လုပ်ငန်းတော်စည်းဝေးအစီအစဉ်
သတိပြုရန်– နောက်လအနည်းငယ်အတွင်း လုပ်ငန်းတော်အစည်းအဝေး ပတ်စဉ်အစီအစဉ်များကို ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် ဖော်ပြပါမည်။ အသင်းတော်များသည် “ဘုရားသခင့်စွမ်းအားတော် ဦးဆောင်လမ်းပြမှု” ခရိုင်စည်းဝေးကြီး တက်ရောက်နိုင်ရန် လိုအပ်သလို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေမည်။ သင့်လျော်မည်ဆိုပါက စည်းဝေးကြီးမတိုင်မီ နောက်ဆုံးလုပ်ငန်းတော်အစည်းအဝေးတွင် ၂၀၀၈၊ အောက်တိုဘာ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက်ပါ ဒေသနှင့်သက်ဆိုင်သော အကြံပြုချက်နှင့်သတိပေးချက်များကို ၁၅ မိနစ်ခန့် ပြန်ဆွေးနွေးပါ။ စည်းဝေးကြီးပြီးနောက် တစ်လ သို့မဟုတ် နှစ်လကြာသော် ဓမ္မအမှုတွင် အထောက်အကူပြုမည်ဟု ကြေညာသူများတွေ့ရှိသည့် စည်းဝေးကြီးမှအချက်များကို လုပ်ငန်းတော်အစည်းအဝေးတွင် (ဒေသလိုအပ်ရာအပိုင်းကို အသုံးပြုနိုင်) ၁၅ မိနစ်မှ မိနစ် ၂၀ ခန့်ပြန်သုံးသပ်ပါ။ ပြန်လည်သုံးသပ်မှုကို လုပ်ငန်းတော်ကြီးကြပ်မှူး ကိုင်တွယ်သင့်သည်။ စည်းဝေးကြီးမှ ထိုအချက်များကို ဓမ္မအမှုတွင် မည်သို့အသုံးပြုနေကြောင်း သို့မဟုတ် အသုံးပြုရန် မည်သို့ရည်ရွယ်ထားကြောင်း မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
နိုဝင်ဘာ ၁၀ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ အမှန်တရားကို သင်သိလိုပါသလောဝေစာဖြင့် ရပ်ကွက်များကိုပြီးစီးစေရာတွင် အသင်းတော်၏တိုးတက်မှုအခြေအနေနှင့်ပတ်သက်သည့် လုပ်ငန်းတော်ကြီးကြပ်မှူး၏ မှတ်ချက်များ ပါဝင်စေပါ။ ကြေညာသူများစွာသည် အောက်တိုဘာ ၁ ကင်းမျှော်စင်နှင့် အောက်တိုဘာ နိုးလော့!ကို ဝေငှနေကြပြီဖြစ်ရာ ရလဒ်ကောင်းများရရှိစေရန် မဂ္ဂဇင်းများကို မည်သို့ဝေငှကြောင်း မှတ်ချက်ပေးရန် ဖိတ်ခေါ်ပါ။
၁၅ မိ– မေတ္တာပြည့်ဝပြီး ရက်ရောသောစိတ်သဘောကို မွေးမြူပါ။ ၂၀၀၈၊ နိုဝင်ဘာ ၁၅ ကင်းမျှော်စင် စာမျက်နှာ ၆-၇ ကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောပြောရန်။
၂၀ မိ– “အခြားသူများအား ဝေမျှရန် အဖိုးတန်ဘဏ္ဍာကို ကျွန်ုပ်တို့ရရှိထား။”a အပိုဒ် ၂ ကိုဆွေးနွေးစဉ် မိမိတို့ကို ယေဟောဝါ၏အဖွဲ့အစည်းထံ ဆွဲဆောင်ခဲ့သော သို့မဟုတ် နှစ်ခြင်းခံပြီးချိန်မှစ၍ ပို၍လေးမြတ်တန်ဖိုးထားလာသော သတ်သတ်မှတ်မှတ် ကျမ်းစာအမှန်တရားများကို မှတ်ချက်ပေးရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။
နိုဝင်ဘာ ၁၇ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။
၁၅ မိ– မေးခွန်းသေတ္တာ။b
၂၀ မိ– “သင်သည် သွန်သင်သူတစ်ဦးဖြစ်နိုင်။”c ကျမ်းစာသင်အံမှုကျင်းပရန် အရည်အချင်းမပြည့်မီဟူသည့် ခံစားချက်ကို အောင်မြင်ခဲ့သည့် ကြေညာသူ သို့မဟုတ် ရှေ့ဆောင်တစ်ဦးကို လူတွေ့မေးမြန်းပါ။ ကူညီမှုရရန် ယေဟောဝါကို သူမည်သို့အားထားခဲ့သနည်း။ အရည်အချင်းပြည့်မီလာရန် အဖွဲ့အစည်းက အဘယ်သတ်သတ်မှတ်မှတ်နည်းလမ်းများဖြင့် သူ့ကိုကူညီပေးသနည်း။ ကျမ်းစာသင်အံမှုကျင်းပခြင်းဖြင့် မည်သည့်ကောင်းချီးများ ခံစားရသနည်း။
နိုဝင်ဘာ ၂၄ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ ဒီဇင်ဘာလတွင် ဝေငှမည့်စာပေကို ဖော်ပြပြီး သရုပ်ပြတစ်ခု သို့မဟုတ် နှစ်ခု တင်ဆက်ပါ။
၂၀ မိ– ဒေသလိုအပ်ရာများ။
၁၅ မိ– နိုဝင်ဘာ ၁ ကင်းမျှော်စင်နှင့် နိုဝင်ဘာ နိုးလော့!ကို ဝေငှရန် ပြင်ဆင်ပါ။ မဂ္ဂဇင်းများကို အတိုချုပ်သုံးသပ်ပြီးနောက် ဒေသခံရပ်ကွက်တွင် အဘယ်ဆောင်းပါးများကို ပိုကြိုက်နှစ်သက်နိုင်ကြောင်း ပရိသတ်ကိုမေးပါ။ ဆောင်းပါးများကို မိတ်ဆက်ပေးရန် မည်သည့်မေးခွန်းနှင့်ကျမ်းချက်များကို အသုံးပြုနိုင်သနည်း။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ နမူနာတင်ဆက်နည်းတစ်ခုအား အသုံးပြုနိုင်ပုံကို သရုပ်ပြပါ။ ဒေသခံရပ်ကွက်နှင့် သင့်လျော်မည့် ဆောင်းပါးကိုအခြေခံပြီး ပြင်ဆင်ထားသည့် အတိုချုပ်တင်ဆက်မှုတစ်ခုကို အကြီးအကဲတစ်ဦးအား သရုပ်ပြစေပါ။
ဒီဇင်ဘာ ၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ နိုဝင်ဘာလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။
၁၅ မိ– ဒေသခံတွေ့ကြုံမှုများ။ အမှန်တရားကို သင်သိလိုပါသလောဝေစာဝေငှရာတွင် ရပ်ကွက်မည်မျှပြီးစီးခဲ့သည်ကို အသင်းတော်အား ပြောပြပါ။ ဝေစာဝေငှရာတွင် သို့မဟုတ် ဝေစာဖြင့် ကျမ်းစာသင်အံမှုများ စတင်ရာတွင် ရရှိခဲ့သောတွေ့ကြုံမှုများကို ပြန်ပြောပြရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။ နိုဝင်ဘာလတွင် သမ္မာကျမ်းစာသွန်သင်ရာစာအုပ် ဝေငှရာ၌ ရရှိခဲ့သော အားတက်ဖွယ်တွေ့ကြုံမှုများကိုလည်း ပြန်ပြောပြစေပါ။ ထူးခြားသောတွေ့ကြုံမှုတစ်ခု၊ နှစ်ခုကို ပြန်သရုပ်ပြနိုင်သည်။
၂၀ မိ– “ဆန့်ကျင်မှုများကို ရင်ဆိုင်နိုင်ရန် လူသစ်များကို ပြင်ဆင်ပေးပါ။”d အပိုဒ် ၂ ကိုဆွေးနွေးစဉ် ဆင်ခြင်စာအုပ်၊ “ယေဟောဝါသက်သေများ” ခေါင်းစဉ်အောက်မှ အချက်များသည် စိုးရိမ်နေသောဆွေမျိုးမိတ်ဆွေများ၏ မေးခွန်းများကို ဖြေဆိုနိုင်ရန် ကျမ်းစာသင်သားများကို မည်သို့ကူညီပေးနိုင်ကြောင်း အတိုချုပ်သုံးသပ်ပါ။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။