SIN DING THU 16
LA 64 ရိတ်သိမ်းခြင်းမှာ ပျော်ရွှင်စွာ
Pasian’ Nasepna-ah Nuam I Sak Theih Dan
“Lungdamna tawh Jehovah’ na sem un.” —LA. 100:2.
အာရုံစိုက်ရာ
အမှုဆောင်မှာ ပိုပျော်စေမယ့် နည်းတွေ လေ့လာသွားကြမယ်။
1. Lungdamna thu taangkona tawh kisai-in mi pawlkhat in koici ngaihsut uh a hiam? (Lim zong en in.)
ကောင်းကင်ဘုံစံအဖကို ချစ်လို့၊ အဖအကြောင်း လူတွေကို သိစေချင်လို့ ကျွန်တော်တို့ ဟောပြောကြတယ်။ ညီအစ်ကို/မများစွာဟာ ဟောပြောရတာ နှစ်ခြိုက်ကြတယ်။ တချို့ကတော့ ဟောသာ ဟောနေတယ်။ မနှစ်ခြိုက်တတ်ဘူး ဖြစ်နေတယ်။ ရှက်တတ်လို့၊ အဟောအပြော မကောင်းဘူးလို့ ခံစားရလို့ ဖြစ်နိုင်တယ်။ ဖိတ်ခေါ်မခံရဘဲ တခြားသူအိမ် မသွားချင်လို့ ဖြစ်နိုင်တယ်။ ခါးခါးသီးသီး တုံ့ပြန်ခံရမှာ စိုးလို့ ဖြစ်နိုင်တယ်။ ကိုယ့်ကြောင့် သူတစ်ပါး စိတ်အနှောင့်အယှက် မဖြစ်စေဖို့ ငယ်ငယ်ကတည်းက သွန်သင်ခံထားရလို့ ဖြစ်နိုင်တယ်။ ယေဟောဝါဘုရားကို သိပ်ချစ်ပေမဲ့ ဒီလိုခံစားချက်တွေကြောင့် အခက်တွေ့နေကြတယ်။ ဒါပေမဲ့ ဟောပြောခြင်းလုပ်ငန်း အရေးကြီးမှန်း သိလို့ ဒီလုပ်ငန်းမှာ မှန်မှန် ပါဝင်ကြတယ်။ ယေဟောဝါ သိပ်ကို နှစ်သက်မှာ။
အမှုဆောင်ရတာ ပျော်သလား (စာပိုဒ် ၁ ကို ကြည့်ပါ)
2. Pasian’ nasepna-ah nuamsa lo ihih leh bang hang lungkiat ding hi lo a hiam?
၂ သင်ကော အဲဒီလိုခံစားချက်တွေကြောင့် အမှုဆောင်ရတာ မပျော်မရွှင် ဖြစ်နေသလား။ စိတ်ဓာတ်မကျပါနဲ့။ ရှက်တယ်၊ အဟောအပြော မကောင်းဘူးလို့ ခံစားရတယ်ဆိုတာ နှိမ့်ချသူ၊ အာရုံစိုက်မခံချင်သူ၊ အငြင်းအခုံ မလုပ်ချင်သူမို့လို့ ဖြစ်နိုင်တယ်။ ဘယ်သူမှ ခါးခါးသီးသီး တုံ့ပြန်မခံချင်ဘူး။ အထူးသဖြင့် တခြားသူအကျိုး သယ်ပိုးနေသူဆိုရင်ပေါ့။ သင် ခံစားနေရတာကို ကောင်းကင်ဘုံစံအဖ ကောင်းကောင်း သိတယ်။ ကူညီပေးချင်တယ်။ (ဟေရှာ. ၄၁:၁၃) အဲဒီခံစားချက်တွေ ဖျောက်နိုင်ဖို့၊ အမှုဆောင်မှာ ပျော်ဖို့ အကြံပြုချက် ငါးချက်ကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားကြမယ်။
PASIAN’ KAMMAL PAN THA LA IN
3. Kamsang Jeremiah in thu a gen ngam nadingin bang in huh a hiam?
၃ ရှေးသစ္စာရှိ ကျေးကျွန်တွေ ခက်ခဲတဲ့ တာဝန် ရချိန်မှာ ဘုရားဆီက သတင်းစကားကြောင့် အားရှိသွားကြတယ်။ ပရောဖက် ယေရမိအကြောင်း သုံးသပ်ကြည့်ပါ။ ဟောဖို့ တာဝန်ရတုန်းက မဝံ့မရဲ ဖြစ်နေတယ်။ “ကျွန်တော်ဟာ လူငယ်လေးပါ။ ပြောတတ်ဆိုတတ်သူ မဟုတ်ပါဘူး” လို့ ပြောတယ်။ (ယေ. ၁:၆) ဟောရဲဖို့ ဘာက ကူညီပေးသလဲ။ ဘုရားနှုတ်ထွက်စကားက ကူညီပေးတာပါ။ “နှုတ်ထွက်စကားတွေဟာ အရိုးကို လောင်မြှိုက်တဲ့ မီးလိုပဲ။ ချုပ်တည်းရလွန်းလို့ ပင်ပန်းလှပြီ” လို့ ပြောတယ်။ (ယေ. ၂၀:၈၊ ၉) ဟောရမယ့် ရပ်ကွက် မကောင်းပေမဲ့ ဘုရား ဟောခိုင်းတဲ့ သတင်းစကားကြောင့် အားရှိသွားတယ်။
4. Lai Siangtho i sim ciangin le lungngaihngaih ciangin bang hamphatna kingah a hiam? (Kolose 1:9, 10)
၄ ခရစ်ယာန်တွေလည်း ကျမ်းစာမှာ ပါတဲ့ ဘုရားဆီက သတင်းစကားကြောင့် အားရှိကြတယ်။ ဘုရားအလိုတော်ကို တိကျမှန်ကန်စွာ သိမှသာ ‘ဘုရားသခင်နဲ့ ထိုက်တန်စွာ လျှောက်လှမ်းနိုင်ကြမှာပါ။ ကောင်းမှုအမျိုးမျိုး လုပ်ဆောင်တဲ့အခါမှာလည်း ရလဒ်ကောင်း ရရှိကြမှာပါ’ လို့ ကောလောသဲအသင်းတော်ဆီ ရေးတဲ့ စာမှာ တမန်တော် ပေါလု ပြောတယ်။ (ကောလောသဲ ၁:၉၊ ၁၀ ကို ဖတ်ပါ။) ကျမ်းစာဖတ်တဲ့အခါ၊ တွေးတောဆင်ခြင်တဲ့အခါ ဘုရားကို ပိုယုံလာမယ်။ ကောင်းမှုတစ်မျိုး ဖြစ်တဲ့ နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်း အရေးကြီးကြောင်း ပိုသဘောပေါက်လာမယ်။
5. Lai Siangtho simna le kankhiatna pan hamphatna a kicinga ngah nadingin bang sem thei i hiam?
၅ အကျိုးအပြည့်အဝ ရချင်ရင် ကျမ်းစာဖတ်၊ လေ့လာ၊ တွေးတောတဲ့အခါ မလောပါနဲ့။ အချိန်ယူပါ။ နားမလည်တဲ့ ကျမ်းပိုဒ် ရှိရင် မကျော်လိုက်ပါနဲ့။ ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန် ဒါမှမဟုတ် တခြားလေ့လာမှု ကိရိယာ သုံးပြီး ထပ်ဆင့် လေ့လာပါ။ အချိန်ယူ လေ့လာတဲ့အခါ ကျမ်းစာအဆို မှန်ကြောင်း စိတ်ချလာမယ်။ (၁ သက်. ၅:၂၁) စိတ်ချလေ သိထားတာတွေ တခြားသူတွေကို ပြောပြရတာ ပျော်လေ ဖြစ်လာမယ်။
PASIAN’ NASEPNA ADINGIN LIMTAKIN KIGINGKHOL IN
6. Pasian’ nasepna adingin bang hangin limtaka kiginkholh ding kisam a hiam?
၆ အမှုဆောင်အတွက် ကောင်းကောင်း ပြင်ဆင်ထားရင် ပေါ့ပေါ့ပါးပါး ဟောနိုင်ပြောနိုင်မယ်။ အမှုဆောင်ဖို့ တပည့်တွေကို မစေလွှတ်ခင် ယေရှု မှာစရာ ရှိတာတွေ မှာတယ်။ (လု. ၁၀:၁-၁၁) မှာတဲ့အတိုင်း တပည့်တွေ လက်တွေ့လုပ်လို့ ရလဒ်ကောင်းတွေ ရပြီး ဝမ်းသာအားရကြတယ်။—လု. ၁၀:၁၇။
7. Pasian’ nasepna adingin koici kigingkhol thei i hiam? (Lim zong en in.)
၇ အမှုဆောင်အတွက် ဘယ်လို ပြင်ဆင်နိုင်သလဲ။ ဘာအကြောင်း ပြောမလဲ၊ ကိုယ်ပိုင်စကားနဲ့ သဘာဝကျကျ ဘယ်လို ပြောမလဲ ကြိုစဉ်းစားထားပါ။ ရပ်ကွက်က လူတွေ တုံ့ပြန်လေ့ရှိတဲ့ ပုံစံ နှစ်မျိုး၊ သုံးမျိုးနဲ့ အခြေအနေတစ်မျိုးစီမှာ ကိုယ် ဘယ်လို ပြန်ပြောမလဲ ကြိုတွေးထားပါ။ ပေါ့ပေါ့ပါးပါး၊ ပြုံးပြုံးရွှင်ရွှင်၊ ဖော်ဖော်ရွေရွေ ပြောပါ။
အမှုဆောင်အတွက် ကောင်းကောင်း ပြင်ဆင်ပါ (စာပိုဒ် ၇ ကို ကြည့်ပါ)
8. Khristiante pen leibeel tawh koici kibang a hiam?
၈ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော်တို့ရဲ့ ကဏ္ဍနဲ့ပတ်သက်ပြီး “မြေအိုးတွေလို ဖြစ်တဲ့ ကျွန်တော်တို့ဆီမှာ ဒီဘဏ္ဍာ ရှိနေတယ်” လို့ တမန်တော် ပေါလု ပြောတယ်။ (၂ ကော. ၄:၇) ဘဏ္ဍာဆိုတာ ဘာလဲ။ အသက်ကယ်လုပ်ငန်း ဖြစ်တဲ့ နိုင်ငံတော် သတင်းကောင်း ဟောခြင်းပါ။ (၂ ကော. ၄:၁) မြေအိုးတွေဆိုတာကော။ သတင်းကောင်း ဟောတဲ့ ဘုရားကျေးကျွန်တွေပါ။ ပေါလုခေတ်တုန်းက အစားအစာ၊ ဝိုင်၊ ငွေတို့လို အဖိုးတန် ပစ္စည်းတွေ သယ်ဖို့ မြေအိုးတွေကို ကုန်သည်တွေ သုံးကြတယ်။ အဲဒီလိုပဲ အဖိုးတန် သတင်းကောင်း သယ်ဆောင်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ သုံးတယ်။ ယေဟောဝါရဲ့ အကူအညီကြောင့် ဟောပြောခြင်းတာဝန် ကျေပွန်နိုင်ဖို့ ခွန်အား ရကြပါလိမ့်မယ်။
HANGSAN NADINGIN THUNGEN IN
9. Launa lungsim koici paikhia thei i hiam? (Lim zong en in.)
၉ တစ်ခါတလေ ကျွန်တော်တို့ လူကြောက်မိနိုင်တယ်။ ခါးခါးသီးသီး တုံ့ပြန်ခံရမှာ ကြောက်မိနိုင်တယ်။ မဟောဖို့ အမိန့်ပေးခံရတုန်းက တမန်တော်တွေ ဘာလုပ်ကြသလဲ စဉ်းစားကြည့်ပါ။ ကြောက်မသွားဘူး။ ဆက်မဟောဘဲ မနေဘူး။ “တရားစကားတော်ကို ရဲရဲရင့်ရင့် ဟောပြောနိုင်ခွင့် ပေးသနားပါ” လို့ ဆုတောင်းတယ်။ ယေဟောဝါ ချက်ချင်း ဖြေပေးတယ်။ (တ. ၄:၁၈၊ ၂၉၊ ၃၁) ကျွန်တော်တို့လည်း ကြောက်စိတ် ဝင်လာရင် ဘယ်လို ဖျောက်နိုင်မလဲ။ ဆုတောင်းနိုင်တယ်။ လူတွေကို ကြောက်တဲ့စိတ်ထက် ချစ်တဲ့စိတ် ပိုများလာအောင် ကူညီပေးပါလို့ ဆုတောင်းပါ။
ရဲစွမ်းသတ္တိ ရဖို့ ဆုတောင်းပါ (စာပိုဒ် ၉ ကို ကြည့်ပါ)
10. Jehovah in ama thu Teci i pan zawh nadingin koi bangin hong huh a hiam? (Isaiah 43:10-12)
၁၀ မိမိရဲ့ သက်သေတွေအဖြစ် ကျွန်တော်တို့ကို ယေဟောဝါ ခန့်ထားတယ်။ သတ္တိရှိဖို့ ကူညီမယ်လို့ ကတိပေးထားတယ်။ (ဟေရှာယ ၄၃:၁၀-၁၂ ကို ဖတ်ပါ။) နည်းလေးနည်းအားဖြင့် ကူညီပေးတယ်။ ပထမ၊ ဟောပြောချိန်တိုင်း ကျွန်တော်တို့နဲ့အတူ ယေရှုကို ရှိနေစေတယ်။ (မ. ၂၈:၁၈-၂၀) ဒုတိယ၊ ကူညီပေးဖို့ ကောင်းကင်တမန်တွေကို တာဝန်ပေးထားတယ်။ (ဗျာ. ၁၄:၆) တတိယ၊ သိထားတဲ့ ကျမ်းစာအကြောင်းအရာတွေ ပြန်မှတ်မိအောင် ကူညီပေးနိုင်တဲ့ သန့်ရှင်းသော စွမ်းအားတော် ပေးထားတယ်။ (ယော. ၁၄:၂၅၊ ၂၆) စတုတ္ထ၊ ညီအစ်ကို/မတွေကို တွဲဖက်အဖြစ် ပေးထားတယ်။ ယေဟောဝါနဲ့ ညီအစ်ကို/မတွေရဲ့ အကူအညီကြောင့် ရဲရဲရင့်ရင့် ဆက်ဟောနိုင်မှာ သေချာတယ်။
KIKHELNA LE A HOIHLAMA MUHNA NEI IN
11. Mi tampi na muh nadingin bang sem thei na hiam? (Lim zong en in.)
၁၁ အိမ်တွေမှာ လူသိပ်မတွေ့လို့ စိတ်ဓာတ်ကျသလား။ ‘အိမ်ရှင်တွေ အခု ဘယ်ရောက်နေသလဲ’ လို့ စဉ်းစားကြည့်လိုက်ပါ။ (တ. ၁၆:၁၃) ‘အလုပ်သွားနေသလား၊ ဈေးသွားနေသလား။’ လမ်းပေါ် သက်သေခံရင် လူပိုတွေ့မလား။ “ဈေးဝယ်စင်တာ၊ ပန်းခြံတို့လို လူစည်တဲ့ နေရာတွေမှာ သွားရင်းလာရင်း ဟောဖို့ အခွင့်အရေး ရတတ်တယ်” လို့ ညီအစ်ကို ဂျက်ရှဝါ ပြောတယ်။ ဂျက်ရှဝါနဲ့ ဇနီး ဘရစ်ဂျက်ဟာ ညနေစောင်းတွေ၊ တနင်္ဂနွေ နေ့လယ်လို အချိန်တွေမှာ ပြောင်းဟောလို့ အိမ်ရှင် တော်တော်များများနဲ့ ဆုံတယ်။—ဧ. ၅:၁၅၊ ၁၆။
အချိန်၊ နေရာ ပြောင်းဟောပါ (စာပိုဒ် ၁၁ ကို ကြည့်ပါ)
12. Mite’ lunglut thute le a up thute koici theihtheih i hiam?
၁၂ ကိုယ်ဟောတာ လူတွေ စိတ်မဝင်စားရင် သူတို့ ဘာစိတ်ဝင်စားသလဲ၊ ဘာယုံကြည်လက်ခံသလဲ သိအောင် လုပ်ပါ။ ဝေစာမှာ ပါတဲ့ မေးခွန်းတွေ သုံးပြီး ဂျက်ရှဝါနဲ့ ဘရစ်ဂျက် စကားစလေ့ရှိကြတယ်။ ဥပမာ၊ သမ္မာကျမ်းစာကို သင် ဘယ်လို ရှုမြင်ပါသလဲ ဝေစာ သုံးပြီး “တချို့က ဘုရားပေး ကျမ်းလို့ ထင်တယ်။ တချို့ကျတော့ အဲဒီလို မထင်ဘူး။ အစ်ကို/အစ်မကော ဘယ်လို ထင်သလဲ” လို့ မေးကြတယ်။ ဒီလိုနဲ့ စကားဆက်နိုင်သွားတယ်။
13. Mite’n a ngaih nop loh uh hang, Pasian’ nasepna bang hangin gualzo a hiam? (Paunak 27:11)
၁၃ ကျွန်တော်တို့ ဟောတာ လူတွေ နားမထောင်ရင်တောင် အမှုဆောင်လုပ်ငန်း အောင်မြင်နေတယ်။ ဟောပြောသက်သေခံနေတာကိုက ယေဟောဝါနဲ့ ယေရှု ပေးတဲ့ တာဝန် ထမ်းဆောင်နေတာမို့ပါပဲ။ (တ. ၁၀:၄၂) ဒါကြောင့် ဟောစရာ လူမတွေ့ရင်တောင်၊ ဟောတာ နားမထောင်ရင်တောင် ကောင်းကင်ဘုံစံအဖကို စိတ်ရွှင်လန်းနေစေတယ်ဆိုတဲ့ အသိကြောင့် ကျွန်တော်တို့ ပျော်ကြတယ်။—ပညာအလိမ္မာ ၂၇:၁၁ ကို ဖတ်ပါ။
14. Unau khat in lungdamna thu a lunglut mi a muh ciangin i vekpi-in bang hangin lungdam i hiam?
၁၄ ညီအစ်ကို/မတစ်ယောက် သတင်းကောင်း စိတ်ဝင်စားသူ တွေ့တဲ့အခါမှာလည်း ကျွန်တော်တို့ ပျော်ကြတယ်။ အမှုဆောင်လုပ်ငန်းဟာ ကလေးပျောက် ရှာတာနဲ့ တူတယ်လို့ ကင်းမျှော်စင် မှာ ဖော်ပြဖူးတယ်။ ကလေးကို တွေ့ဖို့ အဖွဲ့လိုက် တစ်နေရာပြီး တစ်နေရာ ရှာကြတယ်။ တွေ့တဲ့အခါ ရှာတွေ့တဲ့ တစ်ယောက်ပဲ ပျော်တာ မဟုတ်ဘူး။ အားလုံး ပျော်ကြတယ်။ အဲဒီလိုပဲ တပည့်ဖြစ်စေခြင်းဟာ အဖွဲ့လိုက် လုပ်ရတဲ့ အလုပ် ဖြစ်တယ်။ စေ့စေ့စပ်စပ် ဟောနိုင်ဖို့ဆိုရင် ညီအစ်ကို/မအားလုံးရဲ့ လုပ်အား လိုတယ်။ စိတ်ဝင်စားသူတစ်ယောက် အစည်းအဝေး လာတက်တဲ့အခါ ညီအစ်ကို/မအားလုံး ပျော်ကြတယ်။
JEHOVAH LE MIDANGTE IT IN
15. Matthai 22:37-39 in Pasian’ nasepna-ah thalawp dingin koici hong huh thei a hiam? (Lim zong en in.)
၁၅ ဟောပြောတာဟာ ယေဟောဝါနဲ့ လူလူချင်းကို ချစ်ကြောင်း ပြနိုင်တဲ့နည်း ဖြစ်တယ်ဆိုတာ သတိရရင် အမှုဆောင်မှာ ထက်သန်လာမယ်။ (မဿဲ ၂၂:၃၇-၃၉ ကို ဖတ်ပါ။) ဘုရားပေး တာဝန် ထမ်းဆောင်နေတာ ဖြစ်လို့ ဘုရား စိတ်ရွှင်လန်းနေမှာကို မြင်ယောင်ကြည့်လိုက်ပါ။ ကျမ်းစာ စလေ့လာတဲ့အခါ လူတွေ ကျေနပ်ပျော်ရွှင်ကြမှာ၊ သတင်းတရား လက်ခံပြီး ဘုရားကို ဝတ်ပြုဖို့ ဆုံးဖြတ်တဲ့အခါ ထာဝရအသက် ရကြမှာကို မြင်ယောင်ကြည့်လိုက်ပါ။—ယော. ၆:၄၀။ ၁ တိ. ၄:၁၆။
ဟောပြောတာဟာ ယေဟောဝါနဲ့ လူလူချင်းကို ချစ်ကြောင်း ပြနိုင်တဲ့နည်း ဖြစ်တယ်ဆိုတာ သတိရရင် အမှုဆောင်မှာ ပိုပျော်လာမယ် (စာပိုဒ် ၁၅ ကို ကြည့်ပါ)
16. Inn pan i paikhiat theih loh ciangin Pasian’ nasepna-ah koi bangin nuamsa thei i hiam? Sep theih dan pawlkhat gentehna pia in.
၁၆ အကြောင်းရင်းတချို့ကြောင့် အိမ်မှာ ခြေချုပ်မိနေသလား။ ဒါဆိုရင် ယေဟောဝါနဲ့ လူလူချင်းကို ချစ်ကြောင်း ပြဖို့ ကိုယ်လုပ်နိုင်တာကို အာရုံစိုက်ပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ညီအစ်ကို ဆမ်မြူရယ်နဲ့ ညီအစ်မ ဒန်ညာ အိမ်မှာ ခြေချုပ်မိသွားကြတယ်။ ခက်ခဲတဲ့ ကာလအတွင်း မှန်မှန် ဖုန်းဆက် သက်သေခံတယ်။ စာရေး သက်သေခံတယ်။ Zoom နဲ့ ကျမ်းစာသင်အံမှုတွေ လုပ်တယ်။ ကင်ဆာကုထုံး ခံယူဖို့ ဆေးခန်းသွားတဲ့အခါ ဆုံရသူတွေကို ဆမ်မြူရယ် သက်သေခံတယ်။ “အခက်အခဲတွေကြောင့် ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း ချုံးချုံးကျလာတယ်။ ဒါကြောင့် အမှုဆောင်မှာတော့ ပျော်နေမှ ဖြစ်မယ်” လို့ ဆမ်မြူရယ် ပြောတယ်။ အဲဒီအတောအတွင်း ဒန်ညာ ချော်လဲပြီး အိပ်ရာထဲ သုံးလလောက် လဲသွားတယ်။ ခြောက်လလောက် ဘီးတပ်ကုလားထိုင်နဲ့ နေရတယ်။ “အခြေအနေ ပေးသလောက် ကြိုးစားဟောတယ်။ လာကြည့်ပေးတဲ့ သူနာပြုဆရာမလေးကို၊ မှာထားတဲ့ပစ္စည်း လာပို့သူတွေကို ဟောတယ်။ ဆေးကုမ္ပဏီဝန်ထမ်းတစ်ယောက်ကိုလည်း ကျမ်းစာအကြောင်းအရာတွေ ဖုန်းဆက် ပြောပြနေတယ်” လို့ ဒန်ညာ ပြောတယ်။ ဆမ်မြူရယ်နဲ့ ဒန်ညာ အရင်ကလောက် မလုပ်နိုင်ပေမဲ့ တတ်နိုင်တာ လုပ်ကြတယ်။ ပျော်ရွှင်ကြတယ်။
17. Hih thulu-a thuhilhnate pan hamphatna na ngah nadingin bang sem thei na hiam?
၁၇ ဒီဆောင်းပါးမှာ ပါတဲ့ အကြံပြုချက် တစ်ချက်စီဟာ ဟင်းချက်နည်းထဲက ပါဝင်ပစ္စည်းတွေနဲ့ တူတယ်။ ပါဝင်ပစ္စည်းအားလုံး ထည့်ချက်မှ အရသာရှိတဲ့ ဟင်းတစ်ခွက် ရလာမှာ။ ဒါကြောင့် ဆောင်းပါးမှာ ပါတဲ့ အကြံပြုချက်အားလုံး လက်တွေ့အသုံးချပါ။ ဒါဆိုရင် ရလဒ်ကောင်းတွေ ရလာမယ်။ အပျက်သဘော ခံစားချက်တွေ ဖျောက်နိုင်မယ်။ အမှုဆောင်မှာ ပိုပျော်လာမယ်။
NANGH BANGCI DAWNG DING?
Hun pia-a kiginkholhna in Pasian’ nasepna-ah nuamsa dingin koi bangin hong huh ding a hiam?
Hangsan nadinga thungetna in Pasian’ nasepna-ah nuamsa dingin koi bangin hong huh ding a hiam?
Jehovah le midangte itna in Pasian’ nasepna-ah nuamsa dingin koi bangin hong huh ding a hiam?
LA 80 ‘ယေဟောဝါ ကောင်းမြတ်ကြောင်း မြည်းစမ်းကြည့်ပါ’