ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၀၇ စာ. ၃
  • အုပ်ချုပ်ရေးအဖွဲ့ထံမှစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အုပ်ချုပ်ရေးအဖွဲ့ထံမှစာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါအား စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်အဖြစ် ချီးမြှောက်ကြလော့
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • မေတ္တာတရား မခေါင်းပါးပါစေနဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • သင့်ကိုချစ်တော်မူသော ဘုရားသခင်အား ချစ်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ‘သင့်ဘုရားသခင် ယေဟောဝါကို ချစ်ပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၃/၀၇ စာ. ၃

အုပ်ချုပ်ရေးအဖွဲ့ထံမှစာ

ကျွန်ုပ်တို့သည် ယေရှုနည်းတူ “ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော” ဟုစိတ်ထက်သန်စွာ ဆုတောင်းကြသည်။ ယေဟောဝါသက်သေများအဖြစ် အသက်ရှင်နေထိုင်ခြင်းက ထိုဆုတောင်းချက်နှင့်အညီ အလွန်နေထိုင်လိုကြောင်း ဖော်ပြသည်။ သို့သော် ဘုရားသခင့်နာမတော်ကို သိရှိရုံထက်မက လိုအပ်သည်။ ထိုနာမတော်ကိုဂုဏ်တင်နိုင်မည့် အခွင့်အရေးမှန်သမျှကို အသုံးချရမည်။ မှန်ပါသည်၊ ယေဟောဝါသက်သေများဟု အခေါ်ခံရခြင်းက ဂုဏ်အရှိဆုံးဖြစ်သည်။—မ. ၆:၉; ဟေရှာ. ၄၃:၁၀။

ဆာလံ ၁၁၀:၃ နှင့်အညီ ယေဟောဝါ၏လူမျိုးသည် ကိုယ်တော်မိန့်မှာထားသောလုပ်ငန်းတွင် စိတ်လိုကိုယ်လျောက် ပါဝင်နေကြသည်။ အသက်အရွယ်နှင့် နောက်ခံအသီးသီးရှိသူတို့သည် ဟောပြောခြင်းလုပ်ငန်းတွင် အဘယ်ကြောင့် တိုးချဲ့ပါဝင်နေကြသနည်း။ အဓိကအားဖြင့် ဘုရားသခင်ကို ချစ်မြတ်နိုးပြီး ကိုယ်တော့်ထံ ကိုယ်တိုင်ဆည်းကပ်မြှုပ်နှံထားခြင်းကြောင့် ဖြစ်သည်။ တရားဟောရာ ၆:၅၊ ၆ တွင် ယေဟောဝါကို “စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်” ရန် မိန့်မှာထားသည်။ ထိုစိတ်နှလုံးအကြွင်းမဲ့ဖြင့်ချစ်သောမေတ္တာက ကျွန်ုပ်တို့၏အချိန်၊ ခွန်အား၊ အစွမ်းအစရှိသမျှကို ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွား တိုးတက်ရေးအတွက် အသုံးချရန်၊ ဓမ္မအမှုတွင် အခြေအနေခွင့်ပြုသရွေ့ အတတ်နိုင်ဆုံး အပြည့်အဝပါဝင်ရန် လှုံ့ဆော်ပေးသည်။

ယေဟောဝါသည် လူတို့ကိုချစ်သောကြောင့် ကမ္ဘာတစ်ခွင် သတင်းကောင်းဟောပြောရန် ညွှန်ကြားတော်မူခဲ့သည်။ ကိုယ်တော်သည် အဘယ်သူမျှမပျက်စီးဘဲ ထင်ရာစိုင်းလမ်းစဉ်မှ နောင်တယူကာ ထာဝရအသက်ရရန် မိမိထံသို့ ပြန်လှည့်လာစေလိုတော်မူသည်။ (၂ ပေ. ၃:၉) “ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏” ဟုယေဟောဝါမိန့်တော်မူသည်။ (ယေဇ. ၃၃:၁၁) ဓမ္မအမှုတွင်ပါဝင်စဉ် ကျွန်ုပ်တို့သည် လူတို့ကိုချစ်သော ကိုယ်တော့်မေတ္တာ၏ သက်သေများဖြစ်ကြသည်။ ထို့ကြောင့်လည်း ထိုအရေးကြီးလုပ်ငန်းတွင်ပါဝင်စဉ် ကျွန်ုပ်တို့ ပျော်ရွှင်ကျေနပ်မှုခံစားရခြင်းဖြစ်သည်။

ကိုယ်တော့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာအပေါ် ကျွန်ုပ်တို့ရှုမြင်ပုံကလည်း ယေဟောဝါကို ကျွန်ုပ်တို့ မည်မျှနှစ်နှစ်ကာကာချစ်ကြောင်း ဖော်ပြနေသည်။ သမ္မာကျမ်းစာသာမရှိပါက ဘုရားသခင်ကို မသိကျွမ်းနိုင်၊ ယာကုပ် ၄:၈ အရ ကိုယ်တော့်ထံချဉ်းကပ်ရန် ဖိတ်ခေါ်ချက်ကို တုံ့ပြန်နိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့ အဘယ်ကြောင့် ဤလောကတွင် ရောက်ရှိနေရကြောင်း၊ အဘယ်အနာဂတ်ရှိကြောင်း သိနိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့ကြုံနေရသောပြဿနာအားလုံးသည် ဘိုးဘေးအာဒံကြောင့်ဖြစ်ကြောင်းကိုလည်း သိနိုင်မည်မဟုတ်ပါ။ (ရော. ၅:၁၂) ထို့ပြင် ရွေးနုတ်ဖိုးအဖြစ် တစ်ပါးတည်းသောချစ်သားတော်ကို ပေးဆက်ခဲ့သည့် ဘုရားသခင့်မေတ္တာတော်အကြောင်း သိနိုင်မည်မဟုတ်။ ယေဟောဝါသည် အခြားနည်းများစွာဖြင့်လည်း မိမိ၏အသိပညာ၊ ဉာဏ်ပညာနှင့် သိနားလည်မှုတို့ကို ကျွန်ုပ်တို့အား ဖော်ပြပေးသည်။ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် မှုတ်သွင်းခဲ့သော ကျမ်းစာကို ဆုလက်ဆောင်အဖြစ်ပေးထားသည့်အတွက် အလွန်ကျေးဇူးတင်စရာပါတကား! ထိုဆုလက်ဆောင်အတွက် ကျေးဇူးတင်စိတ်က ယင်းကိုဖတ်ရှုလေ့လာကာ တွေးတောဆင်ခြင်ရန် အချိန်ဝယ်ယူဖို့ စေ့ဆော်ပေးသည်။ (ဧ. ၅:၁၅၊ ၁၆; ဆာ. ၁:၁-၃) နေ့စဉ်ကျမ်းစာဖတ်ရှုဖို့ အချိန်ပေးရန် ဘယ်သောအခါမျှ မတွန့်တိုသင့်ပေ။ ယင်းအစား ဘုရားသခင်ကိုချစ်မြတ်နိုးမည်ဆိုလျှင် သမ္မာကျမ်းစာကို ဖတ်ရှုသင့်သည်။ သို့ဖြင့် ကိုယ်တော့်အကြောင်း ပိုသိကျွမ်းလာကာ ပို၍ချစ်မြတ်နိုးလာမည်ဖြစ်သည်။

အာဒံသည် ဘုရားသခင်ကိုပုန်ကန်၍ အပြစ်ပြုခဲ့သောကြောင့် ကျွန်ုပ်တို့တစ်ဦးစီအပါအဝင် သားစဉ်မြေးဆက်များ အပြစ်ကိုအမွေခံရပြီး မျှော်လင့်ချက်မဲ့သောဘဝ ရောက်ခဲ့ရကြောင်းကို သမ္မာကျမ်းစာမှ သိရှိရသည်။ သို့သော် ဘုရားသခင်သည် လူသားတို့အတွက် လွတ်မြောက်ရာလမ်း စီစဉ်ပေးနိုင်ပြီး ကမ္ဘာမြေအတွက် ကိုယ်တော့်ရည်ရွယ်ချက် ဧကန်ပြည့်စုံလာစေရန် အဆင့်ဆင့်လုပ်ဆောင်ခြင်းဖြင့် ထိုသို့စီစဉ်ပေးခဲ့သည်။—က. ၃:၁၅။

ဘုရားသခင်၏နာမတော်မြတ် ရိုသေလေးမြတ်ခြင်းရှိစေရန် ကျွန်ုပ်တို့အားလုံး ဆန္ဒပြင်းပြကြသည်။ ယေဟောဝါရှင်သည် အလွန်ကောင်းမြတ်တော်မူကြောင်း ကျွန်ုပ်တို့သိရှိလာသည်နှင့်အမျှ နာမတော်မြတ်နှင့် ရည်ရွယ်တော်မူချက်ကို အခြားသူများသိရှိစေရေးတွင် ကိုယ်တော်၊ ကိုယ်တော့်အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်ရန် စေ့ဆော်ခံရသည်။ ယခုရော၊ လာမည့်ကမ္ဘာသစ်တွင်ပါ ကိုယ်တော့်မျက်နှာသာတော်နှင့်ကောင်းချီးများ ထာဝစဉ်ခံစားမွေ့လျော်ရမည်ကို ကျွန်ုပ်တို့ စိတ်ချကြသည်။

အုပ်ချုပ်ရေးအဖွဲ့ဝင်များက အသင်ညီအစ်ကိုညီအစ်မများကို အလွန်ချစ်မြတ်နိုးကြောင်း စိတ်ချစေလိုပါသည်။ ထို့ပြင် “ကြီးစွာသောဆင်းရဲဒုက္ခ” မတိုင်မီ ကျန်ရှိနေသောအချိန်တွင် လူများနိုင်သမျှများများထံ သတင်းကောင်းရောက်ရှိရန် သင်တို့၏ကြိုးစားလုပ်ဆောင်မှုများကိုလည်း အလွန်ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြလိုပါသည်။ (ဗျာ. ၇:၁၄) ထိုသို့ကြိုးစားလုပ်ဆောင်ခြင်းဖြင့် သင်တို့ရရှိထားသော အသိပညာကို အခြားသူများအား လက်ဆင့်ကမ်းပေးရာရောက်သည်။ ယင်းမှာ ဘုရားသခင်နှင့်ခရစ်တော်ကို သိကျွမ်းခြင်းပညာဖြစ်ပြီး ထာဝရအသက်သို့ပို့ဆောင်ပေးသည်။—ယော. ၁၇:၃။

သင်တို့၏ညီအစ်ကိုများ၊

Governing Body of Jehovah’s Witnesses

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ