မတ် ၂ အပတ်အတွက်ဇယား
မတ် ၂ မှာစမယ့်အပတ်
သီချင်း ၅ နဲ့ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၂၁၊ အပိုဒ် ၁-၈ (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ရုသ ၁-၄ (၈ မိ.)
နံပါတ် ၁– ရုသ ၃:၁၄–၄:၆ (၃ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– လက်ရှိလောကစနစ် ကုန်ဆုံးသည့်နောက်၌ အသက်ရှင်ကျန်ရစ်သူ တစ်စုံတစ်ယောက် ရှိမည်လော—rs စ. ၁၄၁ အပိုဒ် ၁-၄ (၅ မိ.)
နံပါတ် ၃– ဘုရင်ခရစ်တော်ရဲ့ နှိမ့်ချမှုနဲ့တန်ခိုး—igw စ. ၈ အပိုဒ် ၅-စ. ၉ အပိုဒ် ၄ (၅ မိ.)
လုပ်ငန်းတော်စည်းဝေး–
ဒီလအတွက် အဓိကအကြောင်းအရာ– “ကောင်းသောအမှု၌ စိတ်အားကြီး” ပါ။—တိတု ၂:၁၄။
၁၀ မိ– မတ်လမှာ မဂ္ဂဇင်းတွေ ဝေငှပါ။ ဆွေးနွေးပါ။ (တကယ်လို့ အသင်းတော်မှာ မတ်လထုတ် မဂ္ဂဇင်းမရှိသေးဘူးဆိုရင် ဖေဖော်ဝါရီလထုတ် မဂ္ဂဇင်းကို အသုံးပြုပြီး တင်ဆက်ပါ။ နမူနာတင်ဆက်နည်းကို ဇန်နဝါရီလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှာ ကြည့်ပါ။) ဒီစာမျက်နှာမှာပါတဲ့ နမူနာတင်ဆက်နည်းနှစ်နည်းကိုသုံးပြီး မဂ္ဂဇင်းတွေဝေငှပုံကို သရုပ်ပြပါ။ မဂ္ဂဇင်းတွေကို ကောင်းကောင်းလေ့လာထားဖို့ ပရိသတ်ကို အားပေးပါ။
၁၀ မိ– “ကောင်းတဲ့အမှုမှာ တခြားသူတွေ ပါဝင်လာဖို့ ထက်ထက်သန်သန် လှုံ့ဆော်ပေး။” ဆွေးနွေးပါ။ ဖေဖေါ်ဝါရီလ လုပ်ငန်းတော်စည်းဝေးတွေမှာ ဒီလရဲ့အဓိကအကြောင်းအရာကို ဘယ်လိုအလေးပေးဖော်ပြခဲ့သလဲဆိုတာ ပေါ်လွင်စေပါ။
၁၀ မိ– သင်ဘာကြောင့် အရန်ရှေ့ဆောင် လုပ်နိုင်ခဲ့တာလဲ။ ဆွေးနွေးပါ။ အရန်ရှေ့ဆောင်လုပ်နေတဲ့ ကြေညာသူတစ်ဦးနှစ်ဦးကို လူတွေ့မေးမြန်းပါ။ အရန်ရှေ့ဆောင်လုပ်ဖို့ ဘာကလှုံ့ဆော်ပေးခဲ့တာလဲ။ အရန်ရှေ့ဆောင်လုပ်တဲ့အတွက် တခြားသူတွေအပြင် ကိုယ်ကိုယ်တိုင်လည်း ဘယ်လိုအကျိုးခံစားခဲ့ရသလဲ။ ဒီနှစ်သတိရအောက်မေ့ပွဲကာလမှာ အရန်ရှေ့ဆောင်လုပ်ပြီး အမှုဆောင်လုပ်ငန်းမှာ တိုးချဲ့ပါဝင်ဖို့အားပေးရင်း နိဂုံးချုပ်ပါ။
“ကိုယ်တော်ရဲ့နာမည်က ယေဟောဝါဖြစ်” သီချင်းသစ်နဲ့ ဆုတောင်းချက်
ဂရုပြုရန်– သီချင်းသစ်ရဲ့တေးသံကို တစ်ခေါက်ဖွင့်ပြပါ။ ပြီးမှ အသင်းတော်လိုက် သီဆိုသင့်ပါတယ်။