Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 April laim. 8-13
  • Jehovah’ Pawlpi Tungah Na Muanna Khangsak In

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Jehovah’ Pawlpi Tungah Na Muanna Khangsak In
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • PASIAN’ PAWLPI IN JESUH ETTEH
  • PASIAN’ PAWLPI NA MUANLAM LAKSUAK IN
  • KUAMAH HANGIN NA MUANNA KIAMSAK KEI IN
  • Thuman Thutak Kician Takin Na Thei Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Piak Khiatna-ah Lungdamna Lian Zaw
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Pasian’ Nasepna-ah Nuam I Sak Theih Dan
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 April laim. 8-13

SIN DING THU 15

LA 124 သစ္စာမြဲပါ

Jehovah’ Pawlpi Tungah Na Muanna Khangsak In

“Note tungah Pasian’ thu a hong gen, nidang a na makai masate uh phawk un.”—HEB. 13:7.

အာရုံစိုက်​ရာ

ယေဟောဝါရဲ့ အဖွဲ့အစည်းအပေါ် ယုံကြည်​လေးမြတ်မှု တိုး​နေ​စေဖို့ ဘာလုပ်ရမလဲ။

1. Kumzalom masa lai-in Jehovah in ama mite koi bangin paizia kician neisak a hiam?

မိမိလူမျိုးကို ယေဟောဝါ​ဘုရား တာဝန်​တစ်ခုခု ပေးပြီဆိုရင် စည်းစနစ်တကျ တာ​ဝန်ထမ်း​ဆောင်​စေချင်တယ်။ (၁ ကော. ၁၄:၃၃) ဥပမာ၊ လူ​နေထိုင်ရာ မြေတစ်ခွင်​လုံး​ကို သတင်းကောင်း ပျံ့နှံ့​စေချင်တယ်။ (မ. ၂၄:၁၄) ဒီ​လုပ်ငန်းကို ဦး​စီး​ဖို့ ယေရှုကို တာဝန်ပေးတယ်။ စည်းစနစ်တကျ ဟောပြောဖို့ ယေရှု ကြီးကြပ်ပေးတယ်။ ပထမရာစုမှာ ဂျေရုဆလင်​မြို့က တမန်တော်တွေ၊ အကြီးအကဲတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့က အသင်းတော်​အားလုံး​အတွက် ဆုံးဖြတ်ချက် ချပေးတယ်။ အသင်းတော်​အသီးသီးမှာ ရှိတဲ့ အကြီးအကဲတွေက ညီအစ်ကို/မတွေကို ဆုံးဖြတ်ချက် ပြောပြကြတယ်။ (တ. ၁၄:၂၃။ ၁၅:၂။ ၁၆:၄) ဆုံးဖြတ်ချက်​အတိုင်း ညီအစ်ကို/မတွေ လိုက်နာ​တဲ့အတွက် “အသင်းတော်တွေဟာ ယုံကြည်ခြင်း ခိုင်ခံ့​မြဲမြံ​လာပြီး ယုံကြည်သူ​အရေအတွက် တစ်နေ့​တခြား တိုးများလာတယ်။”—တ. ၁၆:၅။

2. Kum 1919-a kipanin Jehovah in ama mite koici lamlak a hiam?

၂ ဒီနေ့လည်း မိမိလူမျိုးကို ယေဟောဝါ စည်းစနစ်ကျ​စေ​တယ်။ ၁၉၁၉ ခုနှစ်ကတည်းက ဘိသိက်ခံ အမျိုးသား​တစ်စု​ကို ယေဟောဝါရဲ့ လမ်းညွှန်မှု​အောက်ကနေ ယေရှု သုံး​နေတယ်။ သူတို့က ဟောပြောခြင်း​လုပ်ငန်းကို စီစဉ်​ကြီးကြပ်ပေးတယ်။ ယေရှု​နောက်လိုက်တွေကို အချိန်တန် ကျမ်းစာ​လမ်းညွှန်ချက်တွေ ပေးတယ်။a (လု. ၁၂:၄၂) သူတို့ရဲ့ လုပ်ဆောင်မှုကို ယေဟောဝါ ကောင်းချီးပေးတာ ထင်ရှားတယ်။—ဟေရှာ. ၆၀:၂၂။ ၆၅:၁၃၊ ၁၄။

3-4. (a) Paizia kician neihna ii hamphatna gentehna pia in. (b) Hih thulu-ah bang thu kikum ding i hiam?

၃ စည်းစနစ်​မကျရင် ယေရှု ပေးထားတဲ့ တာဝန် မ​ကျေပွန်​နိုင်​ဘူး။ (မ. ၂၈:၁၉၊ ၂၀) ဥပမာ၊ ဟော​ရမယ့် ရပ်ကွက် သတ်​မှတ်မထားဘူး၊ တစ်ယောက်တစ်ပေါက် ကြိုက်တဲ့​နေရာ ဟော​လို့ ရတယ် ဆိုပါစို့။ ရပ်ကွက်​တချို့ကို ထပ်ထပ် ဟော​မိ​ပြီး ရပ်ကွက်​တချို့ကို လုံးဝ မဟော​မိ​တာ​မျိုး ဖြစ်သွားနိုင်တယ်။ စည်းစနစ်ကျ​လို့ ရ​နေတဲ့ နောက်ထပ် အကျိုးကျေးဇူးတွေ စဉ်းစားကြည့်ပါ။

၄ ယေရှု မြေကြီးပေါ် ရှိစဉ် နောက်လိုက်တွေကို စည်းစနစ်ကျ​စေ​သလို ဒီနေ့ခေတ်မှာလည်း စည်းစနစ်ကျ​နေ​စေ​တယ်။ ယေရှု ဘာ​စံနမူနာ ပြသလဲ၊ ယေရှုရဲ့ စံနမူနာကို ဘုရား​အဖွဲ့အစည်း ဘယ်လို အတုယူ​သလဲ၊ ဘုရား​အဖွဲ့အစည်းကို ယုံကြည်​လေးမြတ်ကြောင်း ဘယ်လို ပြနိုင်သလဲ​ဆိုတာ ဒီဆောင်းပါးမှာ သုံးသပ်​သွားပါမယ်။

PASIAN’ PAWLPI IN JESUH ETTEH

5. Pawlpi in Jesuh koi bangin etteh a hiam? (Johan 8:28)

၅ ကောင်းကင်ဘုံစံ​အဖ သင်ပေးတဲ့​အတိုင်း ယေရှု လုပ်တယ်၊ ပြောတယ်။ ယေရှုရဲ့ စံနမူနာကို ဘုရား​အဖွဲ့အစည်း အတုယူတယ်။ လမ်းညွှန်ချက် ပေးတဲ့အခါ၊ အမှားအမှန်​နဲ့ပတ်သက်ပြီး သွန်သင်ပေးတဲ့​အခါ ကျမ်းစာကို အခြေခံတယ်။ (ယောဟန် ၈:၂၈ ကို ဖတ်ပါ။ ၂ တိ. ၃:၁၆၊ ၁၇) ကျမ်း​စာဖတ်ဖို့၊ လိုက်လျှောက်ဖို့ မပြတ် သတိပေးတယ်။ ဒါဆိုရင် ကျမ်းစာ​လေ့လာဖို့ နည်းလမ်းကောင်း တစ်ခုက ဘာလဲ။ အဲဒီလို လေ့လာတာ ဘာအကျိုး ရှိသလဲ။

6. Pawlpi’ thohkhiat laibute zanga Lai Siangtho i sin ciangin bang hamphatna ngah i hiam?

၆ အဖွဲ့အစည်း​စာပေတွေ သုံးပြီး ကျမ်းစာ​လေ့လာတဲ့အခါ ကျွန်တော်တို့ အများကြီး အကျိုးရကြတယ်။ ဥပမာ၊ အဖွဲ့အစည်း​လမ်းညွှန်ချက်တွေ ကျမ်းစာနဲ့ ကိုက်မကိုက် တိုက်​ကြည့်​နိုင်​ကြတယ်။ လမ်းညွှန်ချက်တွေ ကျမ်းစာကို အခြေခံတယ်​ဆိုတာ သိတဲ့အခါ အဖွဲ့အစည်းကို ပိုယုံကြည်စိတ်ချ​လာကြတယ်။—ရော. ၁၂:၂။

7. Jesuh in bang thu taangko a hiam? Pawlpi in Jesuh koi bangin etteh a hiam?

၇ “ဘုရားသခင့်​နိုင်ငံတော် သတင်းကောင်း” ကို ယေရှု ဟောတယ်။ (လု. ၄:၄၃၊ ၄၄) တပည့်တွေကိုလည်း ဟော​ခိုင်းတယ်။ (လု. ၉:၁၊ ၂။ ၁၀:၈၊ ၉) ဒါကြောင့် ဒီနေ့ အဖွဲ့အစည်း​ထဲ ရှိနေ​သူတိုင်းဟာ ဘယ်နေရာမှာပဲ နေပါစေ၊ ဘာ​တာဝန်တွေ​ပဲ ရထားပါစေ နိုင်ငံတော် သတင်းကောင်း ဟော​ကြတယ်။

8. Bang hunpha ngah i hiam?

၈ ဘုရားနိုင်ငံတော် သတင်းကောင်း ဟောပြောခြင်း အခွင့်ထူး​ကို လူတိုင်း မရဘူး။ ဥပမာ၊ ယေရှု မြေကြီးပေါ် ရှိစဉ် မိမိ​အကြောင်း နတ်ဆိုးတွေကို တစ်ခွန်း​မှ မ​ဟ​ခိုင်း​ဘူး။ (လု. ၄:၄၁) ဒါကြောင့် သတင်းကောင်း ဟောပြောခြင်းကို အခွင့်ထူး​လို့ ကျွန်တော်တို့ သဘောထားကြတယ်။ အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး ဟောပြောခြင်း​လုပ်ငန်းမှာ မပါဝင်ခင် အရင်ဆုံး ဒီ​အခွင့်ထူးနဲ့ ထိုက်တန်​အောင် အသက်ရှင်နေ​ထိုင်ကြတယ်။ အချိန်မရွေး၊ နေရာမရွေး အတတ်နိုင်ဆုံး ဟောပြောခြင်းအားဖြင့် အခွင့်ထူး​ကို တန်ဖိုးထားကြောင်း ပြကြတယ်။ ယေရှုလိုပဲ လူတွေရဲ့ စိတ်နှလုံးထဲ နိုင်ငံတော် အမှန်တရား​မျိုးစေ့ စိုက်ပျိုး၊ ရေလောင်း​ပေးချင်​ကြတယ်။—မ. ၁၃:၃၊ ၂၃။ ၁ ကော. ၃:၆။

9. Mi te’n Pasian’ min a theih nadingun pawlpi in koi bangin huh a hiam?

၉ ဘုရား​နာမည် လူတွေကို ယေရှု သိစေတယ်။ “အဖရဲ့ နာမည်ကို သိအောင် သူတို့ကို ကျွန်တော် ပြောပြပါ​ပြီ” ဆိုပြီး ယေဟောဝါဆီ ဆုတောင်း​တုန်းက ယေရှု ပြောတယ်။ (ယော. ၁၇:၂၆) ယေရှုကို အတုယူပြီး ဘုရား​နာမည် လူတွေ သိလာအောင် အဖွဲ့အစည်း အတတ်နိုင်ဆုံး ကူညီပေးနေတယ်။ တစ်နည်းကတော့ ဘာသာစကား ၂၇၀ ကျော်​နဲ့ တစ်အုပ်လုံး​ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း​ဖြစ်စေ ရနိုင်ပြီ ဖြစ်တဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း အားဖြင့်​ပါ။ ဘုရား​နာမည်ကို မူရင်း​မှာ ပါတဲ့ နေရာ​တွေ​အတိုင်း ဒီ​ဘာသာပြန်ကျမ်း​မှာ ပြန်​ထည့်​ပေးထားတယ်။ နောက်ဆက်တွဲ က​၄ နဲ့ က​၅ မှာ ဘုရား​နာမည် ပြန်​ထည့်​ထားတာ​နဲ့ပတ်သက်ပြီး အသေးစိတ်​အချက်အလက်တွေ တွေ့နိုင်တယ်။ ခရစ်ယာန်​ဂရိ​ကျမ်းစောင်မှာ ဘုရား​နာမည် ၂၃၇ ကြိမ် ပါ​သင့်​ကြောင်း​နဲ့ပတ်သက်ပြီး ၂၀၀၈၊ ဩဂုတ် ၁ ကင်းမျှော်စင် စာမျက်နှာ ၁၈-၂၂ မှာ ပါတဲ့ “ယေဟောဝါ​ဟူသော နာမတော်ကို ဓမ္မသစ်​ကျမ်း​တွင် အသုံးပြုသင့်​သ​လော” ဆောင်းပါးမှာ ထပ်ဆင့်​အထောက်အထားတွေ ဖော်ပြထားတယ်။

10. Kawl gama numei khat ii thugen pan bang theikhia na hiam?

၁၀ ဘုရား​နာမည် လူများနိုင်သမျှ များများ သိလာအောင် ယေရှုလိုပဲ ကျွန်တော်တို့ ကူညီပေးချင်​ကြတယ်။ မြန်မာ​နိုင်ငံက ၆၇ နှစ်အရွယ် အမျိုး​သမီးတစ်ယောက် ဘုရား​နာမည် သိလိုက်ရတော့ မျက်ရည်ကျ​ပြီး ဒီလိုပြောတယ်– “ဘုရား​နာမည် ယေဟောဝါ ဖြစ်မှန်း ဦးဆုံး​အကြိမ် သိရတာ။ . . . အရေးကြီးဆုံး​အရာကို သင်ပေး​လိုက်တာပဲ။” ဘုရား​နာမည် သိ​လိုက်ရတာက စိတ်ရိုးဖြောင့်သူတွေကို ဘဝ​တစ်ဆစ်ချိုး ပြောင်းလဲစေနိုင်တယ်​ဆိုတာ ဒီတွေ့ကြုံမှုက​နေ သိရတယ်။

PASIAN’ PAWLPI NA MUANLAM LAKSUAK IN

11. Pawlpi upa te’n pawlpi a muanlam uh koici lakkhia thei a hiam? (Lim zong en in.)

၁၁ ဘုရား​အဖွဲ့အစည်းကို ယုံကြည်​လေးမြတ်ကြောင်း အကြီးအကဲတွေ ပြနိုင်တဲ့ တစ်နည်းက ဘာလဲ။ အကြီးအကဲတွေဟာ အစည်းအဝေး​အပိုင်းတွေ ဘယ်လို ကိုင်တွယ်​ရမယ်၊ အသင်းတော်မှာ ဘယ်လို ဆုတောင်းရမယ်၊ ခရစ်တော်ရဲ့ သိုးတွေကို ဘယ်လို ထိန်းကျောင်း​ရမယ်​ဆိုတာနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေ ရကြတယ်။ လမ်းညွှန်ချက် ရတဲ့အခါ သေသေချာချာ ဖတ်​ရမယ်။ အတတ်နိုင်ဆုံး လိုက်လျှောက်ရမယ်။ လမ်းညွှန်ချက်​အားလုံးကို အကြီးအကဲတွေ လိုက်လျှောက်တာက ညီအစ်ကို/မတွေကို ယေဟောဝါရဲ့ မေတ္တာ၊ ဂရုစိုက်မှု ခံစားရစေတယ်။

ရုပ်ပုံ– ၁။ အသင်းတော် ရပ်ကွက်​အကြောင်း အကြီးအကဲ​သုံးယောက် နိုင်ငံတော်​ခန်းမမှာ ဆွေးနွေးနေ။ ၂။ အများရှေ့ သက်သေခံတဲ့အခါ ဘေးကင်း​စေဖို့ ညီအစ်မ​နှစ်ယောက်ကို အကြီးအကဲတွေ​ထဲက တစ်ယောက် လမ်းညွှန်ချက် ပေးနေ။

အဖွဲ့အစည်း လမ်းညွှန်ချက်ကို ကျွန်တော်တို့ ယုံကြည်​လေးမြတ်​ဖို့ အကြီးအကဲတွေ ကူညီပေး (စာပိုဒ် ၁၁ ကို ကြည့်ပါ)b


12. (a) Bang hangin hong makaite’ thu mang a, zuih ding kisam a hiam? (Hebru 13:7, 17) (b) Hong makaite’ hoihnate bang hanga mitsuan ding kisam a hiam?

၁၂ အကြီးအကဲတွေဆီက လမ်းညွှန်ချက် ရတဲ့အခါ ကျွန်တော်တို့ လိုလိုလားလား လိုက်နာ​သင့်​တယ်။ လိုလိုလားလား လိုက်နာရင် ဦးဆောင်​နေ​သူ​တွေ တာ​ဝန်ထမ်း​ဆောင်​ရတာ စိတ်​ပေါ့​တယ်။ ဦးဆောင်နေသူ​တွေ​ကို နာခံဖို့၊ လက်အောက်ခံဖို့ ကျမ်းစာမှာ အားပေးထားတယ်။ (ဟီဘရူး ၁၃:၇၊ ၁၇ ကို ဖတ်ပါ။) တစ်ခါတလေတော့ မလွယ်ဘူး။ ဘာကြောင့်လဲ။ အကြီးအကဲတွေ မစုံလင်ကြလို့​ပါ။ ဒါပေမဲ့ သူတို့ရဲ့ ကောင်းကွက်တွေ​ကို မဟုတ်ဘဲ အားနည်းချက်တွေကို လိုက်​ကြည့်နေ​ရင် ရန်သူ​အားပေး ဖြစ်သွားမယ်။ နဂို​ကတည်းက​မှ ရန်သူတွေက ဘုရား​အဖွဲ့အစည်းကို အယုံအကြည် ပျက်​စေချင်​နေတာ။ ကျွန်တော်တို့သာ အကြီးအကဲတွေကို မကောင်းမြင်​လာ​ရင် အဖွဲ့အစည်းကို​လည်း မကောင်းမြင်​လာမယ်။ အယုံအကြည် ပျက်​လာမယ်။ ဒါဆိုရင် ရန်သူတွေရဲ့ အလိမ်အညာတွေကို ဘယ်လို သိနိုင်မလဲ၊ ငြင်းပယ်​နိုင်​မလဲ။

KUAMAH HANGIN NA MUANNA KIAMSAK KEI IN

13. Pasian’ galte in pawlpi koi bangin mindaisak a hiam?

၁၃ ဘုရား​အဖွဲ့အစည်းရဲ့ ကောင်းကွက်​ကို အားနည်းချက်​လို့ မြင်လာအောင် ရန်သူတွေ လုပ်ကြတယ်။ ဥပမာ၊ ကိုယ်ခန္ဓာ​ပိုင်း၊ ကိုယ်ကျင့်တရားပိုင်း၊ ဝတ်ပြုရေးပိုင်း​မှာ ကျွန်တော်တို့ကို ဘုရား သန့်ရှင်း​စေချင်တယ်။ နောင်တ​မယူဘဲ မသန့်ရှင်းတဲ့ လမ်းစဉ် ဆက်လျှောက်လှမ်း​နေသူကို အသင်းတော်ထဲက​နေ ဖယ်ရှား​ဖို့ မိန့်မှာတယ်။ (၁ ကော. ၅:၁၁-၁၃။ ၆:၉၊ ၁၀) ဒီ​မိန့်မှာချက်ကို ကျွန်တော်တို့ လိုက်နာကြတယ်။ ဒါပေမဲ့ ဒါ မေတ္တာမဲ့​တာ၊ တရားစီရင်​တာ၊ အမြင်​ကျဉ်း​တာ​ပဲ​လို့ အဖွဲ့အစည်းကို ရန်သူတွေ သိက္ခာ​ချ​စွပ်စွဲ​ကြတယ်။

14. Pawlpi’ thu a man lo-a gennate nungah kua om a hiam?

၁၄ ဆန့်ကျင်မှု၊ အပုပ်ချ​မှု နောက်ကွယ်က လက်​သည်​ကို သိပါ။ လက်​သည်​ကတော့ စာတန် မာရ်နတ်​ပါ။ စာတန်ဟာ “မုသားရဲ့ အဖ” ဖြစ်တယ်။ (ယော. ၈:၄၄။ က. ၃:၁-၅) ဒါကြောင့် သူ့​ဘက်တော်သား​တွေ​ကို အသုံးချပြီး အဖွဲ့အစည်း​အကြောင်း မဟုတ်တမ်း​စကားတွေ ဖြန့်​မယ်​ဆိုတာ ကျွန်တော်တို့ တွက်ထားသင့်တယ်။ ပထမရာစုမှာ အဲဒီလိုပဲ ဖြစ်ခဲ့တယ်။

15. Biakna makai te’n Jesuh’ nungzuite tungah bang cih uh a hiam?

၁၅ ဘုရား​သားတော် ယေရှုဟာ စုံလင်တယ်။ အံ့ဖွယ်အမှုတွေ လုပ်တယ်။ ဒါပေမဲ့ ယေရှုအကြောင်း မဟုတ်တမ်း​စကားတွေ ဖြန့်​ဖို့ လူ​တချို့ကို စာတန် အသုံးချ​တယ်။ ဥပမာ၊ “နတ်ဆိုး​မင်းရဲ့ အကူအညီနဲ့” နတ်ဆိုးတွေကို ယေရှု နှင်ထုတ်​တာ​ပါ​လို့ ဘာသာရေး ခေါင်းဆောင်တွေ ပြောကြတယ်။ (မာ. ၃:၂၂) ယေရှု စစ်ကြော​ခံရချိန်မှာ ဘုရားကို စော်ကားသူ​လို့ စွပ်စွဲ​ကြတယ်။ ကွပ်မျက်​ဖို့ တောင်းဆိုပါ​ဆိုပြီး လူအုပ်ကို စည်းရုံး​ထားကြတယ်။ (မ. ၂၇:၂၀) နောက်ပိုင်းမှာ သတင်းကောင်း ဟောပြောတဲ့ ခရစ်တော်​နောက်လိုက်တွေကိုလည်း “လူတွေ မုန်း​အောင်၊” နှိပ်စက်​အောင် ဆန့်ကျင်သူတွေ “သွေးထိုး​လှုံ့ဆော်” ကြတယ်။ (တ. ၁၄:၂၊ ၁၉) ၁၉၉၈၊ ဒီဇင်ဘာ ၁ ကင်းမျှော်စင် မှာ တမန်တော် ၁၄:၂ နဲ့ပတ်သက်ပြီး ဒီလို​ဖော်ပြထားတယ်– “ဂျူး​အတိုက်အခံပြုသူ​များသည် ကိုယ်တိုင် သတင်းတရားကို ငြင်းပယ်ခဲ့​ကြ​ရုံမက ခရစ်ယာန်​များ​ကို တစ်ပါး​အမျိုးသားများ စိတ်​စွန်းကွက်​စေရန် ကြိုးစား​အပုပ်ချ​ခဲ့​ကြသည်။”

16. A man lo thute i zak ciangin bang i phawk ding kisam a hiam?

၁၆ ဒီနေ့ခေတ်​အထိ​လည်း လူတွေကို စာတန် လှည့်စား​နေတုန်းပဲ။ “လူ​နေထိုင်ရာ မြေတစ်ပြင်လုံး​ကို လှည့်စား” နေတာ။ (ဗျာ. ၁၂:၉) ဒါကြောင့် အဖွဲ့အစည်း​အကြောင်း၊ ဦးဆောင်နေတဲ့ ညီအစ်ကိုတွေ​အကြောင်း မဟုတ်တမ်း​စကားတွေ ကြားတဲ့အခါ ယေရှုနဲ့ ပထမရာစု ခရစ်ယာန်တွေ ဘာ​ကြုံခဲ့ရတယ်ဆိုတာ သတိရပါ။ ဒီနေ့ ဘုရား​လူမျိုးဟာ ကျမ်းစာမှာ ကြိုပြော​ထားတဲ့​အတိုင်း ဆန့်ကျင်​ခံနေကြရတယ်၊ အပုပ်ချ​ခံနေကြရတယ်။ (မ. ၅:၁၁၊ ၁၂) မဟုတ်တမ်း​စကားတွေ​ရဲ့ နောက်ကွယ်မှာ ဘယ်သူ ရှိသလဲ သိထားရင်၊ ချက်ချင်း ငြင်းပယ်​ရင် ကျွန်တော်တို့ လှည့်စား​ခံကြရ​မှာ မဟုတ်ဘူး။ ဒါဆိုရင် ဘယ်လို ငြင်းပယ်​နိုင်​သလဲ။

17. A man lo thute koici pelh theih i hiam? (2 Timoti 1:13) (“A Man Lo Thute I Zak Ciangin” cih kiu li bawm en in.)

၁၇ မဟုတ်တမ်း​စကားတွေ နားမထောင်​ပါ​နဲ့။ မဟုတ်တမ်း​စကားတွေ ကြားတဲ့အခါ ဘာ​လုပ်ရမယ်ဆိုတာ တမန်တော် ပေါလု ရှင်းရှင်းလင်းလင်း ညွှန်ကြားတယ်။ “ဘုရားကို မခန့်လေးစား လုပ်​ရာ​ရောက်တဲ့ မဟုတ်တမ်း​စကားတွေကို” “အာရုံမစိုက်” ဖို့၊ “နားမထောင်” ဖို့ ‘လူ​တချို့ကို သတိပေး’ ပါ​လို့ တိမောသေကို ပြောတယ်။ (၁ တိ. ၁:၃၊ ၄။ ၄:၇) ကလေးငယ်​တစ်ယောက်ဟာ ကြမ်းပြင်ပေါ်​က ညစ်ပတ်​နေတဲ့​အရာကို ပါးစပ်​ထဲ ကောက်​ထည့်​မိ​နိုင်ပေမဲ့ လူကြီး​တစ်ယောက် ဘယ်တော့မှ အဲဒီလို လုပ်မှာ မဟုတ်ဘူး။ ဘေး​ဖြစ်စေနိုင်တယ်​ဆိုတာ သိလို့ပဲ။ ကျွန်တော်တို့လည်း မဟုတ်တမ်း​စကားတွေ ဘယ်က လာတယ်ဆိုတာ သိတဲ့အတွက် ငြင်းပယ်ကြ​တယ်။ “အကျိုး​ဖြစ်ထွန်းတဲ့ တရားစကား” ကို​ပဲ လိုက်နာ​စောင့်ထိန်း​ကြတယ်။—၂ တိမောသေ ၁:၁၃ ကို ဖတ်ပါ။

ရုပ်ပုံ– မဟုတ်တမ်း​စကား ပျံ့​နိုင်​တဲ့ နည်း​တွေ။ ၁။ လူတစ်ယောက် အသံဖိုင် သွင်း​နေ။ ၂။ အမျိုး​သမီးတစ်ယောက် တီးတိုး​ပြော​နေ။ ၃။ ဘယ်က​မှန်း မသိတဲ့ အီးမေးလ်တွေ။ ၄။ စာတိုက်​ပုံး​ထဲက လက်ကမ်း​စာစောင်။ လက်ကမ်း​စာစောင်​ကို ညီအစ်မ ဆုတ်ဖြဲ​နေ။

မဟုတ်တမ်း​စကားတွေ ကြားတဲ့အခါ

မဟုတ်တမ်း​စကားတွေ နည်းအမျိုးမျိုးနဲ့ ကြား​ရနိုင်တယ်။ ဥပမာ၊ ကျွန်တော်တို့ကို သိစေချင်​ဇော​နဲ့ သတင်း​အချက်အလက် မှန်မမှန် မ​စစ်​ဘဲ ညီအစ်ကို/မတွေ သဘောရိုးနဲ့ ပို့​လာနိုင်တယ်။ ဘယ်က​မှန်း မသိတဲ့ အီးမေးလ်တွေ ဝင်လာနိုင်တယ်။ အမှုဆောင်​သွားတဲ့အခါ ကျမ်းစာ စိတ်ဝင်စားချင်​ယောင်ဆောင်တဲ့ အယူဖောက်ပြန်သူတွေ​ဆီ​က မဟုတ်တမ်း​စကားတွေ ကြား​ရနိုင်တယ်။

၁။ ညီအစ်ကို/မတွေ သဘောရိုးနဲ့ ပို့​လာတဲ့ မဟုတ်တမ်း​စကားတွေ–

သတင်း​အချက်အလက် မှန်မမှန် စစ်​ပြီးပြီ​လား​လို့ အဲဒီ​ညီအစ်ကို/မ​ကို မေးပါ။ မ​စစ်​ရ​သေး​ဘူး​ဆိုရင် နားမထောင်ပါ​နဲ့။ မဖတ်ပါ​နဲ့။ တခြားသူတွေ​ဆီ မ​ဖြန့်​ပါ​နဲ့။—ပညာ. ၁၄:၁၅။

၂။ ဘုရားလူမျိုးအကြောင်း လှုပ်လှုပ်ခတ်ခတ် သတင်း ပါတဲ့ ဘယ်က​မှန်း မသိတဲ့ အီးမေးလ်တွေ–

အဲဒီလို​အီးမေးလ်တွေ​ဟာ အသိ​တစ်ယောက်ရဲ့ အီးမေးလ်​လိပ်စာ​ကနေ လာတာ​လို့ ထင်​ရ​တတ်တယ်။ အီးမေးလ် ပို့​သေး​လား၊ အီးမေးလ်​မှာ ပါတာ​တွေ မှန်မမှန် စစ်​ပြီးပြီ​လား​လို့ အသိ​ကို လှမ်း​မေးပါ။ ကိုယ့်​အသိ ပို့တာ မဟုတ်ဘူး၊ မ​စစ်​ရ​သေး​ဘူး​ဆိုရင် အီးမေးလ် ဖျက်​လိုက်ပါ။—ပညာ. ၂၇:၁၂။

၃။ ကျမ်းစာ စိတ်ဝင်စားချင်​ယောင်ဆောင်တဲ့ သရုပ်မှန် ဖုံးထားတဲ့ အယူဖောက်ပြန်သူတွေ–

အဖွဲ့အစည်းကို အသရေဖျက်​လွန်းနေ​ပြီ၊ အယူဖောက်ပြန်သူတွေ​စကား ဖောက်သည် ချ​နေပြီ​ဆိုရင် ယဉ်ယဉ်ကျေးကျေး စကား​ဖြတ်လိုက်​ပါ။ —၂ ယော. ၁၀။

18. Pawlpi i muanlam koi bangin lakkhia thei i hiam?

၁၈ ယေရှုကို အဖွဲ့အစည်း အတုယူ​နေတဲ့ နည်း​အများကြီးထဲက သုံးနည်း​ပဲ ဆွေးနွေး​ခဲ့ကြတယ်။ သင် ကိုယ်ပိုင်​လေ့လာမှု လုပ်တဲ့အခါ နောက်ထပ် နည်း​တွေ ရှာကြည့်ပါ။ အဖွဲ့အစည်းကို ပိုယုံကြည်​လေးမြတ်​လာဖို့ အသင်းတော်မှာ ရှိသူတွေကို ကူညီပေးပါ။ ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုခြင်း၊ အလိုတော် ပြီးမြောက်​ဖို့ ယေဟောဝါ သုံးနေတဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းခြင်းအားဖြင့် ယုံကြည်​လေးမြတ်ကြောင်း ဆက်​ပြပါ။ (ဆာ. ၃၇:၂၈) သစ္စာ၊ မေတ္တာ ရှိတဲ့ ဘုရား​လူမျိုးအဝင် ဖြစ်ခွင့်​အတွက် ကျေးဇူးတင်ကြောင်း အမြဲ ပြ​ကြရအောင်။

NANGH BANGCI DAWNG DING?

  • Pawlpi in Jesuh koi bangin etteh a hiam?

  • Pawlpi i muanlam koici laksuak theih i hiam?

  • A man lo thute i zak ciangin bang sep ding kisam a hiam?

LA 103 လူ့​အသွင်​ဆု သိုးထိန်းများ

a ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ပြီ စာအုပ်၊ စာ. ၁၀၂-၁၀၃ “ဘာကြောင့် ၁၉၁၉ ခုနှစ် ဖြစ်​ရသလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။

b ပုံအညွှန်း– အများရှေ့ သက်သေခံခြင်းအတွက် အကြီးအကဲတွေ ဆွေးနွေး။ နံရံ ကျောပေး​ရပ်ပါ​ဆိုတဲ့ လမ်းညွှန်ချက်ကို ကြေညာသူတွေဆီ အုပ်စုကြီးကြပ်မှူး လက်ဆင့်ကမ်း​ပြောပြ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ