စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
စက်တင်ဘာ ၄ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။
၂၀ မိ– “နှိုးဆော်သံကို နေ့စဉ်ထုတ်ဆင့်ပါ—တစ်နေ့ပြီးတစ်နေ့ ယေဟောဝါကို ဝမ်းမြောက်စွာ ချီးမွမ်းလော့!” မေးဖြေရန်။
၁၅ မိ– “မိမိကိုယ်ကိုအကျိုးပြုရန် သူတစ်ပါးကို အကူအညီပေး။” အကြံပြုထားသော တင်ဆက်ပုံများကို ပြန်သုံးသပ်ပါ။ ထို့နောက် လိုရင်းတိုရှင်းသရုပ်ပြခန်းနှစ်ခုတင်ပြပါ။
သီချင်း ၂၀၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၁၁ တွင် စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၂၅ မိ– ဦးစီးကြီးကြပ်မှူးဟောရန်။ “များစွာကြဲလော့။ များစွာရိတ်လော့။” ကိုယ်တိုင်ပြင်ဆင်။ စက်တင်ဘာသည်လုပ်ငန်းတော်နှစ်သစ်၏ ပထမလဖြစ်သည်။ ၁၉၉၆ လုပ်ငန်းတော်နှစ်အတွင်း ကျွန်ုပ်တို့၏ အသင်းတော်သည် လတိုင်းတိုးတက်မှုပြနိုင်ရန် မည်သို့ပြုလုပ်နိုင်မည်နည်း။
၁၅ မိ– “သင့်သားသမီးများအတွက် အဘယ်ပန်းတိုင်များ ချမှတ်ထားပြီနည်း။” မေးဖြေရန်။ ငယ်ရွယ်စဉ်ကတည်းက ယေဟောဝါအမှုတော်ထမ်းခဲ့သည့် ပုံသက်သေကောင်းသော လူငယ် သို့မဟုတ် အနည်းငယ်ကြီးရင့်သူ တစ်ဦးနှစ်ဦးအား မိဘများသည် နိုင်ငံတော်ရေးရာကို အဓိကထားပြီး အကျိုးရှိပန်းတိုင်များထားရန် မည်သို့ကူညီပေးခဲ့ကြောင်းကို လိုရင်းတိုရှင်း တင်ပြစေပါ။
သီချင်း ၁၈၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၁၈ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– “ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို အကောင်းဆုံးနည်းဖြင့် အသုံးပြုပါ။” ကြားညှပ်စာရွက်မှ အပိုဒ် ၁ မှ ၁၃ အထိကို လုပ်ငန်းတော်ကြီးကြပ်မှူး အားတက်သရော ဟောပြော။
၂၀ မိ– “အခြားသူများအား အကျိုးပြုရန် စိတ်ဝင်စားသူအားလုံးထံ ပြန်သွားပါ။” ပြန်လည်ပတ်မှုများအတွက် အကြံပြုထားသော တင်ဆက်ပုံများကို ပြန်သုံးသပ်ပါ။ ဤအပိုင်းကိုတာဝန်ကျသောညီအစ်ကိုသည် ကြေညာသူ နှစ်ဦးသုံးဦးနှင့် သူတို့ပြောဆိုမည့်စကားကိုဆွေးနွေးပြီး သူတို့တင်ဆက်ပုံကို သရုပ်ပြစေပါ။
သီချင်း ၁၆၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၂၅ တွင် စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။
၁၅ မိ– “ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုလော့။” အကြီးအကဲတစ်ဦး ဟောပြော၍ ပရိသတ်နှင့် ဆွေးနွေးရန်။ အချိန်ရသရွေ့ ၁၉၉၂၊ ဩဂုတ် ၁၅ ရက်ထုတ်ကင်းမျှော်စင်၊ စာမျက်နှာ ၁၆-၂၁ ပါအကြောင်းကိုအခြေခံ၍ ထပ်ဆင့်ပြောဆိုပါ။
၁၀ မိ– “ယေဟောဝါထံမှစစ်ဆေးခြင်း—အဘယ်ကြောင့် အကျိုးရှိသနည်း။” အကြီးအကဲတစ်ဦး အားပေးခြင်းဖြင့် ဟောပြောရန်။
၁၅ မိ– “ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို အကောင်းဆုံးနည်းဖြင့် အသုံးပြုပါ။” ပရိသတ်နှင့် ကြားညှပ်၏ အပိုဒ် ၁၄ မှ ၁၇ ကိုဆွေးနွေးရန်။ ကင်းမျှော်စင် နှင့် နိုးလော့! ကိုအောက်တိုဘာလအတွင်း ဝေငှရန် အထူးကြိုးစားဖို့ အလေးအနက်ဖော်ပြ။ ဤမဂ္ဂဇင်းများကို ဘာသာစကားအမျိုးမျိုးဖြင့် ပြန်ဆိုထားသည့်အတွက် နိုင်ငံခြားဘာသာစကားပြောဆိုသူများသည် သူတို့ဘာသာစကားဖြင့်မဂ္ဂဇင်းများ ရရှိနိုင်ကြောင်း ပြောပြသင့်သည်။ မကြာခဏအမှုဆောင်သောရပ်ကွက်တွင် မဂ္ဂဇင်းများဝေငှခြင်းသည် စိတ်ဝင်စားမှု နှိုးဆော်ပေးရန် အထိရောက်ဆုံးနည်းဖြစ်နိုင်သည်။ အကြောင်းမှာ ပတ်စဉ်အကြောင်းအရာအသစ်များကို ရရှိစေသောကြောင့်ဖြစ်သည်။ ပြန်လည်ပတ်မှုပြုရာတွင် စိတ်ဝင်စားမှုတင်ပြမည်ဆိုလျှင် နှစ်စဉ်ကြေး ကမ်းလှမ်းပါ။ အပိုဒ် ၁၄ တွင်ဖော်ပြထားသည့်အတိုင်း မိသားစုတစ်စုလေ့ကျင့်နေကြပုံကို သရုပ်ပြပါ။ ထို့ပြင် ပိုများများဝေငှနိုင်ရန် လက်တွေ့ကျအကြံပြုချက်အချို့ကို ဖော်ပြပါ။
သီချင်း ၁၉၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။