ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၈၆
  • ရေကြီးရေလျှံမှုတွေ ပိုဆိုးလာ—ကျမ်းစာအဆိုက ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရေကြီးရေလျှံမှုတွေ ပိုဆိုးလာ—ကျမ်းစာအဆိုက ဘာလဲ
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “နောက်ဆုံးကာလ” နိမိတ်
  • မျှော်လင့်ချက်
  • လူတွေ စိုးရိမ်သောကများခဲ့ရတဲ့ ၂၀၂၃ ခုနှစ်​—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ၂၀၂၃ နွေရာသီရဲ့ ကမ္ဘာချီ အပူလှိုင်း—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • အရပ်သားပြည်သူတွေကို ဘယ်သူ ကယ်တင်ပေးမလဲ—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ၂၀၂၃ ခုနှစ်ကို မျှော်လင့်ချက် ရှိစေတဲ့ အကြောင်းရင်း—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၈၆
ရေကြီးနေတဲ့ လမ်းမပေါ် သားအမိနှစ်ယောက် လမ်းလျှောက်နေစဉ်။

Photo by Zhai Yujia/China News Service/VCG via Getty Images

သတိနဲ့ စောင့်နေကြပါ

ရေကြီးရေလျှံမှုတွေ ပိုဆိုးလာ—ကျမ်းစာအဆိုက ဘာလဲ

ကမ္ဘာတစ်ဝန်းမှာ ကြောက်လန့်စရာ ရေဘေးဒုက္ခကို လူများစွာ ရင်ဆိုင်နေရတယ်။ အောက်ပါသတင်းတွေကို သတိပြုကြည့်ပါ–

  • “တရုတ်နိုင်ငံရဲ့မြို့တော်မှာ အနှစ် ၁၄၀ အတွင်း မိုးရွာသွန်းမှု အများဆုံး စံချိန်တင်ခဲ့ပါတယ်။ စနေနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ မိုးရေချိန် ၂၉.၃ လက်မအထိ ရွာသွန်းခဲ့လို့ . . . တစ်မြို့လုံး ရေကြီးရေလျှံသွားတယ်။”—အေပီ သတင်း၊ ဩဂုတ် ၂၊ ၂၀၂၃။

  • “ဂျပန်နိုင်ငံ တောင်ပိုင်းမှာ ကန်နူးမုန်တိုင်း စတင်ဝင်ရောက်တဲ့ ဒုတိယနေ့ ကြာသပတေးနေ့မှာ မိုးကြီးလေကြီးလို့ လူနှစ်ယောက် သေဆုံးခဲ့တယ်။ . . . မုန်တိုင်းကြောင့် တောတောင်ထူထပ်တဲ့ ထိုင်ဝမ်နိုင်ငံ အလယ်ပိုင်းမှာ မိုးရေချိန် ၂၄ လက်မအထိ ရွာသွန်းမယ်လို့ ခန့်မှန်းရရှိပါတယ်။”—ဒီ ဒဗလျူ သတင်းဌာန၊ ဩဂုတ် ၃၊ ၂၀၂၃။

  • “ကနေဒါနိုင်ငံ အရှေ့ဘက် အတ္တလန္တိတ်ဒေသမှာ အနှစ် ၅၀ အတွင်း အသည်းထန်ဆုံး မိုးရွာသွန်းမှုကြောင့် စနေ၊ တနင်္ဂနွေအတွင်း [နိုဗယ် စကိုရှာ ဒေသမှာ] ရေလွှမ်းမိုးခဲ့တယ်။”—ဘီဘီစီ သတင်း၊ ဇူလိုင် ၂၄၊ ၂၀၂၃။

အထက်ပါဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ။

“နောက်ဆုံးကာလ” နိမိတ်

“နောက်ဆုံးကာလ” လို့ခေါ်တဲ့ အချိန်မှာ ကျွန်တော်တို့ အသက်ရှင်နေကြောင်း ကျမ်းစာဆိုတယ်။ (၂ တိမောသေ ၃:၁) ကျွန်တော်တို့အချိန်မှာ “ကြောက်လန့်စရာ မြင်ကွင်းတွေ” မြင်ရမယ်လို့လည်း ယေရှု ကြိုဟောခဲ့တယ်။ (လုကာ ၂၁:၁၁) ရာသီဥတု ပြောင်းလဲမှု ရဲ့ရလဒ်အနေနဲ့ သဘာဝဘေးတွေ ပိုအဖြစ်များလာတယ်၊ ပိုဆိုးလာတယ်၊ ကောက်ကာငင်ကာ ထဖြစ်လာတယ်။

မျှော်လင့်ချက်

တကယ်တော့ ဒီနေ့အချိန်မှာ ဖြစ်ပျက်နေတဲ့ စိုးရိမ်ထိတ်လန့်စရာတွေက ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကို တောက်ပစေတယ်လို့ ကျမ်းစာဆိုတယ်။ ဘာကြောင့်လဲ။ “ဒါတွေဖြစ်နေတာကို မြင်ရရင် ဘုရားသခင့်နိုင်ငံတော် နီးနေပြီဆိုတာ သိကြပါ” လို့ ယေရှုပြောခဲ့လို့ပါ။—လုကာ ၂၁:၃၁။ မဿဲ ၂၄:၃။

လက်ရှိကြုံတွေ့နေရတဲ့ ဖြစ်ရပ်တွေက ဘုရားသခင့်နိုင်ငံတော် နီးပြီဆိုတာ ညွှန်ပြနေတယ်။ မကြာခင် ဘုရားနိုင်ငံတော်က ရေသံသရာ အပါအဝင် ကမ္ဘာ့သဘာဝတရားတွေကို အပြည့်အဝ ထိန်းချုပ်ပေးပါတော့မယ်။—ယောဘ ၃၆:၂၇၊ ၂၈။ ဆာလံ ၁၀၇:၂၉။

သဘာဝပတ်ဝန်းကျင်ကို ဘုရားသခင့်နိုင်ငံတော် ဘယ်လိုကုစားပေးမယ်ဆိုတာ သိချင်ရင် “ကမ္ဘာကြီးကို ဘယ်သူ ကယ်တင်ပေးမလဲ” ဆောင်းပါးကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ