ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၉၈ စာ. ၂
  • ဇန်နဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇန်နဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇန်နဝါရီ ၅ တွင်စမည့်အပတ်
  • ၂၀ မိ– သွေးနှင့်စပ်လျဉ်းသည့် ဘုရားသခင့်ပညတ်တော်ကိုထောက်ခံရန် ယခုပြင်ဆင်ပါ။ အရည်အချင်းရှိအကြီးအကဲသည် ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်ကို ဖြည့်စွက်ခြင်း၏အရေးကြီးမှုကို ဆွေးနွေးပါ။ ဆာလံ ၁၉:၇ ပါမှုတ်သွင်းခံညွှန်ကြားချက်က တမန်တော် ၁၅:၂၈၊ ၂၉ သည် သွေးနှင့်စပ်လျဉ်းသည့် ဘုရားသခင့်စုံလင်သောပညတ်တော်၏ ဖော်ပြချက်တစ်ခုဖြစ်ကြောင်း တင်ပြသည်။ သစ္စာစောင့်သိသောဝတ်ပြုသူများသည် ထိုပညတ်တော်ကို ထောက်ခံရန်ကြိုးစားကြသည်။ ဤစာရွက်စာတမ်းများက ထိုသို့ထောက်ခံသည့် သင့်ဆုံးဖြတ်ချက်ကို သိရှိစေပြီး သင်စကားမပြောနိုင်သည့်အချိန်တွင် သင့်ကိုယ်စားပြောပေးပါမည်။(သုတ္တံ ၂၂:၃ နှိုင်းယှဉ်။) ကတ်ပြားအသစ်က သွေးလက်မခံရခြင်းနှင့်ပတ်သက်သည့် သင့်လက်ရှိခံယူချက်ကိုဖော်ပြပေးသည်။ ဤအစည်းအဝေးပြီးနောက် ကတ်ပြားအသစ်ရလိုသော နှစ်ခြင်းခံပြီးသည့်သက်သေခံများသည် တစ်ခုစီရမည်ဖြစ်ပြီး နှစ်ခြင်းမခံရသေးသောကလေးများသည် မှတ်ပုံတင်ကတ်ကို တစ်ခုစီရမည်ဖြစ်သည်။ ဤကတ်ပြားများကို ချက်ချင်းဖြည့်စွက်ရန်မဟုတ်ပါ။ အိမ်တွင်စေ့စပ်သေချာစွာဖြည့်သင့်သည်။ သို့သော် လက်မှတ်မထိုးပါနှင့်ဦး။ ကတ်ပြားအားလုံးကို လက်မှတ်ထိုးခြင်း၊ သက်သေနှင့်နေ့စွဲတပ်ခြင်းတို့ကို နောက်ကျင်းပမည့်စာအုပ်ကြီးသင်တန်းတွင် စာအုပ်ကြီးသင်တန်းမှူး၏ကြီးကြပ်မှုအောက်ပြုလုပ်ရပါမည်။ ယင်းက ဤဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကို အတည်ပြုလိုသော မိမိ၏အုပ်စုတွင်တက်ရောက်သူအားလုံးအား လိုအပ်သည့်အကူအညီကိုပေးရန် သေချာစေပါမည်။ သက်သေအဖြစ်လက်မှတ်ထိုးသူများသည် ကတ်ပြားကိုင်ဆောင်သူ ကတ်ပြားပေါ်လက်မှတ်ထိုးသည်ကို အမှန်တကယ်တွေ့ မြင်သင့်သည်။ ထိုအချိန်တွင် မတက်ဖြစ်သူများနှင့် ကတ်ပြားကို ဖြည့်ပြီးလက်မှတ်ထိုးလိုသူများအား နောက်ကျင်းပမည့်လုပ်ငန်းတော်စည်းဝေးတွင် နှစ်ခြင်းခံပြီးသူကြေညာသူအားလုံး သူတို့၏ကတ်များကို မှန်ကန်စွာဖြည့်စွက်ပြီးသည်အထိ သင်တန်းမှူး/အကြီးအကဲများက ကူညီပေးပါမည်။ (၁၉၉၁ အောက်တိုဘာ ၁၅ ရက်စွဲပါစာကိုသုံးသပ်ပါ။) မိမိတို့နှင့် မိမိတို့၏ကလေးများအတွက်အသုံးပြုရန် ဤကတ်ပါစကားများကို မိမိတို့အခြေအနေနှင့် ခံယူချက်များအရပြုပြင်ခြင်းအားဖြင့် နှစ်ခြင်းမခံရသေးသောကြေညာသူများသည် ကိုယ်ပိုင်ညွှန်ကြားချက်များကို ရေးချနိုင်ပေသည်။
  • ဇန်နဝါရီ ၁၂ တွင်စမည့်အပတ်
  • ဇန်နဝါရီ ၁၉ တွင်စမည့်အပတ်
  • ဇန်နဝါရီ ၂၆ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နဓ ၁/၉၈ စာ. ၂

ဇန်နဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ

ဇန်နဝါရီ ၅ တွင်စမည့်အပတ်

သီချင်း ၁၀

၈ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။

၁၇ မိ– “နှံ့စပ်စွာသက်သေခံခြင်း၌ နှစ်ထောင်းအားရပါ။” ဆောင်းပါးကို ပရိသတ်နှင့်ဆွေးနွေးရန်။ ထိရောက်သောတင်ဆက်မှုတစ်ခု၏ မရှိမဖြစ်လိုအပ်ချက်များကို ပေါ်လွင်စေပါ– (၁) ဖော်ရွေစွာနှုတ်ဆက်ပါ၊ (၂) လက်ရှိစိတ်ဝင်စားစရာအကြောင်းတစ်ခုနှင့်စပ်လျဉ်းသည့် မေးခွန်းတစ်ခုကို မှတ်ချက်ပေးပါ သို့မဟုတ် မေးပါ၊ (၃) ဆီလျော်သည့်ကျမ်းချက်တစ်ခုကို ညွှန်း၍ (၄) ဝေငှမည့်စာပေကိုစိတ်ဝင်စားရန် ညွှန်ပြပေးပါ။ ဦးဆုံးအကြိမ်တင်ဆက်မှုနှင့် ပြန်လည်ပတ်မှုအတွက် အကြံပြုထားချက်ကို အရည်အချင်းရှိကြေညာသူတစ်ဦးအား သရုပ်ပြစေပါ။

၂၀ မိ– သွေးနှင့်စပ်လျဉ်းသည့် ဘုရားသခင့်ပညတ်တော်ကိုထောက်ခံရန် ယခုပြင်ဆင်ပါ။ အရည်အချင်းရှိအကြီးအကဲသည် ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်ကို ဖြည့်စွက်ခြင်း၏အရေးကြီးမှုကို ဆွေးနွေးပါ။ ဆာလံ ၁၉:၇ ပါမှုတ်သွင်းခံညွှန်ကြားချက်က တမန်တော် ၁၅:၂၈၊ ၂၉ သည် သွေးနှင့်စပ်လျဉ်းသည့် ဘုရားသခင့်စုံလင်သောပညတ်တော်၏ ဖော်ပြချက်တစ်ခုဖြစ်ကြောင်း တင်ပြသည်။ သစ္စာစောင့်သိသောဝတ်ပြုသူများသည် ထိုပညတ်တော်ကို ထောက်ခံရန်ကြိုးစားကြသည်။ ဤစာရွက်စာတမ်းများက ထိုသို့ထောက်ခံသည့် သင့်ဆုံးဖြတ်ချက်ကို သိရှိစေပြီး သင်စကားမပြောနိုင်သည့်အချိန်တွင် သင့်ကိုယ်စားပြောပေးပါမည်။(သုတ္တံ ၂၂:၃ နှိုင်းယှဉ်။) ကတ်ပြားအသစ်က သွေးလက်မခံရခြင်းနှင့်ပတ်သက်သည့် သင့်လက်ရှိခံယူချက်ကိုဖော်ပြပေးသည်။ ဤအစည်းအဝေးပြီးနောက် ကတ်ပြားအသစ်ရလိုသော နှစ်ခြင်းခံပြီးသည့်သက်သေခံများသည် တစ်ခုစီရမည်ဖြစ်ပြီး နှစ်ခြင်းမခံရသေးသောကလေးများသည် မှတ်ပုံတင်ကတ်ကို တစ်ခုစီရမည်ဖြစ်သည်။ ဤကတ်ပြားများကို ချက်ချင်းဖြည့်စွက်ရန်မဟုတ်ပါ။ အိမ်တွင်စေ့စပ်သေချာစွာဖြည့်သင့်သည်။ သို့သော် လက်မှတ်မထိုးပါနှင့်ဦး။ ကတ်ပြားအားလုံးကို လက်မှတ်ထိုးခြင်း၊ သက်သေနှင့်နေ့စွဲတပ်ခြင်းတို့ကို နောက်ကျင်းပမည့်စာအုပ်ကြီးသင်တန်းတွင် စာအုပ်ကြီးသင်တန်းမှူး၏ကြီးကြပ်မှုအောက်ပြုလုပ်ရပါမည်။ ယင်းက ဤဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကို အတည်ပြုလိုသော မိမိ၏အုပ်စုတွင်တက်ရောက်သူအားလုံးအား လိုအပ်သည့်အကူအညီကိုပေးရန် သေချာစေပါမည်။ သက်သေအဖြစ်လက်မှတ်ထိုးသူများသည် ကတ်ပြားကိုင်ဆောင်သူ ကတ်ပြားပေါ်လက်မှတ်ထိုးသည်ကို အမှန်တကယ်တွေ့ မြင်သင့်သည်။ ထိုအချိန်တွင် မတက်ဖြစ်သူများနှင့် ကတ်ပြားကို ဖြည့်ပြီးလက်မှတ်ထိုးလိုသူများအား နောက်ကျင်းပမည့်လုပ်ငန်းတော်စည်းဝေးတွင် နှစ်ခြင်းခံပြီးသူကြေညာသူအားလုံး သူတို့၏ကတ်များကို မှန်ကန်စွာဖြည့်စွက်ပြီးသည်အထိ သင်တန်းမှူး/အကြီးအကဲများက ကူညီပေးပါမည်။ (၁၉၉၁ အောက်တိုဘာ ၁၅ ရက်စွဲပါစာကိုသုံးသပ်ပါ။) မိမိတို့နှင့် မိမိတို့၏ကလေးများအတွက်အသုံးပြုရန် ဤကတ်ပါစကားများကို မိမိတို့အခြေအနေနှင့် ခံယူချက်များအရပြုပြင်ခြင်းအားဖြင့် နှစ်ခြင်းမခံရသေးသောကြေညာသူများသည် ကိုယ်ပိုင်ညွှန်ကြားချက်များကို ရေးချနိုင်ပေသည်။

သီချင်း ၁၄၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၁၂ တွင်စမည့်အပတ်

သီချင်း ၁၂၅

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။

၁၅ မိ– “လက်ကမ်းဝေစာများကို ကောင်းစွာအသုံးချပါ။” ပရိသတ်နှင့်ဆွေးနွေးပါ။ ၁၉၉၆၊ ဒီဇင်ဘာ ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၃၊ အပိုဒ် ၁၅ မှတွေ့ ကြုံမှုကိုပါဝင်စေပါ။

၂၀ မိ– “သာမန်ထက်ထူးကဲသောတန်ခိုးတော်ကို ယေဟောဝါပေးသနား။” မေးဖြေရန်။ (သစတ၊ အပိုင်း ၂၊ စ. ၁၉၊ အပိုဒ် ၁၅-၁၆ ရှု။) ယေဟောဝါသည် သူတို့အားခွန်အားတိုးပွားစေခဲ့ပုံကိုတင်ပြသည့် အားရှိဖွယ်တွေ့ ကြုံမှုများကိုပြောပြရန် အချို့သူများကိုစီစဉ်ပါ။

သီချင်း ၈၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၁၉ တွင်စမည့်အပတ်

သီချင်း ၁

၁၀ မိ– ဒေသကြေညာချက်များ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– ပျော်ရွှင်မှုဖြစ်ထွန်းစေသော မိသားစုကျမ်းစာသင်အံမှု။ မိသားစု၏ဝိညာဉ်ရေးလိုအပ်ချက်များကို အိမ်ထောင်သည်မောင်နှံ ဆွေးနွေးကြသည်။ မိမိတို့၏သားသမီးများကို မလိုလားအပ်သည့်သဘောဖြင့်ထိခိုက်နေသော လောကီသြဇာလွှမ်းမိုးမှုများနှင့်စပ်လျဉ်း၍ စိုးရိမ်မကင်းဖြစ်ကြသည်၊ သားသမီးများ၏ဝိညာဉ်ရေးကို သန်စွမ်းစေရန်လိုအပ်ကြောင်း သူတို့ယူမှတ်ကြသော်လည်း သူတို့၏မိသားစုသင်အံမှုသည် ရံဖန်ရံခါသာရှိခဲ့ပြီး များသောအားဖြင့် ထိရောက်မှုမရှိကြောင်း အသိအမှတ်ပြုသည်။ ၁၉၉၇၊ ဩဂုတ် ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၆-၉ တွင်ဖော်ပြသည့် အဓိပ္ပာယ်ပြည့်ဝသော မိသားစုသင်အံမှုကျင်းပပုံနှင့်စပ်လျဉ်းသည့် အကြံပြုချက်များကို သူတို့အတူတကွသုံးသပ်ကြသည်။ သားသမီးများ၏ဝိညာဏကောင်းကျိုးကို ဆက်လက်ကာကွယ်သွားရန် နှစ်ဦးစလုံးစိတ်ပိုင်းဖြတ်ကြသည်။

သီချင်း ၁၄၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၂၆ တွင်စမည့်အပတ်

သီချင်း ၁၈၇

၁၂ မိ– ဒေသကြေညာချက်များ။ ဖေဖော်ဝါရီအတွင်းဝေငှမည့်စာပေကို သုံးသပ်ပါ။ လက်ရှိဝေငှသည့်စာအုပ်မှ ဝေငှသည့်အခါအကူအညီဖြစ်စေမည့် အချက်တစ်ချက်နှစ်ချက်ကို ဖော်ပြပါ။

၁၅ မိ– “ယေဟောဝါ၏ဝတ်ပြုရာအရပ်ကို လေးစားမှုတင်ပြပါ။” မေးဖြေရန်။ ဒေသန္တရနှင့်သက်ဆိုင်ပုံကို ကြင်နာစွာတင်ပြမည့် အကြီးအကဲတစ်ဦးကိုင်ရန်။

၁၈ မိ– ကမ္ဘာချီသက်သေခံခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့၏ပါဝင်မှုကိုမှတ်တမ်းပေးပို့ခြင်း။ (ကျွန်ုပ်တို့၏ဓမ္မအမှုစာအုပ်၊ စာမျက်နှာ ၁၀၁-၃၊ ၁၀၆-၁၀ ကိုအခြေခံပါ) အတွင်းရေးမှူးဟော၍ဆွေးနွေးရန်။ ကျွန်ုပ်တို့၏လုပ်ဆောင်မှုကို မှန်မှန်မှတ်တမ်းသွင်းခြင်းအတွက် ကျမ်းဆိုင်ရာအစဉ်အလာကိုတင်ပြပြီးနောက် သူသည် “လယ်ကွင်းလုပ်ငန်းကို မှတ်တမ်းသွင်းရသည့်အကြောင်း” ခေါင်းစဉ်ငယ်ကိုသုံးသပ်ရန် ဓမ္မအမှုထမ်းနှစ်ဦးအား ဖိတ်ခေါ်သည်။ ထို့နောက် အတွင်းရေးမှူးသည် တိကျသောမှတ်တမ်းများကို အချိန်မီပေးခြင်း၏အရေးကြီးမှုကို အလေးပေးတင်ပြသည်။ သူသည် သက်သေခံခြင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်သူများခံစားရမည့် ကောင်းချီးများနှင့်စပ်လျဉ်းသော အားရှိဖွယ်မှတ်ချက်များအပါအဝင် ကိုယ်ပိုင်ပန်းတိုင်များထားခြင်းသည် အဘယ်ကြောင့်အကျိုးပြုကြောင်းကို ညွှန်ပြပါ။

သီချင်း ၁၈၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ