ဧပြီအတွက်လုပ်ငန်းတော်စည်းဝေးများ
ဧပြီ ၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ ဧပြီ ၁၈ ရက်တွင် အထူးဟောပြောချက်ကို တက်ရောက်ရန် စိတ်ဝင်စားသူအားလုံးကို ဖိတ်ခေါ်ပါ။ ဟောပြောချက်ခေါင်းစဉ်မှာ “ဘုရားသခင်၊ အိမ်နီးချင်းတို့နှင့် စစ်မှန်သောရင်းနှီးမှု” ဖြစ်သည်။
၁၅ မိ– “သတင်းကောင်းကို စိတ်အားထက်သန်စွာဟောပြောလော့။” ဆောင်းပါးကို တစ်မိနစ်ထက်မပိုဘဲ နိဒါန်းပျိုးကာ မေးဖြေဆက်ဆွေးနွေးပါ။ ကျောင်းလမ်းညွှန်စာအုပ်၊ စာမျက်နှာ ၁၉၁-၂၊ အပိုဒ် ၁၂-၁၃ ကိုအခြေခံသည့်အားပေးချက်ဖြင့် နိဂုံးချုပ်ပါ။
၂၀ မိ– “ဓမ္မအမှုတွင်—မိသားစုဝင်များ အပြည့်အဝပါဝင်ရန်အတွက် ပူးပေါင်းလုပ်ဆောင်ပုံ။” မိသားစုတစ်စုဆွေးနွေးရန်။ မိသားစုသည် လယ်ကွင်းလုပ်ငန်းကို အားလုံးပါဝင်သည့် အပတ်စဉ်ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ် ရှုမြင်သင့်သည့်အကြောင်းရင်းများကို သုံးသပ်ကြသည်။ စက်တင်ဘာ ၁၊ ၁၉၉၃၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၈-၁၉၊ အပိုဒ် ၉-၁၂ တွင်ပါသည့်အားပေးချက်ကို သုံးသပ်ပါ။ မိမိတို့၏မိသားစုအတွက် အပတ်စဉ်လုပ်ငန်းတော်လုပ်ဆောင်မှုကို မည်သို့အောင်မြင်စွာစီစဉ်ဆောင်ရွက်ကြောင်းပြောပြရန် ပရိသတ်ထဲရှိမိဘများအား ဖိတ်ခေါ်ပါ။
သီချင်း ၆၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၁၂ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “အဆုံးနီးလာသည်နှင့်အမျှ သက်သေခံခြင်းအရှိန်အဟုန်ကိုတိုးမြှင့်ခြင်း။” မေးဖြေရန်။ တစ်ချိန်က ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်မည်ဟု လုံးဝစိတ်မကူးနိုင်ခဲ့သော်လည်း နိုင်ငံတော်သတင်းတရားပျံ့နှံ့ရန် အရေးတကြီးလိုအပ်ချက်ကို သဘောပေါက်လာသောကြောင့် ယခုအခါ ယင်းသို့မှန်မှန်လုပ်ဆောင်နေသည့် ကြေညာသူတစ်ဦးနှစ်ဦးကို လူတွေ့မေးမြန်းပါ။ လူတို့ရှိသည့်နေရာများသို့သွားခြင်းဖြင့် မိမိတို့သက်သေခံရန်ကြိုးစားမှုအရှိန်အဟုန်ကို ကြေညာသူများ မည်သို့တိုးမြှင့်ခဲ့ကြောင်းတင်ပြသည့် ၁၉၉၇ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၄၂-၈ မှတွေ့ ကြုံမှုအကျဉ်းချုံးများကို အချိန်ရသရွေ့ပါဝင်စေပါ။
သီချင်း ၉၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၁၉ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။
၁၀ မိ– “သင် ပုံမှန်မှာယူထားသလော။” ဖြစ်နိုင်လျှင် အကြီးအကဲ သို့မဟုတ် မဂ္ဂဇင်းတာဝန်ခံ ဓမ္မအမှုထမ်းဟောရန်။ လစဉ်ရရှိသည့်မဂ္ဂဇင်းစောင်ရေနှင့် ဝေငှသည့်ပျမ်းမျှအရေအတွက်ကို အသင်းတော်အား သိရှိစေပါ။ မဂ္ဂဇင်းများကို အလဟဿမဖြစ်စေသင့်ပါ။ စာပေအဟောင်းများကို မည်သို့ဝေငှနိုင်ကြောင်းဖော်ပြသည့် အကြံပြုချက်များကိုတင်ပြပါ။—ဇူလိုင် ၁၉၉၃ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၁ ရှု။
၃၀ မိ– “ရှေ့ဆောင်ခြင်း—ကျွန်ုပ်တို့၏အချိန်ကို ပညာရှိစွာအသုံးပြုခြင်း!” မေးဖြေရန်။ အပိုဒ် ၅-၇ တွင်ဖော်ပြထားသည့် တွေ့ ကြုံမှုများကို သုံးဦးအား ပြောပြစေပါ။ အရန် သို့မဟုတ် မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက် လျှောက်လွှာတင်ဖို့သုံးသပ်နိုင်သူအားလုံးကို ဖိတ်ခေါ်ခြင်းဖြင့်နိဂုံးချုပ်ပါ။ မည်သည့် အသင်းတော်လုပ်ငန်းတော်ကော်မတီဝင်ထံမှမဆို လျှောက်လွှာများကိုရရှိနိုင်သည်။ မေလတွင် အရန်ရှေ့ဆောင်ရန် လျှောက်လွှာတင်ဖို့ နောက်မကျလွန်းသေးကြောင်းပြောပြပါ။
သီချင်း ၁၆၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၂၆ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဧပြီလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးရန် အားလုံးကိုနှိုးဆော်ပါ။ မေလတွင် အရန်ရှေ့ဆောင်မည့်သူများ၏အမည်များကို ကြေညာကာ အခြားသူများပါ လျှောက်လွှာတင်ရန် အားပေးပါ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများကိုတင်ဆက်ရန်အတွက် အထောက်အကူပြုသောအကြံပြုချက်အချို့ကို တင်ပြပါ။—အောက်တိုဘာ ၁၉၉၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၈ ရှု။
၁၇ မိ– “ကျွန်ုပ်ဘာလုပ်သင့်သနည်း။” ဆောင်းပါးကို ပရိသတ်နှင့်အကျဉ်းချုံးသုံးသပ်ပြီးနောက် ဆယ်ကျော်သက်တစ်ဦးသည် အထက်တန်းကျောင်းအောင်ပြီးနောက် အနာဂတ်အတွက်အစီအစဉ်များနှင့်စပ်လျဉ်း၍ သူ၏မိဘနှင့်စကားပြောနေသည်ကို အာရုံစိုက်စေပါ။ သူတို့သည် ဇူလိုင် ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၄ ကိုအတူသုံးသပ်ကြသည်။ မိဘသည် ကင်းမျှော်စင် ဖေဖော်ဝါရီ ၁၊ ၁၉၉၆၊ စာမျက်နှာ ၁၄ နှင့် ဒီဇင်ဘာ ၁၊ ၁၉၉၆၊ စာမျက်နှာ ၁၇-၁၉ ပါအားပေးချက်နှင့်အညီ အကြံပေးသည်။ ယခုအခါ ရှေ့ဆောင်များအတွက်နာရီကို လျှော့၍တောင်းထားရာ ဆယ်ကျော်သက်သည် လောကီပညာရေးပြီးဆုံးသည်နှင့်ရှေ့ဆောင်လုပ်ရန်အလားအလာကို သုံးသပ်သည်။
၁၈ မိ– အရန်ရှေ့ဆောင်များကို လူတွေ့မေးမြန်းပါ။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် ဤလတွင် အရန်ရှေ့ဆောင်လုပ်သောကြေညာသူအချို့အပြင် ယခင်က ထိုသို့လုပ်ဆောင်ခဲ့သောအခြားသူများကို လူတွေ့မေးမြန်းသည်။ ခံစားခဲ့ရသည့်ကောင်းချီးအချို့၊ လုပ်ဆောင်ပြီးမြောက်ခဲ့သည့်အရာများနှင့် နှစ်စဉ် အနည်းဆုံး တစ်လ သို့မဟုတ် နှစ်လ အရန်ရှေ့ဆောင်ပြန်လုပ်ရန် အဘယ်ကြောင့်စောင့်မျှော်ကြကြောင်း ပြောပြရန် သူတို့အားဖိတ်ခေါ်ပါ။
သီချင်း ၆၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။