပြနိုင်ပုံ
ဇူလိုင် ၂၀ ကျမ်းစာဖတ်ရှုခြင်း–ဝတ်ပြုရာ ၂၅–၂၇
နံပါတ် ၁– ဝတ်ပြုရာ ၂၅:၃၉-၅၄
နံပါတ် ၂– ကောင်းတာလုပ်ဖို့ ဘာကြောင့် ခက်ရတဲ့အကြောင်း (lr–BU အခန်း ၂၆)
နံပါတ် ၃– အာဒံအပြစ်မပြုခဲ့ပါက နောက်ဆုံး၌ ကောင်းကင်သို့သွားခဲ့မည်လော (rs–BU စ. ၃၈ ¶၆–စ. ၃၉ ¶၁)
ဇူလိုင် ၂၇ ကျမ်းစာဖတ်ရှုခြင်း–တောလည်ရာ ၁–၃
နံပါတ် ၁– တောလည်ရာ ၃:၁-၂၀
နံပါတ် ၂– နူးညံ့သိမ်မွေ့မှုတွင် ချုပ်တည်းခြင်းရှိဖို့လို
နံပါတ် ၃– ကလေးတို့ရဲ့ဘုရားသခင် ဘယ်သူလဲ (lr–BU အခန်း ၂၇)
ဩဂုတ် ၃ ကျမ်းစာဖတ်ရှုခြင်း–တောလည်ရာ ၄–၆
နံပါတ် ၁– တောလည်ရာ ၄:၁-၁၆
နံပါတ် ၂– ဘယ်သူ့ကို နာခံရမလဲ (lr–BU အခန်း ၂၈)
နံပါတ် ၃– လူသည် ကောင်းကင်သွားမှသာ တကယ်ပျော်ရွှင်သောအနာဂတ်ကို ရမည်လော (rs–BU စ. ၃၉ ¶၂-၄)
ဩဂုတ် ၁၀ ကျမ်းစာဖတ်ရှုခြင်း–တောလည်ရာ ၇–၉
နံပါတ် ၁– တောလည်ရာ ၉:၁-၁၄
နံပါတ် ၂– ပါတီပွဲအားလုံးကို ဘုရားသခင်ကြိုက်သလား (lr–BU အခန်း ၂၉)
နံပါတ် ၃– ယေဟောဝါအား ကျွန်ုပ်တို့ သစ္စာစောင့်သိကြောင်း ပြနိုင်သည့် နည်းလမ်းများ
ဩဂုတ် ၁၇ ကျမ်းစာဖတ်ရှုခြင်း–တောလည်ရာ ၁၀–၁၃
နံပါတ် ၁– တောလည်ရာ ၁၃:၁၇-၃၃
နံပါတ် ၂– ကြောက်စိတ်ကို အောင်နိုင်ဖို့ အကူအညီ (lr–BU
အခန်း ၃၀)
နံပါတ် ၃– ၁ ပေတရု ၃:၁၉၊ ၂၀ ကဘာကိုဆိုလိုသနည်း (rs–BU
စ. ၃၉ ¶၅)
ဩဂုတ် ၂၄ ကျမ်းစာဖတ်ရှုခြင်း–တောလည်ရာ ၁၄–၁၆
နံပါတ် ၁– တောလည်ရာ ၁၄:၂၆-၄၃
နံပါတ် ၂– ဘုရားသခင့်တရားတော်ကို နှစ်သက်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း (ဆာ. ၁၁၉:၉၇)
နံပါတ် ၃– နှစ်သိမ့်မှုကို တွေ့နိုင်တဲ့နေရာ (lr–BU အခန်း ၃၁)
ဩဂုတ် ၃၁ ကျမ်းစာဖတ်ရှုခြင်း–တောလည်ရာ ၁၇–၂၁
သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
စက်. ၇ ကျမ်းစာဖတ်ရှုခြင်း–တောလည်ရာ ၂၂–၂၅
နံပါတ် ၁– တောလည်ရာ ၂၂:၂၀-၃၅
နံပါတ် ၂– ယေရှု ကာကွယ်ခံရပုံအကြောင်း (lr–BU
အခန်း ၃၂)
နံပါတ် ၃–၁ ပေတရု ၄:၆ ၏အဓိပ္ပာယ်ကား အဘယ်နည်း (rs–BU စ. ၄၀ ¶၁)
စက်. ၁၄ ကျမ်းစာဖတ်ရှုခြင်း–တောလည်ရာ ၂၆–၂၉
နံပါတ် ၁– တောလည်ရာ ၂၇:၁-၁၄
နံပါတ် ၂– အလိုတော်နှင့်ညီခြင်းဟူသည်အဘယ်နည်း၊ ယင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း (ဧ. ၆:၄)
နံပါတ် ၃– တို့တစ်တွေကို ယေရှု ကာကွယ်ပေးနိုင်တယ် (lr–BU အခန်း ၃၃)
စက်. ၂၁ ကျမ်းစာဖတ်ရှုခြင်း–တောလည်ရာ ၃၀–၃၂
နံပါတ် ၁– တောလည်ရာ ၃၂:၁-၁၅
နံပါတ် ၂– တို့တစ်တွေသေရင် ဘာဖြစ်သွားမလဲ (lr–BU
အခန်း ၃၄)
နံပါတ် ၃– ကောင်းကင်အသက်တာသည် ခရစ်ယာန်အားလုံးအတွက် မျှော်လင့်ချက်လော (rs–BU
စ. ၄၀ ¶၂–စ. ၄၁ ¶၂)
စက်. ၂၈ ကျမ်းစာဖတ်ရှုခြင်း–တောလည်ရာ ၃၃–၃၆
နံပါတ် ၁– တောလည်ရာ ၃၃:၁-၂၃
နံပါတ် ၂– တို့တစ်တွေ သေခြင်းကနေ ပြန်နိုးလာနိုင်တယ်! (lr–BU အခန်း ၃၅)
နံပါတ် ၃– ဘုရားသခင့်နိုင်ငံတော်က လူ့အစိုးရအားလုံးထက် သာလွန်သည့်နည်းများ
အောက်. ၅ ကျမ်းစာဖတ်ရှုခြင်း–တရားဟောရာ ၁–၃
နံပါတ် ၁– တရားဟောရာ ၂:၁-၁၅
နံပါတ် ၂– “ဓမ္မသစ်ကျမ်း” ကမြေကြီးပေါ် ထာဝစဉ်အသက်ရှင်ခြင်းအကြောင်း ဘာပြောသနည်း (rs–BU စ. ၄၁ ¶၃–စ. ၄၂ ¶၄)
နံပါတ် ၃– ဘယ်သူတွေ ရှင်ပြန်ထမြောက်လာကြမလဲ၊ သူတို့ ဘယ်မှာ နေထိုင်ကြမလဲ (lr–BU အခန်း ၃၆)
အောက်. ၁၂ ကျမ်းစာဖတ်ရှုခြင်း–တရားဟောရာ ၄–၆
နံပါတ် ၁– တရားဟောရာ ၄:၁၅-၂၈
နံပါတ် ၂– ယေဟောဝါနဲ့ ကိုယ်တော့်သားတော်တို့ကို သတိရအောက်မေ့ခြင်း (lr–BU
အခန်း ၃၇)
နံပါတ် ၃– အနည်းငယ်ရှိခြင်းက သာ၍ကောင်းသည်ဟု အဘယ်အချိန်တွင် ပြောနိုင်သနည်း (သု. ၁၅:၁၆)
အောက်. ၁၉ ကျမ်းစာဖတ်ရှုခြင်း–တရားဟောရာ ၇–၁၀
နံပါတ် ၁– တရားဟောရာ ၉:၁-၁၄
နံပါတ် ၂– ယေရှုကို ဘာကြောင့် ချစ်သင့်တဲ့အကြောင်း (lr–BU အခန်း ၃၈)
နံပါတ် ၃– သမ္မာကျမ်းစာက လူမည်မျှအား ကောင်းကင်အသက်တာမျှော်လင့်ချက်ကို ပေးသနည်း (rs–BU စ. ၄၃ ¶၁-၂)
အောက်. ၂၆ ကျမ်းစာဖတ်ရှုခြင်း–တောလည်ရာ ၁၁–၁၃
သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
နို. ၂ ကျမ်းစာဖတ်ရှုခြင်း–တရားဟောရာ ၁၄–၁၈
နံပါတ် ၁– တရားဟောရာ ၁၅:၁-၁၅
နံပါတ် ၂– ဘုရားသခင်ကို ကြောက်ရွံ့ ခြင်းတွင် အဘယ်အရာ ပါဝင်ပတ်သက်သနည်း
နံပါတ် ၃– ဘုရားသခင် သူ့သားတော်ကို သတိရတဲ့အကြောင်း (lr–BU အခန်း ၃၉)
နို. ၉ ကျမ်းစာဖတ်ရှုခြင်း–တရားဟောရာ ၁၉–၂၂
နံပါတ် ၁– တရားဟောရာ ၂၂:၁-၁၉
နံပါတ် ၂– ဘုရားသခင် ပျော်ရွှင်အောင် ဘယ်လိုလုပ်နိုင်တဲ့အကြောင်း (lr–BU
အခန်း ၄၀)
နံပါတ် ၃– ၁၄၄,၀၀၀ အားလုံး ပကတိဂျူးများချည်းလော (rs–BU စ. ၄၃ ¶၃-၆)
နို. ၁၆ ကျမ်းစာဖတ်ရှုခြင်း–တရားဟောရာ ၂၃–၂၇
နံပါတ် ၁– တရားဟောရာ ၂၅:၁-၁၆
နံပါတ် ၂– ဘုရားသခင်ကို ပျော်ရွှင်စေတဲ့ကလေးတွေ (lr–BU အခန်း ၄၁)
နံပါတ် ၃–g ကျွန်ုပ်တို့သည် အဘယ်အရာများကို သန့်ရှင်းမြင့်မြတ်ရာများအဖြစ် ရှုမြင်သင့်သနည်း
နို. ၂၃ ကျမ်းစာဖတ်ရှုခြင်း–တရားဟောရာ ၂၈–၃၁
နံပါတ် ၁– တရားဟောရာ ၃၀:၁-၁၄
နံပါတ် ၂– အလုပ်လုပ်ဖို့ လိုအပ်ရတဲ့အကြောင်း (lr–BU အခန်း ၄၂)
နံပါတ် ၃– “လူအုပ်ကြီး” ၏ကျမ်းဆိုင်ရာမျှော်လင့်ချက်ကား အဘယ်နည်း (rs–BU
စ. ၄၄ ¶၁-၃)
နို. ၃၀ ကျမ်းစာဖတ်ရှုခြင်း–တရားဟောရာ ၃၂–၃၄
နံပါတ် ၁– တရားဟောရာ ၃၂:၁-၂၁
နံပါတ် ၂– ‘ယေဟောဝါ၏နေ့ကြီး’ ဟူသည် အဘယ်နည်း (ဇေ. ၁:၁၄)
နံပါတ် ၃– တို့တစ်တွေရဲ့ ညီအစ်ကို ညီအစ်မတွေဟာ ဘယ်သူတွေလဲ (lr–BU အခန်း ၄၃)
ဒီ. ၇ ကျမ်းစာဖတ်ရှုခြင်း–ယောရှု ၁–၅
နံပါတ် ၁– ယောရှု ၅:၁-၁၅
နံပါတ် ၂– ဘုရားသခင်ကို ချစ်တဲ့သူတွေနဲ့ မိတ်ဖွဲ့သင့်တယ် (lr–BU အခန်း ၄၄)
နံပါတ် ၃– ဘုရားသခင့်နိုင်ငံတော်ဟာ ဘာလဲ၊ နိုင်ငံတော်ကို လိုလားကြောင်း ဘယ်လိုပြမလဲ (lr–BU အခန်း ၄၅)
ဒီ. ၁၄ ကျမ်းစာဖတ်ရှုခြင်း–ယောရှု ၆–၈
နံပါတ် ၁– ယောရှု ၈:၁-၁၇
နံပါတ် ၂– လောကတစ်ခုကို ရေလွှမ်းမိုးဖျက်ဆီးခဲ့တယ်—နောက်တစ်ခါ ဖျက်ဆီးဦးမလား (lr–BU အခန်း ၄၆)
နံပါတ် ၃– ဒေသနာ ၇:၂၁၊ ၂၂ သည် အဘယ်ကြောင့် လက်တွေ့ကျအကြံဉာဏ် ဖြစ်သနည်း
ဒီ. ၂၁ ကျမ်းစာဖတ်ရှုခြင်း–ယောရှု ၉–၁၁
နံပါတ် ၁– ယောရှု ၉:၁-၁၅
နံပါတ် ၂– အာမဂေဒုန်နီးပြီလို့ ဘယ်လိုပြောနိုင်သလဲ (lr–BU အခန်း ၄၇)
နံပါတ် ၃– ဘုရားသခင်ရဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာသစ်—အဲ့ဒီမှာ နေထိုင်နိုင်တယ် (lr–BU
အခန်း ၄၈)
ဒီ. ၂၈ ကျမ်းစာဖတ်ရှုခြင်း–ယောရှု ၁၂–၁၅
သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
[အောက်ခြေမှတ်ချက်များ]
a ညီအစ်ကိုများကိုသာ တာဝန်ပေးပါ၊ အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းဆိုလျှင် ပိုကောင်း။
b ညီအစ်ကိုများကိုသာ တာဝန်ပေးပါ၊ အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းဆိုလျှင် ပိုကောင်း။
c ညီအစ်ကိုများကိုသာ တာဝန်ပေးပါ၊ အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းဆိုလျှင် ပိုကောင်း။
d ညီအစ်ကိုများကိုသာ တာဝန်ပေးပါ၊ အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းဆိုလျှင် ပိုကောင်း။
e ညီအစ်ကိုများကိုသာ တာဝန်ပေးပါ၊ အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းဆိုလျှင် ပိုကောင်း။
f ညီအစ်ကိုများကိုသာ တာဝန်ပေးပါ၊ အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းဆိုလျှင် ပိုကောင်း။
g ညီအစ်ကိုများကိုသာ တာဝန်ပေးပါ၊ အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းဆိုလျှင် ပိုကောင်း။