အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—အင်တာကော်မ် (အပြန်အလှန်ဆက်သွယ်ရေးကိရိယာ) နဲ့သက်သေခံခြင်း
ဘာကြောင့်အရေးကြီး– အင်တာကော်မ်နဲ့ သက်သေခံတဲ့အခါ စိုးရိမ်စိတ်ဝင်နိုင်ပါတယ်။ ဒီစိုးရိမ်စိတ်ကြောင့် ကောင်းသောအမှုအတွက် စိတ်အားထက်သန်မှု မလျော့သွားအောင် ဘယ်လိုထိန်းထားနိုင်မလဲ။ အင်တာကော်မ်နဲ့ သက်သေခံတာက တချို့လူတွေ သတင်းကောင်းကြားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဆိုတာ သိထားပါ။ (ရော. ၁၀:၁၄) အဲဒီနည်းနဲ့ ထိထိရောက်ရောက် သက်သေခံနိုင်တယ်ဆိုတာ တွေ့ကြုံမှုတွေက ဖော်ပြနေပါတယ်။ (၂၀၁၁ နှစ်ချုပ် [အင်္ဂလိပ်] စာမျက်နှာ ၆၅-၆၆၊ ၂၀၀၀ နှစ်ချုပ် [အင်္ဂလိပ်] စာမျက်နှာ ၅၄ ပိုဒ် ၃ တို့ကိုကြည့်ပါ။) အောက်ပါအကြံပြုချက်တွေကို သုံးသပ်ကြည့်ပါ။
ဒီလအတွင်းမှာ ကြိုးစားကြည့်ပါ–
မိသားစုဝတ်ပြုမှုမှာ အိမ်ရှင်ကို အင်တာကော်မ်နဲ့ သက်သေခံတဲ့ပုံစံမျိုး လေ့ကျင့်ပါ။