ဇန်နဝါရီ ၁၂ အပတ်အတွက်ဇယား
ဇန်နဝါရီ ၁၂ တွင်စမည့်အပတ်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
bh-Bu အခန်း ၁၆ ¶၉-၁၀၊ နောက်ဆက်တွဲ စစ. ၂၂၁-၃
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ကမ္ဘာဦး ၆-၁၀
နံပါတ် ၁– ကမ္ဘာဦး ၉:၁-၁၇
နံပါတ် ၂– ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်သော ကန့်ကွက်မှုများကို တုံ့ ပြန်ခြင်း (rs-Bu စ. ၂၀၀ ¶၄–စ. ၂၀၂ ¶၁)
နံပါတ် ၃– မေတ္တာရှင်ဘုရားသခင်ဆီက စာတစ်စောင် (lr-Bu အခန်း ၂)
□ လုပ်ငန်းတော်အစည်းအဝေး–
၅ မိ– ဒေသကြေညာချက်များ။
၁၀ မိ– ကျွန်ုပ်တို့၏ဓမ္မအမှုတွင် အပြုသဘောထားရှိခြင်း၏ အကျိုးကျေးဇူး။ ပရိသတ်နှင့်ဆွေးနွေးရန်။ ယေရှုသည် မိမိဟောပြောသူများအား အကူအညီလိုအပ်နေသော သိုးများအဖြစ် ရှုမြင်ခြင်းဖြင့် ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းချမှတ်ခဲ့သည်။ (မ. ၉:၃၆-၃၈) အာနနိသည် အစပိုင်းတွင် ရှောလုထံသွားရန် ကြောက်ရွံ့နေသော်လည်း အဘယ်အရာက သူ၏ရှုမြင်ပုံကို ပြောင်းလဲစေခဲ့သနည်း။ (တ. ၉:၁၃-၁၅) ရှောလုထံရောက်သောအခါ အာနနိ၏ပြောဆိုပုံက သူ၏အပြုသဘောထားကို မည်သို့တင်ပြသနည်း။ (တ. ၉:၁၇) ကျွန်ုပ်တို့၏ရပ်ကွက်ရှိလူတို့ထံ အပြုသဘောဖြင့် ချဉ်းကပ်ပြောဆိုရန် ကျွန်ုပ်တို့တွင် အဘယ်အကြောင်းရင်းများရှိသနည်း။ အပြုသဘောထားရှိခြင်းက ကျွန်ုပ်တို့၏ဓမ္မအမှုကို မည်သို့ပို၍ထိရောက်စေမည်နည်း။ အပြုသဘောထားရှိခြင်းကြောင့် ဓမ္မအမှုတွင် ရလဒ်ကောင်းများရရှိခဲ့သည့် ကြေညာသူတစ်ဦးနှစ်ဦးကို အတိုချုပ်လူတွေ့မေးမြန်းပါ။
၁၀ မိ– ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်ကို အသုံးပြုနိုင်ပုံ။ ကျိုးကြောင်းဆင်ခြင်ခြင်း စာအုပ် စာမျက်နှာ ၇-၈ ကိုအခြေခံ၍ လုပ်ငန်းတော်ကြီးကြပ်မှူး သို့မဟုတ် အခြားအကြီးအကဲတစ်ဦး ဟောပြောရန်။
၁၀ မိ– “မည်သို့ကြားနိုင်ပါမည်နည်း။”a
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။