ဖေဖော်ဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ
ဖေဖော်ဝါရီ ၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှရွေးချယ်ထားသော ကြေညာချက်များ။
၁၅ မိ– “မည်သည့်အခါမျှပြန်မလုပ်ရတော့မည့် လုပ်ငန်းတော်၌ပါဝင်ပါ။” မေးဖြေရန်။ အချိန်ရသ၍ Proclaimers စာအုပ်စာမျက်နှာ ၇၁၄-၁၅ ပါ “သတိနှင့်စောင့်နေခြင်း—မည်သို့အားဖြင့်နည်း” မှအချက်များပါဝင်စေပါ။
၂၀ မိ– “ထာဝရအသက်ရစေသော အသိပညာကို ပျံ့နှံ့စေခြင်း။” (အပိုဒ်. ၁-၅) အပိုဒ် ၁ ကိုခြုံငုံတင်ပြပါ။ (ဇန်နဝါရီ ၁၅၊ ၁၉၉၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၂-၁၃၊ အပိုဒ် ၁၁-၁၂ မှ အကြောင်းများကိုပါဝင်စေပါ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု နောက်ကျောစာမျက်နှာမှ ပုံစံအသစ်သည် ဦးဆုံးလည်ပတ်မှုပြုလုပ်ရာတွင် ပို၍ထိရောက်စွာပြင်ဆင်နိုင်ရန် ကူညီပေးဖို့စီစဉ်ထားသည်။ ကြာကြာဆိုင်းထားမည့်အစား တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်းပြန်သွားခြင်းသည် ပညာရှိရာရောက်လေ့ရှိသောကြောင့် တစ်အိမ်မှတစ်အိမ်နှင့် ပြန်လည်ပတ်မှုအတွက် အကြံပြုထားသည့်တင်ဆက်ပုံများကို ထိုလုပ်ငန်းတော်စည်းဝေးတွင်ပင် ဆင်ခြင်သုံးသပ်ကြမည်။ အပိုဒ် ၂-၅ ကိုအကျဉ်းချုပ်ပြန်သုံးသပ်ပြီး သရုပ်ပြပွဲ တစ်ခု သို့မဟုတ် နှစ်ခုတင်ဆက်ပါ။
သီချင်း ၃၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၁၀ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၀ မိ– “ထာဝရအသက်ရစေသော အသိပညာကို ပျံ့နှံ့စေခြင်း။” (အပိုဒ် ၆-၇) အပိုဒ် ၆-၇ ပါတင်ဆက်ပုံများကို သရုပ်ပြပါ။ စိတ်ဝင်စားမှုတင်ပြသည့်နေရာသို့ ပြန်လည်ပတ်မှုပြုလုပ်ရန်လိုအပ်ကြောင်း အလေးထားတင်ပြပါ။
၃၀ မိ– “အရန်ရှေ့ဆောင် ၁၀၀ အလိုရှိသည်။” လုပ်ငန်းတော်ကြီးကြပ်မှူး မေးဖြေသုံးသပ်ရန်။ စာမျက်နှာ ၃ မှလေးထောင့်ကွက်ကို ပေါ်လွင်စေပါ။ စာမျက်နှာ ၆ မှ အစီအစဉ်ဇယားနမူနာကို သုံးသပ်ပါ။ နှစ်ခြင်းခံပြီးသောကြေညာသူတိုင်း တစ်လ သို့မဟုတ် ထိုထက်ပို၍ စာရင်းသွင်းနိုင်မနိုင် မိမိတို့တစ်ဦးစီ ဆုတောင်းသုံးသပ်သင့်သည်။ နှစ်ခြင်းမခံရသေးသောကြေညာသူများသည် မိမိတို့ကိုယ်ပိုင်လစဉ်နာရီပန်းတိုင်ကို သတ်မှတ်ထားခြင်းဖြင့် ဓမ္မအမှုတွင် တိုးချဲ့ပါဝင်နိုင်သည်။
သီချင်း ၄၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၁၇ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဤအပတ်လုပ်ငန်းတော်တွင် အသုံးပြုနိုင်သည့် နောက်ဆုံးထုတ်မဂ္ဂဇင်းများပါ စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်များကို ဖော်ပြပါ။
၁၃ မိ– “သတိရအောက်မေ့ပွဲ—အလွန်အရေးပါသောအဖြစ်အပျက်တစ်ခု!” မေးဖြေရန်။ အရန်ရှေ့ဆောင်ခြင်းဖြင့် မတ်လတစ်လလုံးကို အထူးလဖြစ်စေရန် အားပေးပါ။ သတိရအောက်မေ့ပွဲဖိတ်စာများကို အသုံးပြုပုံကို ပေါ်လွင်စေပါ။
၂၂ မိ– အိမ်တွင်းကျမ်းစာသင်အံမှုများ အစပြုခြင်း။ မကြာသေးမီလများက ထောင်ပေါင်းရာနှင့်ချီသော စာအုပ်ကြီးများကို ဝေငှခဲ့ကြသည်။ ယင်းစာအုပ်များက မြောက်မြားစွာသော အိမ်တွင်းကျမ်းစာသင်အံမှုများစရန် အခြေခံကိုစီမံပေးသည်။ စာအုပ်ကြီးများနှင့် အခြားစာပေများဝေငှရာတွင် ဒေသတွင်း ပြီးမြောက်အောင်မြင်မှုများကို သုံးသပ်ပါ။ စိတ်ဝင်စားသူအားလုံးထံ ပြန်သွားရန် ကြေညာသူများကိုအားပေးပါ။ အိမ်တွင်းကျမ်းစာသင်အံမှုအသစ်စရန် မိမိတို့ဘက်မှလိုအပ်သော ကြိုးစားအားထုတ်မှုကို ကြေညာသူအချို့အား အတိအကျပြောပြစေပါ။ ကျွန်ုပ်တို့တာဝန်၏လိုအပ်သောကဏ္ဍသည် တပည့်ဖြစ်စေရန်ဖြစ်ကြောင်း အလေးထားတင်ပြပါ။ (မ. ၂၈:၁၉၊ ၂၀) ၁၉၉၆ ဇွန်လ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက်ပါ အကြံပြုချက်များကို အသုံးပြုရန်ကြိုးစားပါက ယင်းကို ထိရောက်စွာလုပ်ဆောင်နိုင်ပေမည်။
သီချင်း ၄၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၂၄ တွင်စမည့်အပတ်
၁၈ မိ– ဒေသကြေညာချက်များ။ မတ်လတွင် အရန်ရှေ့ဆောင်မည့်သူများ၏ အမည်အားလုံးကိုကြေညာပါ။ လျှောက်လွှာတင်ရန် သိပ်နောက်မကျသေးကြောင်း ရှင်းပြပါ။ မတ် ၁ ရက်၊ စနေနေ့ လယ်ကွင်းလုပ်ငန်းတော်တွင် အပြည့်အဝပါဝင်ကြရန် အားလုံးကိုတိုက်တွန်းပါ။ ဤလအတွင်း လုပ်ငန်းတော်အတွက်အစည်းအဝေးများကို ဒေသအလိုက်ပြုလုပ်မည့် ထပ်ဆင့်အစီအစဉ်များကို ဖော်ပြပေးပါ။ မေးခွန်းသေတ္တာကို သေသေချာချာသုံးသပ်ပါ။
၁၂ မိ– “သင့်ဆွေမျိုးများကော မည်သို့နည်း။” ဆောင်းပါးကို လင်ယောက်ျားနှင့် ဇနီးသည်တို့ အတူဆွေးနွေးကာ သတင်းကောင်းဖြင့် မယုံကြည်သူဆွေမျိုးများထံ မည်သို့ချဉ်းကပ်မည်ကို ဆုံးဖြတ်ပါ။—ဖေဖော်ဝါရီ ၁၅၊ ၁၉၉၀၊ ကင်းမျှော်စင် စာမျက်နှာ ၂၅-၂၇ [လိပ်] ရှု။
၁၅ မိ– မတ်လတွင်ဝေငှမည့်စာပေကိုသုံးသပ်ပါ—သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း။ မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းတွင် မိသားစုပြိုကွဲရခြင်း၏ နောက်ကွယ်ရှိအကြောင်းရင်းများကို တိုတိုတုတ်တုတ်ဆွေးနွေးပါ။ (၁၉၉၂၊ အောက်တိုဘာ ၁၅၊ ကင်းမျှော်စင် စာမျက်နှာ ၄-၇ ရှု။) တင်ဆက်မှုအတွက် အခြေပြုနိုင်သည့် အခန်းများကိုရွေးထုတ်ရန် ပရိသတ်အားဖိတ်ခေါ်ပါ။ စာအုပ်အတွက်တင်ဆက်ပုံကို အရည်အချင်းရှိကြေညာသူတစ်ဦးအား သရုပ်ပြစေပါ။ ဤစနေတနင်္ဂနွေတွင် အသုံးပြုရန် ဤစာအုပ်ကို ရယူထားကြဖို့ အားလုံးကိုသတိပေးပါ။
သီချင်း ၄၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။