ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၀၁ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဒီဇင်ဘာ ၁၀ တွင်စမည့်အပတ်
  • ဒီဇင်ဘာ ၁၇ တွင်စမည့်အပတ်
  • ဒီဇင်ဘာ ၂၄ တွင်စမည့်အပတ်
  • ဒီဇင်ဘာ ၃၁ တွင်စမည့်အပတ်
  • ဇန်နဝါရီ ၇ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နဓ ၁၂/၀၁ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီဇင်ဘာ ၁၀ တွင်စမည့်အပတ်

သီချင်း ၂၀၅

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ ဒီဇင်ဘာ ၂၄ ရက်အပတ် လုပ်ငန်းတော်စည်းဝေးတွင်ဆွေးနွေးရန်အတွက် ပြင်ဆင်ရာ၌ မြေကြီးစွန်းတိုင်အောင် ဗီဒီယိုခွေကိုကြည့်ရန် ယောက်တိုင်းကိုအားပေးပါ။ စာမျက်နှာ ၁၀ ပါအကြံပြုချက်များကိုအသုံးပြု၍ (၁) ဒီဇင်ဘာ ၁၅ ကင်းမျှော်စင် နှင့် (၂) ဒီဇင်ဘာ ၂၂ နိုးလော့! [လိပ်] (သို့မဟုတ် ရှိရာ) အတွက်တင်ဆက်ပုံကို သရုပ်ပြပါ။

၁၅ မိ– “ဒံယေလ၏ပရောဖက်ပြုချက် ကိုလေ့လာခြင်း။”a

၂၀ မိ– “ယေဟောဝါ၏မေတ္တာကိုကျေးဇူးတင်ကြောင်းပြခြင်းမှ ရရှိသည့်ကောင်းချီးများ—အပိုင်း ၂။b အပိုဒ် ၂-၆ ကိုဆွေးနွေးသည့်အခါ မကြာသေးမီကကြုံခဲ့ရသည့်ဘေးဒဏ်နှင့် ယင်း၏အကျိုးဆက်များကြောင့် စိတ်ဓာတ်ကျနေသူများ သို့မဟုတ် သောကရောက်နေသူများအား နှစ်သိမ့်စကားများနှင့် မျှော်လင့်ချက်ဝေမျှရာတွင် ရရှိခဲ့သည့်တွေ့ ကြုံမှုများကို ပြောပြကြရန် အသင်းတော်ကိုဖိတ်ခေါ်ပါ။ ၎င်းတို့မှတစ်ခုနှစ်ခုကို ပြန်သရုပ်ပြရန် ကြိုတင်စီစဉ်ပါ။

သီချင်း ၂၂၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဒီဇင်ဘာ ၁၇ တွင်စမည့်အပတ်

သီချင်း ၂၁၁

၁၂ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ ဒီဇင်ဘာ ၂၅ ရက်နှင့် ဇန်နဝါရီ ၄ ရက်အတွက် အထူးလယ်ကွင်းလုပ်ငန်းအစီအစဉ်များကို ဖော်ပြပါ။ မေးခွန်းသေတ္တာကို သုံးသပ်ပါ။

၂၀ မိ– “ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်ကန်စွာကိုင်တွယ်ပါ။”c အပိုဒ် ၄ ပါတင်ဆက်မှုကို လက်တွေ့သရုပ်ပြပါ။ ထို့အပြင် လက်ရှိကမ္ဘာ့အခြေအနေများကြောင့် ပူပင်သောကရောက်နေသူများကို နှစ်သိမ့်မှုပေးရန် ဒေသအလိုက် အသုံးပြုခဲ့သည့် ထိရောက်သောတင်ဆက်မှုတစ်ခုကို သရုပ်ပြပါ။ တိုတုတ်သည့်တွေ့ ကြုံမှုတစ်ခုကို ပြောပြနိုင်သည်။ သမ္မာကျမ်းစာကိုအသုံးပြုခြင်းသည် သက်သေခံချက်ကို ပိုမိုထိရောက်စေမည်ဟု သူတို့အဘယ်ကြောင့်ယူမှတ်ကြောင်း မှတ်ချက်ပေးရန် ပရိသတ်ကိုတောင်းဆိုပါ။

၁၃ မိ– ‘ခင်ဗျားတို့မှာ ခင်ဗျားတို့ကျမ်းစာနဲ့။’ ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၄၈ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးပါ။ လူတို့သည် ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကို ကျွန်ုပ်တို့အသုံးပြုခြင်းကြောင့် နားထောင်ဖို့ အင်တင်တင်လုပ်နေလျှင် ကျွန်ုပ်တို့ ဘာပြောနိုင်သနည်း။ အကြံပြုထားသည့်တုံ့ပြန်မှုများကို ကြေညာသူများက မိမိတို့ကိုယ်ပိုင်စကားဖြင့်ပြောပြရန် ကြိုတင်စီစဉ်ပါ။

သီချင်း ၂၂၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဒီဇင်ဘာ ၂၄ တွင်စမည့်အပတ်

သီချင်း ၂၁၈

၁၀ မိ– ဒေသကြေညာချက်များ။ ဇန်နဝါရီလတွင် မည်သည့်စာပေကိုဝေငှမည်နှင့် မည်သည့်စာအုပ်များ အသင်းတော်တွင်ရှိကြောင်း ရှင်းပြပါ။ ဇန်နဝါရီ ၁ ကင်းမျှော်စင် နှင့် ဇန်နဝါရီ ၈ နိုးလော့! [လိပ်] (သို့မဟုတ် ရှိရာ) တို့ကိုအသုံးပြု၍ စာမျက်နှာ ၁၀ ပါအကြံပြုချက်များအတိုင်း တိုတုတ်သည့်မဂ္ဂဇင်းတင်ဆက်မှုနှစ်ခုကို သရုပ်ပြပါ။ ၎င်းတို့အနက်တစ်ခုကို လူငယ်တစ်ဦးအား သရုပ်ပြစေပါ။

၁၀ မိ– “၂၀၀၂ ခုနှစ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်း။” ကျောင်းကြီးကြပ်မှူးဟောရန်။ မိမိတို့၏တာဝန်များကို ကျေပွန်စေရန် ဝီရိယရှိကြဖို့ အားလုံးကိုတိုက်တွန်းပါ။

၂၅ မိ– “သက်သေခံခြင်း—မြေကြီးစွန်းတိုင်အောင်။” ပရိသတ်နှင့်ဆွေးနွေးရန်။ မိမိတို့ဒေသ၌ သို့မဟုတ် သာ၍လိုအပ်သည့်နေရာ၌ အခြားသူများထံ သတင်းကောင်းရောက်ရှိရန် နောက်ထပ်လုပ်ဆောင်နိုင်ရာများနှင့်စပ်လျဉ်း၍ အလေးအနက်စဉ်းစားကြရန် အားလုံးကိုအားပေးပါ။ ဇူလိုင် ၂၀၀၁ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၄ ကိုညွှန်းပါ။ ဖေဖော်ဝါရီလတွင် နောဧ—ဘုရားသခင်နှင့်အတူလျှောက်လှမ်းခဲ့ ဗီဒီယိုခွေကို သုံးသပ်ပါမည်။ (ဗီဒီယိုခွေမရှိလျှင် ကျေးဇူးပြု၍ သင်အံမှုစတင်ကျင်းပပုံနှင့်စပ်လျဉ်း၍ ဟောပြောချက်ပေးပါ။ ၎င်းကိုသရုပ်ပြပါ။)

သီချင်း ၂၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဒီဇင်ဘာ ၃၁ တွင်စမည့်အပတ်

သီချင်း ၁၄၀

၁၀ မိ– ဒေသကြေညာချက်များ။ ဒီဇင်ဘာလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။

၁၅ မိ– အကြီးအကဲများအား သူတို့ရထိုက်သည့် စာနာထောက်ထားမှုကိုပေးကြလော့။ ဓမ္မအမှုထမ်းနှစ်ဦးသုံးဦးသည် ဇွန် ၁၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၈-၁၉ ကိုဆွေးနွေးကြသည်။ သူတို့သည် လောကီအလုပ်၊ မိသားစုတာဝန်နှင့် သီအိုကရက်တစ်တာဝန်များအပါအဝင် အကြီးအကဲများထမ်းဆောင်ရသည့် တာဝန်များစွာနှင့်ပတ်သက်၍ မှတ်ချက်ပေးကြသည်။ အားလုံးက သူတို့ကိုအားပေးနိုင်၊ သူတို့၏ဝန်ကိုပေါ့စေနိုင်၊ သူတို့၏လမ်းညွှန်မှုကိုလိုက်နာနိုင်သည့် နည်းလမ်းများကိုသုံးသပ်ကြ။ အကြီးအကဲများသည် တန်ဖိုးရှိလုပ်ငန်းတစ်ခုကို ဆောင်ရွက်နေကာ “အထူးစာနာထောက်ထားမှု” ရသင့်ကြောင်း ဓမ္မအမှုထမ်းများက သဘောတူကြသည်။—၁ သက်. ၅:၁၂၊ ၁၃၊ ကဘ။

၂၀ မိ– “သတင်းကောင်းတင်ဆက်ခြင်း—တစ်အိမ်မှတစ်အိမ်မှတ်တမ်းအသုံးပြုခြင်းဖြင့်။”d အပိုဒ် ၂ တွင် ပရိသတ်နှင့် မှတ်တမ်းအကြောင်းကို ဆွေးနွေးပါ။ အပိုဒ် ၆ ကိုဆွေးနွေးပြီးနောက် ပြန်လည်ပတ်မှုများအတွက် တစ်အိမ်မှတစ်အိမ်မှတ်တမ်းအသုံးပြုနိုင်ပုံကို တိုတိုတုတ်တုတ်သရုပ်ပြပါ။ မှတ်တမ်းများတွင် ရေးမှတ်ထားသင့်သည့်အချက်အလက်များကို ပရိသတ်နှင့်သုံးသပ်ကာ အဘယ်ကြောင့်ဟူသည်ကို ရှင်းပြပါ။ လယ်ကွင်းလုပ်ငန်း၌ပါဝင်စဉ် မိမိတို့နှင့်အတူ တစ်အိမ်မှတစ်အိမ်မှတ်တမ်းပါရှိကြရန် အားလုံးကိုနှိုးဆော်ပါ။

သီချင်း ၂၁၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၇ တွင်စမည့်အပတ်

သီချင်း ၂၀

၁၀ မိ– ဒေသကြေညာချက်များ။

၂၀ မိ– သင့်ဘဝကိုအကောင်းဆုံးဖြစ်စေပါ။ မိသားစုဝင်များသည် ဩဂုတ် ၁၅၊ ၁၉၉၈၊ ကင်းမျှော်စင်၊ စာမျက်နှာ ၈-၉ ကိုဆွေးနွေးကြသည်။ ဖခင်သည် မိသားစုအား စိတ်ပျက်မှုအစား ရွှင်လန်းမှုခံစားရစေမည့် လမ်းစဉ်ကိုလိုက်လျှောက်စေလို၏။ သူတို့သည် ပိုင်းခြားသိမြင်မှု၊ သင့်လျော်သည့်ဦးစားပေးမှုများနှင့် ယေဟောဝါအပေါ်ယုံကြည်ကိုးစားမှုရှိဖို့လိုအပ်ချက်ကို အာရုံစိုက်လျက် မိမိတို့၏ပျော်ရွှင်မှုကို မည်သို့သေချာစေနိုင်ကြောင်းဖော်ပြသည့် ဆောင်းပါးပါကျမ်းစာသြဝါဒကို သုံးသပ်ကြသည်။ သူတို့သည် မိသားစုလိုက်ပြုလုပ်နိုင်သည့် လက်တွေ့ကျပြုပြင်ပြောင်းလဲမှုများကို ဖော်ပြကြသည်။

၁၅ မိ– ကျွန်ုပ်တို့၏နိုင်ငံတော်ခန်းမကို အနီးကပ်ကြည့်ရှုပါ။ အကြီးအကဲတစ်ဦးဟောရန်။ နိုင်ငံတော်ခန်းမ၏အခြေအနေကို ဂရုပြုပါ။ သတိရအောက်မေ့ပွဲမတိုင်မီ သန့်ရှင်းရေးအတွက် မည်သည့်အစီအစဉ်များပြုလုပ်ထားသနည်း။ ၎င်းမတိုင်မီ မည်သည့်အရာများကို ပြုပြင်ဖို့လိုမည်နည်း။ အသင်းတော်အကူအညီပေးနိုင်ပုံကို ရှင်းပြပါ။ ကျွန်ုပ်တို့ဝတ်ပြုသည့်နေရာသည် ယေဟောဝါ၏အိမ်တော်နှင့်ဆက်စပ်နေသည့် လှပတင့်တယ်မှုနှင့် ဂုဏ်သိက္ခာကို သေချာပေါက်ထင်ဟပ်စေရန် လိုအပ်ကြောင်း အလေးပေးတင်ပြပါ။—ဆာ. ၈၄:၁။

သီချင်း ၁၂၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ