ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ရာဇဝင်ချုပ် ၁၀
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

မာတိကာ

      • ရောဗောင်ကို အစ္စရေးတွေ ပုန်ကန် (၁-၁၉)

၂ ရာဇဝင်ချုပ် ၁၀:၁

ကျမ်းညွှန်းများ

  • +၁ဘု ၁၂:၁-၄
  • +ယရ ၂၀:၇; ၂၄:၁; သူ ၉:၁

၂ ရာဇဝင်ချုပ် ၁၀:၂

ကျမ်းညွှန်းများ

  • +၁ဘု ၁၁:၄၀
  • +၁ဘု ၁၁:၂၈

၂ ရာဇဝင်ချုပ် ၁၀:၄

ကျမ်းညွှန်းများ

  • +၁ရှ ၈:၁၁-၁၈; ၁ဘု ၄:၇

၂ ရာဇဝင်ချုပ် ၁၀:၅

ကျမ်းညွှန်းများ

  • +၁ဘု ၁၂:၅-၇

၂ ရာဇဝင်ချုပ် ၁၀:၈

ကျမ်းညွှန်းများ

  • +၁ဘု ၁၂:၈-၁၁

၂ ရာဇဝင်ချုပ် ၁၀:၁၂

ကျမ်းညွှန်းများ

  • +၁ဘု ၁၂:၁၂-၁၅

၂ ရာဇဝင်ချုပ် ၁၀:၁၅

ကျမ်းညွှန်းများ

  • +တရ ၂:၃၀; ၂ရှ ၁၇:၁၄
  • +၁ဘု ၁၁:၂၉-၃၁

၂ ရာဇဝင်ချုပ် ၁၀:၁၆

ကျမ်းညွှန်းများ

  • +၁ဘု ၁၁:၃၂
  • +၁ဘု ၁၂:၁၆၊ ၁၇

၂ ရာဇဝင်ချုပ် ၁၀:၁၇

ကျမ်းညွှန်းများ

  • +၁ဘု ၁၁:၃၅၊ ၃၆

၂ ရာဇဝင်ချုပ် ၁၀:၁၈

ကျမ်းညွှန်းများ

  • +၂ရှ ၂၀:၂၄; ၁ဘု ၄:၆
  • +၁ဘု ၁၂:၁၈၊ ၁၉

အထွေထွေ

၂ ရာ. ၁၀:၁၁ဘု ၁၂:၁-၄
၂ ရာ. ၁၀:၁ယရ ၂၀:၇; ၂၄:၁; သူ ၉:၁
၂ ရာ. ၁၀:၂၁ဘု ၁၁:၄၀
၂ ရာ. ၁၀:၂၁ဘု ၁၁:၂၈
၂ ရာ. ၁၀:၄၁ရှ ၈:၁၁-၁၈; ၁ဘု ၄:၇
၂ ရာ. ၁၀:၅၁ဘု ၁၂:၅-၇
၂ ရာ. ၁၀:၈၁ဘု ၁၂:၈-၁၁
၂ ရာ. ၁၀:၁၂၁ဘု ၁၂:၁၂-၁၅
၂ ရာ. ၁၀:၁၅တရ ၂:၃၀; ၂ရှ ၁၇:၁၄
၂ ရာ. ၁၀:၁၅၁ဘု ၁၁:၂၉-၃၁
၂ ရာ. ၁၀:၁၆၁ဘု ၁၁:၃၂
၂ ရာ. ၁၀:၁၆၁ဘု ၁၂:၁၆၊ ၁၇
၂ ရာ. ၁၀:၁၇၁ဘု ၁၁:၃၅၊ ၃၆
၂ ရာ. ၁၀:၁၈၂ရှ ၂၀:၂၄; ၁ဘု ၄:၆
၂ ရာ. ၁၀:၁၈၁ဘု ၁၂:၁၈၊ ၁၉
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၂ ရာဇဝင်ချုပ် ၁၀:၁-၁၉

၂ ရာဇဝင်ချုပ်

၁၀ အစ္စရေးအားလုံးက ရောဗောင်ကို   မင်းမြှောက်ဖို့   ရှေခင်မြို့ကို+  ရောက်လာတဲ့အတွက်  ရောဗောင်လည်း  ရှေခင်မြို့ကို  သွားတယ်။+ ၂ (ရှောလမုန်မင်းရဲ့ရန်ကို ကြောက်လို့ အီဂျစ်ပြည်မှာ ထွက်ပြေးခိုလှုံနေတဲ့)+ နေဗတ်ရဲ့သား ယေရောဗောင်က+ အဲဒီသတင်းကို ကြားတာနဲ့ ချက်ချင်း ပြန်လာတယ်။ ၃ ဒါနဲ့ ယေရောဗောင်ကို လူလွှတ်ပြီး ခေါ်လိုက်ကြတယ်။  ယေရောဗောင်နဲ့  အစ္စရေးအားလုံး ရောဗောင်မင်းဆီ အခစားဝင်ပြီး၊ ၄ “မင်းကြီးရဲ့ ခမည်းတော်က ကျွန်တော်တို့အပေါ် လေးလံတဲ့ထမ်းပိုး တင်ခဲ့ပါတယ်။+ ဒါပေမဲ့ မင်းကြီးက ခမည်းတော်ဆီမှာ ကျွန်တော်တို့ ပင်ပင်ပန်းပန်း အမှုထမ်းရတာကို သက်သာအောင် လုပ်ပေးမယ်၊ လေးလံတဲ့ထမ်းပိုးကို ပေါ့အောင် လုပ်ပေးမယ်ဆိုရင် မင်းကြီးဆီမှာ ကျွန်တော်တို့ အမှုထမ်းပါ့မယ်” လို့လျှောက်တင်ကြတယ်။

၅ အဲဒီအခါ ရောဗောင်မင်းက “သုံးရက်ကြာမှ ငါ့ဆီ ပြန်လာကြ” လို့ပြောတော့ လူတွေလည်း ထွက်သွားကြတယ်။+ ၆ ရောဗောင်မင်းလည်း ခမည်းတော် ရှောလမုန် အသက်ရှင်စဉ်က ခစားခဲ့ကြတဲ့ အသက်ကြီးသူတွေနဲ့ တိုင်ပင်ပြီး “ဒီလူတွေကို ဘာပြန်ပြောရင် ကောင်းမလဲ။ အကြံပေးကြပါ” ဆိုတော့၊ ၇ သူတို့က “မင်းကြီးကသာ ဒီလူတွေအပေါ် ကောင်းမယ်၊ သူတို့ကျေနပ်အောင် လုပ်ပေးမယ်၊ ချိုချိုသာသာ ပြန်ပြောမယ်ဆိုရင် မင်းကြီးဆီမှာ သူတို့ အမှုထမ်းကြပါလိမ့်မယ်” ဆိုပြီး အကြံပေးတယ်။

၈ ဒါပေမဲ့ ရောဗောင်မင်းက အသက်ကြီးသူတွေရဲ့ အကြံပေးချက်ကိုလက်မခံဘဲ သူ့ဆီမှာ ခစားနေတဲ့ ငယ်ပေါင်းကြီးဖော် လူငယ်တွေနဲ့ တိုင်ပင်တယ်။+ ၉ “‘ကျွန်တော်တို့အပေါ် ခမည်းတော်တင်ခဲ့တဲ့ ထမ်းပိုးကို ပေါ့အောင် လုပ်ပေးပါ’ လို့ တောင်းဆိုနေတဲ့ လူတွေကို ဘာပြန်ပြောရမလဲ။ အကြံပေးကြဦး” ဆိုပြီး ပြောတဲ့အခါ၊ ၁၀ ငယ်ပေါင်းကြီးဖော် လူငယ်တွေက “‘မင်းကြီးရဲ့ခမည်းတော်က ကျွန်တော်တို့အပေါ် လေးလံတဲ့ထမ်းပိုး တင်ခဲ့ပါတယ်။ မင်းကြီးက အဲဒီထမ်းပိုးကို ပေါ့အောင် လုပ်ပေးပါ’ ဆိုပြီး တောင်းဆိုတဲ့ လူတွေကို ‘ငါ့လက်သန်းဟာ ခမည်းတော်ရဲ့ခါးထက် ပိုကြီးလိမ့်မယ်။ ၁၁ ခမည်းတော်က မင်းတို့အပေါ် လေးလံတဲ့ထမ်းပိုး တင်ခဲ့တယ်။ အဲဒီထမ်းပိုးကို ပိုလေးအောင် ငါလုပ်ဦးမှာ။ ခမည်းတော်က မင်းတို့ကို ကျာပွတ်နဲ့ရိုက်ပြီး ဒဏ်ပေးခဲ့တယ်။ ငါကတော့ ဆူးချွန်တွေပါတဲ့ ကျာပွတ်နဲ့ရိုက်ပြီး ဒဏ်ပေးဦးမယ်’ လို့ပြောလိုက်ပါ” ဆိုပြီး အကြံပေးတယ်။

၁၂ ရောဗောင်မင်းက  “သုံးရက်မြောက်နေ့မှာ ပြန်လာကြ” လို့ပြောထားတဲ့အတွက် သုံးရက်စေ့တဲ့အခါ ယေရောဗောင်နဲ့ လူတွေ အခစားဝင်လာကြတယ်။+ ၁၃ မင်းကြီးက အသက်ကြီးသူတွေရဲ့ အကြံပေးချက်ကို ပယ်ပြီး လူတွေကို ခက်ခက်ထန်ထန် ပြန်ပြောတယ်။ ၁၄ လူငယ်တွေ အကြံပေးတဲ့အတိုင်း “မင်းတို့ရဲ့ထမ်းပိုးကို လေးအောင် ငါလုပ်မယ်။ ပိုလေးအောင်ကို လုပ်ဦးမယ်။ ခမည်းတော်က မင်းတို့ကို ကျာပွတ်နဲ့ရိုက်ပြီး ဒဏ်ပေးခဲ့တယ်။ ငါကတော့ ဆူးချွန်တွေပါတဲ့ ကျာပွတ်နဲ့ရိုက်ပြီး ဒဏ်ပေးဦးမယ်” လို့ ပြန်ပြောလိုက်တယ်။ ၁၅ မင်းကြီးက လူတွေရဲ့စကားကို အရေးမလုပ်ဘူး။ အခြေအနေတွေ  အခုလို  ပြောင်းလဲသွားအောင် စစ်မှန်တဲ့ဘုရားသခင် လုပ်လိုက်တဲ့အတွက်+ ရှိလောမြို့သား အဟိယကတစ်ဆင့်+ နေဗတ်ရဲ့သား ယေရောဗောင်ကို ယေဟောဝါ ပြောခဲ့တဲ့စကား ပြည့်စုံလာတယ်။

၁၆ အစ္စရေးတွေလည်း  သူတို့စကားကို မင်းကြီး အရေးမလုပ်တဲ့အတွက် “ငါတို့က ဒါဝိဒ်နဲ့ ဘာဆိုင်လို့လဲ။ ယေရှဲရဲ့သားဆီကနေ အမွေရစရာလည်း ဘာမှမရှိဘူး။ အစ္စရေးတို့၊ ကိုယ့်ဘုရားတွေဆီ ပြန်သွားကြ။ ဒါဝိဒ်၊ ကိုယ့်အမျိုးကိုပဲ စောင့်ရှောက်ပေတော့”+ လို့ပြောပြီး ကိုယ့်အိမ်ကိုယ့်ရာဆီ ပြန်သွားကြတယ်။+

၁၇ ရောဗောင်ကတော့ ယုဒမြို့တွေမှာ နေထိုင်တဲ့ အစ္စရေးတွေကို ဆက်အုပ်ချုပ်တယ်။+

၁၈ နောက်ပိုင်းမှာ  ရောဗောင်မင်းက ချွေးတပ်ကိုကြီးကြပ်တဲ့ ဟဒေါရံကို+  တာဝန်နဲ့လွှတ်လိုက်တဲ့အခါ အစ္စရေးတွေက ကျောက်ခဲနဲ့ ပေါက်သတ်လိုက်ကြတယ်။ ရောဗောင်မင်းကတော့ မြင်းရထားစီးပြီး ဂျေရုဆလင်မြို့ကို ထွက်ပြေးသွားတယ်။+ ၁၉ အစ္စရေးတွေဟာ ဒါဝိဒ်အမျိုးကို အခုအထိ ပုန်ကန်နေတုန်းပဲ။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ