စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
စက်တင်ဘာ ၅ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ သက်ဆိုင်ရာ ကြေညာချက်များ။
၂၀ မိ– “နိုင်ငံတော်လုပ်ငန်းဆိုင်ရာ သင့်ဘဏ္ဍာကို တိုးချဲ့လေ။” လုပ်ငန်းတော်ကြီးကြပ်မှူးနှင့် အခြားအကြီးအကဲတစ်ဦးသည် ဆောင်းပါးပါ အဓိကအချက်များကို ဆွေးနွေး။ လွန်ခဲ့သောနှစ်၏ အသင်းတော်လုပ်ငန်းကို ပြန်လည်စစ်ဆေး။ ချီးမွမ်းခြင်းနှင့်တကွ တိုးတက်မှုရှိရန် အကြံပြုချက်များပေးပါ။ ဓမ္မအမှုတွင် တစ်ဦးစီ၏ပါဝင်မှု တိုးတက်စေရန် ပန်းတိုင်ကို အလေးအနက်ဖော်ပြ။
၁၅ မိ– “ထာဝစဉ်အသက်ရှင် စာအုပ်ကို စိတ်ဝင်စားမှု တိုးပွားစေလော့။” လူငယ်တစ်ဦးအပါအဝင် ကြေညာသူ သုံးလေးဦး ဆောင်းပါးကိုဆွေးနွေးပြီးနောက် လေ့ကျင့်ကြ။ တင်ဆက်ပုံ နှစ်မျိုးသုံးမျိုးကို သရုပ်ပြကြပြီး ပြန်စစ်ဆေး။ အချင်းချင်းအား လက်တွေ့ကျ အကြံပြုချက်များနှင့် ချီးမွမ်းစကားများ ပြောဆို။
သီချင်း ၃၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၁၂ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၂၀ မိ– ကျောင်းတွင် ခရစ်ယာန်အကျင့်အကြံ။ ဆယ်ကျော်သက် သုံးလေးဦးနှင့် အကြီးအကဲ ဆွေးနွေး။ ကျောင်းတွင် ကျွန်ုပ်တို့၏လူငယ်များသည် ကျမ်းစာမူ လေးမြတ်ခြင်းကို အလျှော့ပေးလိုက်လျောရန် ဖိစီးမှုအမျိုးမျိုးခံရကြ။ များသောအားဖြင့် အတန်းတွင်းနှင့် တိုက်ရိုက်မသက်ဆိုင်သော လုပ်ငန်းဆောင်တာတို့နှင့်ပတ်သက်သည်။ အားကစားခြင်း၊ ချိန်းတွေ့ခြင်း၊ လူမှုရေးမိတ်ဆုံပွဲများ၌ပါဝင်ခြင်းတို့က အန္တရာယ်ရှိစေ။ အကြီးအကဲသည် ဆယ်ကျော်သက်တို့အား “သင်ရိုးညွှန်းတမ်းအပြင် လုပ်ဆောင်သောအမှုများ” အပိုင်းကို School ဘရိုရှာကိုအသုံးပြု (အင်္ဂလိပ်ဘရိုရှာကို အသုံးပြုနိုင်လျှင်) ဆွေးနွေး။ လူငယ်များက ယင်းကိစ္စများတွင် ပါဝင်ရန် ဖိအားပေးခံရသဖြင့် ပေးသောသြဝါဒကို ကျေးဇူးတင်ကြောင်းပြော။
၁၅ မိ– “သူတို့သက်သေမခံဘဲ မနေကြ။” မေးဖြေ။ ဓမ္မအမှုတွင် အားလုံး နာရီတစ်ပုံစံတည်း မသွင်းနိုင်သော်လည်း ပျော်ရွှင်စွာနှင့် စိုးလ်အပြည့်အဝ ကြိုးစားသင့်ကြောင်း ပေါ်လွင်စေပါ။
သီချင်း ၆၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၁၉ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် ရရှိသည့် အလှူငွေများကို ဖတ်ပြပါ။
၁၅ မိ– “ကျောင်းပြန်တက်ကြပြီ”။ မေးဖြေ။ လူငယ်များရင်ဆိုင်ရသော ပြဿနာများနှင့် မိဘများသူတို့ကလေးများကို မည်သို့ကူညီပေးနိုင်ကြောင်းပေါ်လွင်စေပါ။
၂၀ မိ– “ထာဝစဉ်အသက်ရှင် စာအုပ်နှင့် ကျမ်းစာသင်အံမှုများ စတင်ခြင်း။” ပရိသတ်နှင့် ဆွေးနွေး။ အကြံပြုထားသော တင်ဆက်ပုံနှစ်ခုကို အသုံးပြုကာ သရုပ်ပြခန်းနှစ်ခုကို စီစဉ်ပါ။
သီချင်း ၆၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၂၆ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ထာဝစဉ်အသက်ရှင် စာအုပ်ကို ဝေငှခဲ့ခြင်း သို့မဟုတ် သင်အံမှုများ စတင်ခဲ့ခြင်းနှင့်ပတ်သက်သော တွေ့ကြုံမှုများကို အကျဉ်းချုပ်ပြောဆိုရန် ပရိသတ်အား ဖိတ်ခေါ်ပါ။
၁၅ မိ– ဒေသ လိုအပ်ရာများ။ သို့မဟုတ် ၁၉၉၄၊ စက်တင်ဘာ ၁ ကင်းမျှော်စင် စာမျက်နှာ ၂၇-၈ မှ “ကန့်သတ်ချက်များသည် သင့်အား စိတ်ဓာတ်ကျစေသလော” ဆောင်းပါးကိုဟော။
၂၀ မိ– ၁၉၉၄ “ဘုရားရေးရာကြောက်ရွံ့ခြင်း” ခရိုင်စည်းဝေးပွဲကြီး။ ကြားညှပ်ကို ပရိသတ်နှင့်ဆွေးနွေး။
သီချင်း ၇၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။