လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဒီဇင်ဘာ ၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ နိုဝင်ဘာ ၁ ကင်းမျှော်စင်နှင့် နိုဝင်ဘာ နိုးလော့!အတွက် စာမျက်နှာ ၆ တွင်တွေ့ရသော နမူနာတင်ဆက်နည်းများကို အကျဉ်းချုပ်ပြန်လည်သုံးသပ်ပါ။ ယင်းစာစောင်များကို ဝေငှရာတွင် အောင်မြင်မှုရရှိခဲ့သူတို့ကို ပရိသတ်ထဲမှဖိတ်ခေါ်ပြီး ယင်းတို့ကို မည်သို့တင်ဆက်ခဲ့ကြောင်း ပြန်လည်ပြောပြစေပါ။ အဘယ်ဆောင်းပါး၊ မေးခွန်းနှင့် ကျမ်းချက်ကို သူတို့အသုံးပြုခဲ့ကြသနည်း။
၁၅ မိ– ၂၀၀၉ ခုနှစ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်း။ ကျောင်းကြီးကြပ်မှူးဟောရန်။ ဒေသ၏အခြေအနေအရ အလေးပေးရန်လိုအပ်သောအချက်များကို အောက်တိုဘာ ၂၀၀၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက်မှ ဆွေးနွေးပါ။ အရန်သွန်သင်ချက်ပေးသူ၏ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ပါ။ မိမိတို့၏တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရာတွင်၊ ကျမ်းစာပေါ်လွင်ချက်များ၌ ပါဝင်ရာတွင်၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပညာရေးမှအကျိုးရယူမှ ပတ်စဉ်ပေးလှာသည့် အကြံပြုချက်များကို ကျင့်သုံးရာတွင် ဝီရိယရှိကြရန် အားလုံးကို တိုက်တွန်းပါ။
၂၀ မိ– “ကျိုးကြောင်းဆင်ခြင်စာအုပ်ကို သင် အသုံးပြုနေပါသလော။”a စာပိုဒ် ၄ ကိုသုံးသပ်သည့်အခါ တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၌ “ယေဟောဝါသက်သေများ အဘယ်ကြောင့် ခရစ္စမတ်မကျင်းပကြသနည်း” ဟူသောမေးခွန်းကိုဖြေဆိုရာတွင် ကျိုးကြောင်းဆင်ခြင်စာအုပ်ကို မည်ကဲ့သို့အသုံးပြုနိုင်ပုံကို ရှေ့ဆောင်တစ်ဦး သို့မဟုတ် အရည်အချင်းပြည့်မီသော ကြေညာသူတစ်ဦးအား အတိုချုပ်သရုပ်ပြစေပါ။
ဒီဇင်ဘာ ၁၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။
၁၀ မိ– ဓမ္မအမှုတွင် ထပ်မံပြောဆိုခြင်းကို အသုံးပြုပါ။ ဓမ္မအမှုကျောင်းစာအုပ်၊ စာမျက်နှာ ၂၀၇ ကိုအခြေခံပြီး ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးပါ။ ယင်းအကြောင်းအရာမှ အကြံပြုချက်တစ်ခု သို့မဟုတ် နှစ်ခုကို တိုတိုတုတ်တုတ် သရုပ်ပြပါ။
၂၅ မိ– “တိုက်ခန်းများတွင် သက်သေခံခြင်းဖြင့် ‘စေ့စေ့စပ်စပ် သက်သေခံ’ ပါ။”b လုပ်ငန်းတော်ကြီးကြပ်မှူး သို့မဟုတ် အခြားအကြီးအကဲတစ်ဦး ကိုင်တွယ်ရန်။ အကြောင်းအရာ၏ ဒေသန္တရသက်ဆိုင်ပုံကို တင်ပြပါ။
ဒီဇင်ဘာ ၂၂ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ ဇန်နဝါရီလတွင် ဝေငှမည့်စာပေကိုဖော်ပြပြီး ယင်းအား မည်ကဲ့သို့တင်ဆက်နိုင်ပုံကို အကြီးအကဲတစ်ဦးအား သရုပ်ပြစေပါ။
၁၅ မိ– ဒီဇင်ဘာ ၁ ကင်းမျှော်စင်နှင့် ဒီဇင်ဘာ နိုးလော့! တို့ကိုဝေငှရန် ပြင်ဆင်ပါ။ ပရိသတ်နှင့်ဆွေးနွေးရန်။ မဂ္ဂဇင်းများကို အတိုချုပ်သုံးသပ်ပြီးနောက် ဒေသခံရပ်ကွက်ရှိ လူများသည် အဘယ်ဆောင်းပါးများကို အဘယ်ကြောင့် စိတ်ဝင်စားနိုင်ကြောင်း ပရိသတ်ကိုမေးပါ။ ယင်းဆောင်းပါးများထဲမှအချို့ကို အသုံးပြုကာ မဂ္ဂဇင်းမဝေငှမီ စကားစမြည်စတင်ပြောဆိုရာတွင် အသုံးပြုမည်ဟု မိမိတို့ကြံရွယ်ထားသော မေးခွန်းတစ်ခုနှင့် ဖတ်ပြရန် ပြင်ဆင်ထားသည့် ဆောင်းပါးမှကျမ်းချက်တစ်ချက်ကို ပြန်လည်ပြောပြရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။ စာမျက်နှာ ၆ ပါ နမူနာတင်ဆက်နည်းများ သို့မဟုတ် ဒေသခံရပ်ကွက်ရှိလူတို့ ကြိုက်နှစ်သက်မည့် အခြားတင်ဆက်နည်းကို အသုံးပြုလျက် မဂ္ဂဇင်းတစ်စောင်စီကို ဝေငှပုံအား သရုပ်ပြကာ နိဂုံးချုပ်ပါ။
၂၀ မိ– “ကျမ်းစာသင်အံမှုများကမ်းလှမ်းရန် အထူးနေ့တစ်နေ့။”c အသင်းတော်သည် ဇန်နဝါရီလ၏ မည်သည့်သီတင်းပတ်၏အဆုံးနေ့တွင် ကျမ်းစာသင်အံမှုများစတင်ရန် အာရုံစိုက်မည်ဖြစ်ကြောင်း ကြေညာပါ။ စာပိုဒ် ၃ တွင်ပါသည့် အကြံပြုချက်များကို ပြန်လည်သုံးသပ်ပြီး ကျမ်းစာသင်အံမှုတစ်ခုစတင်ရန် နည်းလမ်းတစ်ခု သို့မဟုတ် နှစ်ခုဖြင့် သရုပ်ပြပါ။
ဒီဇင်ဘာ ၂၉ တွင်စမည့်အပတ်
အသင်းတော်ကျမ်းစာလေ့လာမှု–
bh–BU အခန်း ၁၅ ¶၁၅-၂၀။ နောက်ဆက်တွဲ စစ. ၂၁၉-၂၀
သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ဗျာဒိတ် ၁၅-၂၂
သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည် သုံးသပ်ခြင်း
လုပ်ငန်းတော်အစည်းအဝေး–
၅ မိ– ဒေသကြေညာချက်များ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “ဟောပြောခြင်းတွင် ခံနိုင်ရည်လိုအပ်။”d အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို ဖတ်၍ မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။
ဇန်နဝါရီ ၅ တွင်စမည့်အပတ်
အသင်းတော်ကျမ်းစာလေ့လာမှု–
သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
နံပါတ် ၁– ကမ္ဘာဦး ၃:၁-၁၅
နံပါတ် ၂– ယေရှု ဘာကြောင့် ကြီးမြတ်တဲ့ဆရာ ဖြစ်ရတဲ့အကြောင်း (lr-BU အခန်း ၁)
နံပါတ် ၃– အချည်းနှီးမဟုတ်သောအရာကား အဘယ်နည်း (၁ ကော. ၁၅:၅၈)
လုပ်ငန်းတော်အစည်းအဝေး–
၅ မိ– ဒေသကြေညာချက်များ။
၁၅ မိ– သင်၏သြဇာတန်ခိုးကိုအသုံးပြုရာ၌ ‘ဘုရားသခင်နည်းတူ ကျင့်လော့။’ “ယေဟောဝါထံ ချဉ်းကပ်လော့” အခန်း ၁၀၊ စာပိုဒ် ၁၄-၁၇ ကိုအခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးပါ။
၁၅ မိ– မေးခွန်းသေတ္တာ။ လုပ်ငန်းတော်ကြီးကြပ်မှူး ကိုင်တွယ်ရန်။ လိုအပ်သည့် စာအုပ်စာတမ်းဆိုင်ရာပစ္စည်းများကို စာအုပ်စာတမ်းနှင့် မဂ္ဂဇင်းဌာနများမှ လွတ်လွတ်လပ်လပ်တောင်းခံရန် ကြေညာသူများကို အားပေးပါ။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။