အောက်တိုဘာအတွက် လုပ်ငန်းတော်စည်းဝေးများ
အောက်တိုဘာ ၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။
၁၅ မိ– “‘ဘုရားသခင်နှစ်သက်ရာ ဘဝလမ်းစဉ်’ စည်းဝေးကြီးမှ ကျွန်ုပ်တို့အကျိုးခံစားရမည်။” မေးဖြေရန်။ ရရှိနိုင်ပါက အစီအစဉ်ကိုပြပါ။
၂၀ မိ– “မဂ္ဂဇင်းလမ်းကြောင်းများတွင် ‘နိုင်ငံတော်မျိုးစေ့ကြဲခြင်း’။” ပရိသတ်နှင့်ဆွေးနွေးရန်။ မဂ္ဂဇင်းလမ်းကြောင်းတစ်ခုကို မည်သို့စတင်ပြီး ဆက်တည်မြဲစေပုံကို အချို့တို့အား ရှင်းပြစေပါ။ ထို့နောက် နောက်လထုတ်များနှင့်ပြန်သွားရန်စီစဉ်သည့် မဂ္ဂဇင်းတင်ဆက်ပုံတစ်ခုကို သရုပ်ပြပါ။
သီချင်း ၁၃၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၁၂ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၀ မိ– “ဦးဆောင်နေသောကြီးကြပ်မှူးများ—အတွင်းရေးမှူး။” မိမိရရှိထားသောတာဝန်များကိုသုံးသပ်လျက် အသင်းတော်အတွင်းရေးမှူးဟောရန်။ လယ်ကွင်းလုပ်ငန်းမှတ်တမ်းများကို အချိန်မီပေးခြင်းဖြင့် အားလုံးပူးပေါင်းလုပ်ဆောင်နိုင်ကြောင်း အလေးပေးတင်ပြရန်။
၁၀ မိ– သူတို့တွင် ပြင်းပြသောရှေ့ဆောင်စိတ်ဓာတ်ရှိကြသည်။ ၁၉၉၈ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၁၀၄-၇ ကိုအခြေခံ၍ အားပေးဟောပြောရန်။ ဂျပန်တွင် အဘယ်ကြောင့် ရှေ့ဆောင်ဤမျှများရကြောင်း၊ အိမ်ရှင်မများအား ဝိညာဉ်ရေးရာများကို ဦးစားပေးစေသည့်အရာ၊ ရှေ့ဆောင်လျှောက်လွှာတိုင်း၏နောက်ဝယ်ရှိအရာနှင့် ရှေ့ဆောင်အများစုတွင် မည်သူတို့ပါဝင်ကြောင်းတို့ကို ရှင်းပြပါ။ ရှေ့ဆောင်လုပ်နေသောမိဘများ၏ ကောင်းသောသြဇာသက်ရောက်မှုကို ဖော်ပြပါ။ အဘယ်ယုံကြည်ချက်က ရှေ့ဆောင်ရန် လူတစ်ဦး၏အသက်တာတွင် လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်စေကြောင်း ပေါ်လွင်စေပါ။ ရှေ့ဆောင်ခြင်းအတွက် မိမိတို့၏အလားအလာများကို ပြန်အကဲဖြတ်ရန် အလေးအနက်ထား၊ ဆုတောင်းသုံးသပ်ကြဖို့ အားလုံးကိုတိုက်တွန်းပါ။
၂၀ မိ– “မဂ္ဂဇင်းများကို သင်ဖတ်ပါသလော။” မေးဖြေရန်။ ကျောင်းလမ်းညွှန်စာအုပ်၊ သင်ခန်းစာ ၄၊ အပိုဒ် ၅-၆ တွင်တွေ့ရသည့် ကိုယ်ပိုင်စာဖတ်ခြင်းအတွက် အချိန်ဇယားဆွဲခြင်းနှင့်စပ်လျဉ်း၍ လက်တွေ့ကျအကြံပြုချက်များကို သုံးသပ်ပါ။
သီချင်း ၁၀၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၁၉ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ အချက်ကောင်းများကိုသုံးသပ်ပါ။ ၁၉၉၇ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၄၅ [လိပ်] နှင့် အောက်တိုဘာ ၂၂၊ ၁၉၉၆၊ နိုးလော့!၊ စာမျက်မှာ ၃၂ [လိပ်] မှတွေ့ ကြုံမှုများကို ပြောပြပါ။ ဤစနေတနင်္ဂနွေမဂ္ဂဇင်းဝေငှရာတွင် အားလုံးပါဝင်ကြဖို့ တိုက်တွန်းပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– ကင်းမျှော်စင်သင်တန်းအတွက် ပြင်ဆင်ပုံ။ ကင်းမျှော်စင်သင်တန်းမှူးသည် မေ ၁၅၊ ၁၉၈၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၂-၂၃၊ အပိုဒ် ၁၆-၁၈ နှင့် ကျောင်းလမ်းညွှန်စာအုပ်၊ သင်ခန်းစာ ၇၊ အပိုဒ် ၁၁ နှင့် သင်ခန်းစာ ၁၈၊ အပိုဒ် ၄-၆ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ အောက်ပါမေးခွန်းများကိုဖြေဆိုရန် ဖိတ်ခေါ်ပါ– (၁) ကျွန်ုပ်တို့သည် ကင်းမျှော်စင်သင်တန်းဆောင်းပါးတိုင်းမှ အကျိုးအများဆုံးရရှိရန် အဘယ်ကြောင့် မရှိမဖြစ်လိုအပ်သနည်း။ (၂) လထုတ်အသစ်တစ်စောင်ကိုရသည့်အခါ ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။ (၃) ကင်းမျှော်စင်သင်တန်းအတွက် ပြင်ဆင်ရန် နည်းလမ်းကောင်းတစ်ခုကား အဘယ်နည်း။ (၄) ညွှန်းထားသည့်ကျမ်းချက်များနှင့် သင်ခန်းစာ၏အဓိကအချက်ကို မည်သို့အာရုံစိုက်သင့်သနည်း။ (၅) မိမိတို့သိရှိခဲ့သည့်အရာများကို မည်သို့ပြန်သုံးသပ်နိုင်သနည်း။ (၆) သင်ခန်းစာဆိုင်ရာကျွန်ုပ်တို့၏လေ့လာမှု ပြီးဆုံးသွားသည့်အခါ မည်သည့်သော့ချက်များကို ဆင်ခြင်တွေးတောသင့်သနည်း။ (၇) အဖြေတစ်ခုကို ကျွန်ုပ်တို့ မည်သို့ပြင်ဆင်သင့်သနည်း။ (၈) မေးခွန်းတစ်ခုတည်းကို မည်သို့အဖြေအမျိုးမျိုးပေးနိုင်သနည်း။ အချို့သူတို့အား ကင်းမျှော်စင်သင်တန်းမှ အကျိုးအများဆုံးရရှိရန် သူတို့ကိုယ်တိုင် မည်သည့်အရာများလုပ်ဆောင်ခဲ့ကြောင်း ပြောပြစေပါ။—ကျွန်ုပ်တို့၏ဓမ္မအမှုကိုပြီးမြောက်စေရန်ဖွဲ့စည်းထားခြင်း၊ စာမျက်နှာ ၆၅-၇ ကိုလည်းရှု။
သီချင်း ၉၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၂၆ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဒေသခံတွင်ရှိသော၊ အခွင့်အရေးပေါ်ပေါက်လာသည့်အခါ ဓမ္မအမှုတွင်ဝေငှနိုင်သော စာအုပ်စာတမ်းအဟောင်းများကို စာရင်းတင်ပြပါ။ လာမည့်နိုဝင်ဘာနှင့်ဒီဇင်ဘာတွင် အားလပ်ရက်များရှိမည်ဖြစ်၍ ယင်းသည် နှစ်ခြင်းခံပြီးသည့်လူငယ်များနှင့် အခြားသူများအတွက် အရန်ရှေ့ဆောင်ခြင်းကို ထည့်သွင်းစဉ်းစားရန် အချိန်အခါကောင်းဖြစ်သည်။
၂၀ မိ– ဘာသာတရားကွဲပြားသောအိမ်ထောင်တွင် ဘုရားရေးရာနာခံမှု။ ဇွန် ၁၊ ၁၉၉၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၆-၉ ကိုအခြေခံဟောရန်။ မယုံကြည်သူအိမ်ထောင်ဖက်နှင့်နေရသူများအား အပြုသဘောထားကို ထိန်းသိမ်းထားရန်နှင့် အသင်းတော်နှင့်တက်ကြွစွာပူးပေါင်းရန် အကူအညီဖြစ်စေမည့် အားပေးချက်နှင့် ဩဝါဒကို ကြင်နာစွာပေးပါ။
၁၅ မိ– အစည်းအဝေးများကို အချိန်မီရောက်ရှိခြင်း။ အစည်းအဝေးများ နောက်ကျရောက်သည့်ပြဿနာအကြောင်းကို အသင်းတော်စာအုပ်ကြီးသင်တန်းမှူး သို့မဟုတ် ဓမ္မအမှုထမ်းနှစ်ဦးသုံးဦးဆွေးနွေးပါ။ တစ်စုံတစ်ဦးသည် အရေးပေါ်ကိစ္စများ၊ ရာသီဥတုအခြေအနေ၊ ယာဉ်သွားယာဉ်လာစသည်တို့အပါအဝင် ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့်အခြေအနေများကြောင့် နောက်ကျနိုင်ကြောင်း သူတို့အသိအမှတ်ပြုဝန်ခံကြသည်။ သို့သော် အချို့သည် အမြဲတမ်းလိုလိုနောက်ကျကြသည်။ အပြုသဘောဖြင့် အုပ်စုသည် အချိန်တိကျဖို့ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်– (၁) အစည်းအဝေးများတက်ရသည့်အခွင့်ထူးနှင့် ထိုတွင်စီမံပေးသော ဝိညာဉ်အစာနှင့်ပေါင်းသင်းမှုကို လှိုက်လှိုက်လှဲလှဲလေးမြတ်ခြင်း (၂) ကိုယ်ရေးကိုယ်တာကိစ္စရပ်များကို ကောင်းစွာကြိုတင်စီစဉ်ဆောင်ရွက်ခြင်း (၃) မိသားစုဝင်များ လိုလိုလားလားပူးပေါင်းလုပ်ဆောင်ခြင်း (၄) စောစောထွက်ခြင်းနှင့် မမျှော်လင့်သည့်ပြဿနာများအတွက် အချိန်ရရှိစေခြင်းနှင့် (၅) တက်ရောက်ကြသောအခြားသူများ အာရုံမပျံ့လွင့်စေရန် အမှန်တကယ်စိုးရိမ်မကင်းဖြစ်ခြင်း။ တိုးတက်မှုရှိရန် မဆုတ်မနစ်ကြိုးစားအားထုတ်ခြင်းဖြင့် နောက်ကျရောက်သည့်ဤပြဿနာကို ကုစားနိုင်ကြောင်း အားလုံးသဘောတူကြသည်။
သီချင်း ၈၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။