ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၉၈ စာ. ၈
  • “လူအပေါင်းတို့” ကိုသက်သေခံခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “လူအပေါင်းတို့” ကိုသက်သေခံခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်ထံတော်မှအသိပညာက မေးခွန်းများစွာကိုဖြေကြားပေး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • အကြံပြုထားသောလယ်ကွင်းလုပ်ငန်းတင်ဆက်မှုများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • “ထာဝရအသက်ဟူမူကား”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဘုရားသခင့်သားတော် ယေရှုခရစ်အကြောင်းသိရှိလာရန် သူတစ်ပါးကို ကူညီလေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နဓ ၆/၉၈ စာ. ၈

“လူအပေါင်းတို့” ကိုသက်သေခံခြင်း

၁ ယဉ်ကျေးမှုနှင့် ဘာသာတရားနောက်ခံချင်းမတူသည့်လူများနှင့် တွေ့ဆုံရသောအခါ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ” ယေဟောဝါအလိုတော်ရှိကြောင်း ကျွန်ုပ်တို့သတိရကြသည်။ (၁ တိ. ၂:၄) ကျွန်ုပ်တို့သည် အထူးပြင်ဆင်ပေးထားသော ဝေစာနှင့်ဘရိုရှာအတော်များများအပြင် ဘာသာတရားက ဘုရားသခင်နှင့်ခရစ်တော်အကြောင်းသမ္မာတရားကို သင်ကြားပေးခြင်းမခံခဲ့ရသည့်သူများအား ကူညီပေးရန် အခါခပ်သိမ်းအသုံးပြုနိုင်သည့် အထူးကောင်းမွန်သောစာအုပ်နှစ်အုပ်ကိုရရှိထားသည်။

၂ ဘုရားသခင်ကိုလူသားများရှာပုံတော် [လိပ်] စာအုပ်က ကမ္ဘာ့အဓိကဘာသာများ၏မူလဇာစ်မြစ်ကို ထိုးထွင်းသိမြင်စေပြီး ထိုသို့အားဖြင့် နေရာတိုင်းရှိလူတို့အား သူတို့၏ယုံကြည်ချက်များနှင့် မှန်သောဘုရားသခင်တစ်ဆူတည်းအကြောင်း ကျမ်းစာသွန်သင်ရာများကို နှိုင်းယှဉ်ပြခြင်းဖြင့်ကူညီပေးနိုင်၏။ တစ်ဖက်တွင်မူ ယေရှုခရစ်၏အသက်တာကို ပေါ်လွင်စေခြင်းဖြင့် အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသားစာအုပ်က ပထမရာစုရှိလူများစွာတို့ကဲ့သို့ ဘုရားသခင်၏သားတော်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာပြီး ကိုယ်တော်ထံဆွဲဆောင်ခံရရန် လူတစ်ဦးအားကူညီပေး၏။ (ယော. ၁၂:၃၂) သင့်လျော်သည့်အခါတိုင်း ဤစာအုပ်များကိုတင်ဆက်ရန် အောက်ပါအကြံပြုချက်များကို သင်စမ်းကြည့်လိုပေမည်။

၃ တစ်စုံတစ်ဦးအား “အကြီးမြတ်ဆုံးလူသား” စာအုပ်ကိုဝေငှရန်သင့်လျော်မည်ဟု ယူဆလျှင် သင် ဤသို့မေးနိုင်သည်–

▪ “ယေရှုခရစ်အကြောင်း မိတ်ဆွေစဉ်းစားတဲ့အခါ စိတ်ထဲမှာဘာပေါ်လာသလဲ။ [တုံ့ ပြန်ပါစေ။] သမိုင်းပညာရှင်များစွာက ယေရှုကို အသက်ရှင်ခဲ့သမျှမှာ အကြီးမြတ်ဆုံးလူသားအဖြစ် အသိအမှတ်ပြုကြပါတယ်။ [အကြီးမြတ်ဆုံးလူသားစာအုပ်နိဒါန်းမှ ဥပမာတစ်ခုကို ကိုးကားတင်ပြပါ။] ယေရှုရဲ့အသက်တာဟာ ကျွန်တော်တို့အတွက် တုပဖို့စံနမူနာဖြစ်တယ်လို့ ကျမ်းစာကဖော်ပြတယ်။” ၁ ပေတရု ၂:၂၁ နှင့်အကြီးမြတ်ဆုံးလူသားစာအုပ်နိဒါန်း၏ နောက်ဆုံးစာမျက်နှာရှိ ပထမအပိုဒ်ကိုဖတ်ပြပါ။ အိမ်ရှင်သည် ယေရှုအကြောင်းလေ့လာရာတွင် စိတ်ဝင်စားပါက စာအုပ်ကိုဝေငှပါ။ သင်ထွက်မလာမီ ယောဟန် ၁၇:၃ ကိုဖတ်ပြီး “ထာဝရအသက်ရစေတဲ့ ဒီအသိပညာကို ကျွန်တော်တို့ဘယ်လိုဆည်းပူးနိုင်သလဲ” ဟူ၍မေးပါ။ အဖြေနှင့်တကွ ပြန်လာရန် တိကျသောအစီအစဉ်များပြုလုပ်ပါ။

၄ အသက်ပေးအသိပညာကို မည်သို့ဆည်းပူးနိုင်ကြောင်းရှင်းပြရန် ပြန်သွားသောအခါ သင် ဤသို့ပြောနိုင်သည်–

▪ “ထာဝရအသက်ရစေတဲ့အသိပညာကို ဘယ်လိုဆည်းပူးနိုင်တယ်ဆိုတာပြဖို့ ပြန်လာမယ်လို့ကျွန်တော်ကတိပေးခဲ့တယ်။” အသိပညာစာအုပ်ကိုပြပြီး ပထမအခန်းကိုအသုံးပြု၍ လေ့လာပုံကိုပြသပါ။

၅ “ဘုရားသခင်ကိုလူသားများရှာပုံတော်” [လိပ်] စာအုပ်ကိုဝေငှလိုပါက သင် ဤသို့မေးနိုင်သည်–

▪ “ယနေ့ ကွဲပြားနေတဲ့ဘာသာတွေ ဒီလောက်များနေတာကြောင့် ဘယ်ဘာသာကို ဘုရားသခင်နှစ်သက်လက်ခံတယ်ဆိုတာ ပိုင်းဖြတ်နိုင်ပုံကို မိတ်ဆွေတွေးတောဖူးသလား။” တုံ့ ပြန်မှုရပြီးနောက် ဘုရားသခင်ကိုလူသားများရှာပုံတော်စာအုပ်စာမျက်နှာ ၃၇၇ ကိုဖွင့်ပါ။ နံပါတ် ၇ အချက်ကိုပေါ်လွင်စေပြီး စစ်မှန်သောဘာသာသည် လူမျိုးနွယ်အားလုံးကို စည်းလုံးစေသင့်ကြောင်း အိမ်ရှင်အား သဘောတူမတူမေးပါ။ ညွှန်းထားသည့်ကျမ်းချက်တစ်ချက်ကို ဖွင့်ဖတ်ပြီး အချိန်ရသရွေ့ စာရင်းတင်ပြထားသည့် အခြားအချက်အချို့ကိုဆွေးနွေးပါ။ အမှန်တကယ်စိတ်ဝင်စားမည်ဆိုလျှင် စာအုပ်ကိုဝေငှပါ။ ထွက်လာသည့်အခါ “စစ်မှန်တဲ့ဘာသာက လူတစ်ဦးရဲ့ပြုမူကျင့်ကြံပုံကို ဘယ်လိုအကျိုးသက်ရောက်မှုရှိသင့်သလဲ” ဟုသင်မေးနိုင်သည်။ မေးခွန်းကိုဖြေဆိုရန် ပြန်လည်ပတ်ဖို့စီစဉ်ပါ။

၆ စစ်မှန်သောဘာသာသည် လူတစ်ဦး၏အသက်တာကို မည်သို့အကျိုးသက်ရောက်နိုင်ကြောင်း ရှင်းပြရန် ပြန်သွားသည့်အခါ သင် ဤသို့မေးနိုင်သည်–

▪ “ဘာသာတရားက လူတွေရဲ့ကျင့်ကြံပြုမူပုံအပေါ် ဘယ်လိုအကျိုးသက်ရောက်သင့်တယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ ပြန်ပါစေ။] ခရစ်တော်က ကျွန်တော်တို့ကို ဘာသာတရားကိုအကဲဖြတ်နိုင်တဲ့ စံနှုန်းတစ်ခုပေးခဲ့တယ်။” ဘုရားသခင်ကိုလူသားများရှာပုံတော်စာအုပ်စာမျက်နှာ ၁၂ မှမဿဲ ၇:၁၇-၂၀ ကိုတိုက်ရိုက်ဖတ်ပြပါ။ ထို့နောက် အိမ်ရှင်အား စာမျက်နှာ ၁၃-၁၄ ရှိအပိုဒ် ၂၀ ကိုဖတ်ရန်မေတ္တာရပ်ခံပါ။ အချိန်ရမည်ဆိုလျှင် စာမျက်နှာ ၁၆-၁၈ ရှိအပိုဒ် ၂၅-၉ ကိုဆွေးနွေးပါ။ ယင်းက တောင်းဆိုဘရိုရှာ သို့မဟုတ် အသိပညာစာအုပ်တစ်ခုခုဖြင့် သင်အံမှုလုပ်ရန် ဦးတည်ပေးနိုင်သည်။

၇ စကားစနိုင်သည့်အချက်များ– ဘုရားသခင်ကိုလူသားများရှာပုံတော်စာအုပ်တွင် ဦးဆုံးအကြိမ်သွားရောက်သည့်အခါ သို့မဟုတ် ပြန်လည်ပတ်သည့်အခါ စကားစနိုင်သည့်အချက်များအဖြစ်အသုံးပြုနိုင်သော သွန်သင်ခြင်းအထောက်အကူများစွာပါရှိ၏။ သင်သည် သင့်လျော်သည့်မေးခွန်းတစ်ခုကိုမေးရုံမျှဖြင့် စကားစနိုင်၏။ ဥပမာ၊ ဤမေးခွန်းများနှင့်အကြောင်းအရာများ၊ ယင်းတို့ကိုရေးသားထားသည့်စာမျက်နှာများကို မှတ်သားထားပါ–

“ဖြေဆိုရန်လိုသည့်မေးခွန်းများ” —စာမျက်နှာ ၁၇-၁၈။

“ယေရှုသည် ဒဏ္ဍာရီထဲကသူတစ်ဦးလော” —စာမျက်နှာ ၂၃၇။

“သမ္မာကျမ်းစာကို မည်သူရေးသနည်း” —စာမျက်နှာ ၂၄၁။

“ကူရ်အန်ကျမ်းနှင့် သမ္မာကျမ်းစာ” —စာမျက်နှာ ၂၈၅။

“သမ္မာကျမ်းစာ၏ ကျမ်းစစ်ကျမ်းမှန်ဖြစ်ခြင်းအထောက်အထား” —စာမျက်နှာ ၃၄၀-၁။

“ယေဟောဝါသက်သေများယုံကြည်ကြသည့်အရာ” —စာမျက်နှာ ၃၅၆-၇။

“စစ်မှန်သောဘာသာကို ခွဲခြားသိရှိနိုင်ပုံ” —စာမျက်နှာ ၃၇၇။

၈ ဘုရားသခင်ကိုလူသားများရှာပုံတော်စာအုပ်တွင် ရွေးချယ်ထားသောစာမျက်နှာ(များ)ကို သင်ဖွင့်ပြီး ဆွေးနွေးသည့်အချက်ကို ရှင်းပြနိုင်သည်။ ထို့နောက် တောင်းဆိုဘရိုရှာ သို့မဟုတ် အသိပညာစာအုပ်တစ်ခုခုမှ ဖြေဆိုပေးနိုင်သော နောက်ဆက်တွဲမေးခွန်းတစ်ခုကိုမေးခြင်းဖြင့် ပြန်လည်ပတ်ရန်စီစဉ်ပါ။ အိမ်ရှင်အား လူထုစည်းဝေးပွဲသို့ခေါ်ဖိတ်ရန်နှင့် လက်ကမ်းဝေစာတစ်စောင်ဝေငှရန် သေချာစေပါ။

၉ နှလုံးရိုးဖြောင့်သူအပေါင်းတို့သည် ဘုရားသခင်နှင့်ခရစ်တော်အကြောင်းသမ္မာတရားကို ရှာဖွေနေကြပါသည်။ ထိုသူတို့အား ကျွန်ုပ်တို့၏သက်သေခံခြင်းလုပ်ငန်းဖြင့် ကူညီနိုင်၏။ သို့ဖြစ်၍ “သူခပ်သိမ်းတို့၏ကယ်တင်ရှင်၊ အသက်ရှင်တော်မူသောဘုရားသခင်ကို ငါတို့သည် အားကိုးမျှော်လင့်ကြသောကြောင့် . . . ကြိုးစားအားထုတ်” နေမြဲနေကြစို့။—၁ တိ. ၄:၁၀၊ သမ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ