စိတ်ရောနှလုံးကိုပါ ဆွဲဆောင်ရန် ဘရိုရှာများကိုအသုံးပြုပါ
၁ စိတ်ရောနှလုံးကိုပါဆွဲဆောင်ရန် ကျမ်းစာသမ္မာတရားကို တင်ဆက်သင့်၏။ ယေရှုသည် မိမိ၏တရားနာသူများအား သမ္မာတရားအကြောင်း ရှင်းလင်းတင်ပြရာတွင် သူတို့ကို စိတ်ဝင်စားစေပြီး လှုံ့ဆော်မှုဖြစ်စေမည့်အကြောင်းအရာများကို ရွေးချယ်ခဲ့သည်။ (လု. ၂၄:၁၇၊ ၂၇၊ ၃၂၊ ၄၅) ကျွန်ုပ်တို့၏ဓမ္မအမှုအောင်မြင်ခြင်းသည် ကြားနာသူများ၏ဝိညာဏလိုအပ်ရာများကိုသိရှိရန် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုအပေါ် များစွာမူတည်၏။
၂ ဘရိုရှာများသည် ဓမ္မအမှုတွင် ကျွန်ုပ်တို့တွေ့ဆုံရသူများ၏ စိတ်နှင့်နှလုံးကိုထိမိရန် ထိရောက်သောကိရိယာများဖြစ်နိုင်သည်။ ဩဂုတ်လတွင်ဝေငှမည့် ဘရိုရှာတစ်စောင်စီတွင်ပါသည့် သတင်းတရားအား မည်သူတုံ့ ပြန်မည်ကို ကြိုတင်စဉ်းစားထားပါ–
—ဘုရားသခင်သည် ကျွန်ုပ်တို့အားအမှန်ပင်ဂရုစိုက်တော်မူသလော။ စီးပွားကျသူများ သို့မဟုတ် ကြေကွဲဖွယ်ရာဖြစ်ရပ်ကို တွေ့ ကြုံခံစားရသူများသည် ဆင်းရဲဒုက္ခကင်းဝေးသည့်အနာဂတ်နှင့်ပတ်သက်သော နှစ်သိမ့်မှုပေးသည့်ဤသတင်းတရားကို လေးမြတ်ကြမည်ဖြစ်သည်။
—ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း။ မိမိတို့၏အနာဂတ်နှင့်ပတ်သက်၍ လေးလေးနက်နက်စဉ်းစားနေသောလူငယ်များသည် ဤဘရိုရှာတွင်ပါသည့် ကျမ်းစာအခြေပြုထားသောအဖြေများမှ အကျိုးခံစားရမည်ဖြစ်သည်။
—ကမ္ဘာသားဘဝထာဝရစံစားကြ!။ ရုပ်ပုံနှင့် ရည်ညွှန်းထားသောကျမ်းချက်များစွာက ငယ်ရွယ်သောကလေးများနှင့် စာဖတ်စွမ်းရည်အကန့်အသတ်ရှိသူများအား ဘုရားသခင့်ရည်ရွယ်ချက်များကိုနားလည်ရန် ကူညီပေးမည်။
—ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ။ ဘုရားသခင့်နိုင်ငံတော်သည် လူသားတို့၏ခက်ခဲသောပြဿနာများကို မည်သို့ဖြေရှင်းပေးမည်နှင့်စပ်လျဉ်းသည့် ဤသတင်းတရားကို အစိုးရနှင့်ဆက်နွှယ်နေသူတိုင်း တုံ့ ပြန်ကြပေမည်။
—သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ။ ဈာပနလုပ်ငန်းရှင်များသည် ကျန်ရစ်သူမိသားစုများအတွက်ရရှိနိုင်သော ဤဘရိုရှာအတွက် ကျေးဇူးတင်ကြသည်။ သင်္ချိုင်းတွင်သက်သေခံသောကြေညာသူများသည် ဝမ်းနည်းပူဆွေးသူများကိုနှစ်သိမ့်ရန် ဤဘရိုရှာကိုအသုံးပြုကြသည်။ ညီအမနှစ်ယောက်သည် အုတ်ဂူတစ်ခုတွင် ဆုတောင်းနေကြသော မိသားစုဝင်ခုနစ်ဦးရှိမိသားစုတစ်စုထံ ချဉ်းကပ်ခဲ့သည်။ ဘရိုရှာမှ နှစ်သိမ့်မှုပေးသောသတင်းတရားကို မျှဝေသည့်ရလဒ်အနေဖြင့် နောက်တစ်နေ့တွင် မိခင်ဖြစ်သူနှင့်ကျမ်းစာသင်အံမှုစခဲ့ရသည်!
—သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်]။ ဘာသာတရားအလွန်ကိုင်းရှိုင်းသူတစ်ဦးသည် ခရစ်ယာန်ဘောင်အခြေခံအယူဝါဒ၏မှားယွင်းမှုကို ခြေမြစ်ခိုင်လုံစွာဖော်ထုတ်ထားသည့် ဤစာအုပ်တွင်တွေ့ရသောသမ္မာတရားကို တုံ့ ပြန်ကြပေမည်။
၃ သင်ကိုယ်တိုင် ဘရိုရှာတစ်စောင်စီနှင့်အကျွမ်းတဝင်ရှိပါ၊ ယင်းကို သင့်ရပ်ကွက်တွင် မည်သို့အသုံးပြုလျှင် အကောင်းဆုံးဖြစ်မည်ကို ဆုံးဖြတ်ပါ။ အကြံပြုထားသောတင်ဆက်နည်းများကို ၁၉၉၈ ဇူလိုင်လထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုနောက်ကျောစာမျက်နှာတွင် ကြည့်ပါ။ လူတို့၏စိတ်ရောနှလုံးကိုပါထိမိရန် သင်တို့၏ကြိုးစားအားထုတ်မှုများကို ယေဟောဝါကောင်းချီးပေးပါစေ။—မာ. ၆:၃၄။