လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဇန်နဝါရီ ၁၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၄ ပါအကြံပြုချက်များကိုအသုံးပြု၍ ဇန်နဝါရီ ၁၅ ကင်းမျှော်စင် နှင့် ဇန်နဝါရီ ၂၂ နိုးလော့! အတွက်တင်ဆက်ပုံကို သရုပ်ပြနှစ်ခုပြုလုပ်ပါ။ အဆိုပါတစ်ခုစီတွင် တစ်ခုတည်းကိုသာတင်ဆက်သော်လည်း မဂ္ဂဇင်းနှစ်မျိုးစလုံးကို အစုံလိုက်ဝေငှသင့်သည်။
၁၅ မိ– စကားတစ်ခွန်းမျှမပါဘဲ သွေးဆောင်ပါ။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကောင်းမွန်သောခရစ်ယာန်အမူအကျင့်သည် တန်ခိုးပါသော သက်သေခံချက်တစ်ရပ်ဖြစ်သည်။ ယင်းက မယုံကြည်သူအိမ်ထောင်ဖက်အချို့အား ယေဟောဝါကိုဝတ်ပြုကိုးကွယ်သူများဖြစ်လာရန် လှုံ့ဆော်ပေးခဲ့ပေပြီ။ (၁ ပေ. ၃:၁၊ ၂) ဇန်နဝါရီ ၁၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၄; အောက်တိုဘာ ၁၊ ၁၉၉၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၀-၁၁; နှင့် ၁၉၉၅ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၄၆ [လိပ်] ပါတွေ့ကြုံမှုများကို ပြောပြပါ။ ဤကဏ္ဍတွင် ကျမ်းစာသြဝါဒကိုလိုက်နာခြင်းမှ သူတို့သတိပြုမိခဲ့သည့် အပြုသဘောဆောင်သော အကျိုးရလဒ်များနှင့်ပတ်သက်၍မှတ်ချက်ပေးရန် နှစ်ဦးသုံးဦးကို ကြိုတင်စီစဉ်ပါ။
၂၀ မိ– “ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံမှုနှင့်အညီ အသက်ရှင်ခြင်း။”a အပိုဒ် ၃ ကိုသုံးသပ်ပြီးနောက် နှစ်ခြင်းခံပြီးသည့်လူငယ် သို့မဟုတ် ဆယ်ကျော်သက်တစ်ဦးကို တိုတိုတုတ်တုတ်လူတွေ့မေးမြန်းပါ။ နှစ်ခြင်းခံပြီးကတည်းက အဘယ်စိန်ခေါ်ချက်များရင်ဆိုင်ခဲ့ရသနည်း။ ထိုစိန်ခေါ်ချက်များကိုရင်ဆိုင်နိုင်ရန် သူ့အား အဘယ်အရာကကူညီပေးခဲ့သနည်း။ သူ၏အသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံခြင်းမှ သူမည်သို့အကျိုးခံစားခဲ့ရသနည်း။
သီချင်း ၂၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၂၀ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၅ မိ– သင်သည် ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုနေသလော။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၃ ကိုကောင်းစွာအသုံးပြုရန် အားလုံးကိုအားပေးပါ။ စာမျက်နှာ ၃-၄ ပါကျမ်းဦးစကားမှ မှတ်ချက်များကိုဆွေးနွေးပါ။ ကျမ်းချက်ကို မိသားစုများအတူတကွ ဆွေးနွေးနိုင်ပုံနှင့်စပ်လျဉ်း၍ အကြံပြုချက်များပေးပါ။ ကျမ်းချက်ကို နေ့စဉ်သုံးသပ်ခြင်း၏ အကျိုးကျေးဇူးများကိုဖော်ပြရန် နောက်လတွင်သုံးသပ်မည့် ကျမ်းချက်နှင့်မှတ်ချက်နမူနာနှစ်ခုသုံးခုကို ဆွေးနွေးပါ။ ယနေ့ကျမ်းချက်နှင့် မှတ်ချက်များကို ခင်ပွန်းဖြစ်သူနှင့် ဇနီးဖြစ်သူတို့အတူတကွသုံးသပ်သည့် တိုတုတ်သောသရုပ်ပြတစ်ခု ပါဝင်စေပါ။
၂၂ မိ– “အခြားသူတို့ကို စင်ကြယ်သောဘာသာစကား သင်ပေးလော့။”b အပိုဒ် ၆ ကို သုံးသပ်ပြီးနောက် ဇန်နဝါရီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်၊ စာမျက်နှာ ၄ ပါတင်ဆက်နည်းများမှတစ်ခုကိုသုံး၍ ပြန်လည်ပတ်မှုပြုလုပ်သည့်အခါ တံခါးဝ၌ ကျမ်းစာသင်အံမှုစတင်ပုံကို အရည်အချင်းရှိကြေညာသူတစ်ဦးအား သရုပ်ပြစေပါ။ တောင်းဆို ဘရိုရှာပါအပိုဒ်တစ်ခုနှင့်စပ်လျဉ်းသည့် သုံးသပ်မှုတစ်ခုပါဝင်စေပါ။ နောက်အပိုဒ်အတွက်မေးခွန်းတစ်ခုမေးကာ နောက်တစ်ကြိမ်လည်ပတ်သည့်အခါ ယင်းကိုဖြေကြားရန်စီစဉ်ခြင်းဖြင့် ကြေညာသူအား နိဂုံးချုပ်စေပါ။ သူတို့လည်ပတ်ကြသူများထဲမှ တစ်စုံတစ်ဦးသည် ဤနည်းဖြင့် ကျမ်းစာလေ့လာရန် လိုလိုလားလားရှိနိုင်မနိုင် သုံးသပ်ကြရန် အားလုံးကိုအားပေးပါ။
သီချင်း ၆၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၂၇ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကိုနှိုးဆော်ပါ။ စာမျက်နှာ ၄ ပါအကြံပြုချက်များကိုအသုံးပြု၍ ဖေဖော်ဝါရီ ၁ ကင်းမျှော်စင် နှင့် ဖေဖော်ဝါရီ ၈ နိုးလော့! အတွက်တင်ဆက်ပုံကို သရုပ်ပြနှစ်ခုပြုလုပ်ပါ။ တစ်ခုစီတွင် မဂ္ဂဇင်းလက်မခံသည့်အိမ်ရှင်တစ်ဦးနှင့် လက်ခံသည့်အိမ်ရှင်တစ်ဦးကို သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော ဝေစာဝေငှခြင်းဖြင့် ကြေညာသူအား နိဂုံးချုပ်စေပါ။ ဝေစာရောမဂ္ဂဇင်းပါဝေငှရသူများထံ မည်သို့ပြန်လည်ပတ်နိုင်ကြောင်း တိုတိုတုတ်တုတ်ရှင်းပြပါ။—နိုဝင်ဘာ ၂၀၀၁ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စ. ၄၊ အပိုဒ် ၁၀ ရှု။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– ယေဟောဝါထံချဉ်းကပ် ရန် အခြားသူများကိုကူညီပါ။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ဖေဖော်ဝါရီလအတွင်း စာအုပ်သစ် [လိပ်] ကိုဝေငှကြမည်။ စာမျက်နှာ ၃ မှ စာရှုသူများအတွက်မှတ်ချက်ကိုဆွေးနွေးကာ စာအုပ်၏ထူးခြားချက်အချို့ကို ပေါ်လွင်စေပါ။ အပိုင်းလေးပိုင်းမှတစ်ခုစီသည် ယေဟောဝါ၏အဓိကအရည်အသွေးများမှတစ်ခုကို အာရုံစိုက်စေသည်။ ထိုအရည်အသွေးကို ယေရှုမည်သို့ပြခဲ့ကြောင်းဖော်ပြသည့် အခန်းတစ်ခန်းနှင့် ကျွန်ုပ်တို့လည်း မည်သို့ပြနိုင်ကြောင်းဆွေးနွေးထားသည့် အခန်းတစ်ခန်းတို့ ပါဝင်သည်။ ၁၇-မျက်နှာအပြည့် ကျမ်းစာရှုခင်းပုံများပါရှိသည်။ “စဉ်းစားဆင်ခြင်ရန်မေးခွန်းများ” က အကြောင်းအရာတစ်ခု၏ အခြားအရေးကြီးကဏ္ဍများကို သုံးသပ်ရန်ကူညီပေးသည်။ “ယေဟောဝါထံချဉ်းကပ်လော့ အတွက် အကြံပြုထားသည့်တင်ဆက်နည်းများ” ဟူသည့်လေးထောင့်ကွက်ကို သုံးသပ်ကာ အရည်အချင်းရှိကြေညာသူတစ်ဦးအား တင်ဆက်နည်းတစ်ခုကို သရုပ်ပြစေပါ။
သီချင်း ၁၂၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၃ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ ဖေဖော်ဝါရီ ၁၀ ရက်အပတ် လုပ်ငန်းတော်စည်းဝေးတွင်ဆွေးနွေးရန်အတွက် ပြင်ဆင်ရာတွင် ယေဟောဝါသက်သေများ—နာမည်နောက်ဝယ်ရှိအဖွဲ့အစည်း ဗီဒီယိုခွေကိုကြည့်ကြရန် ယောက်တိုင်းကိုအားပေးပါ။
၁၂ မိ– သူတို့၏ယုံကြည်ခြင်းကိုတုပပါ။ ယေဟောဝါ၏အမှုတော်ကို နှိမ့်ချစွာနှင့်သစ္စာရှိစွာ နှစ်ပေါင်းများစွာထမ်းဆောင်ခဲ့သော အကြီးအကဲတစ်ဦးအား လူတွေ့မေးမြန်းပါ။ (ဟေဗြဲ ၁၃:၇) သူ မည်သို့သမ္မာတရားရရှိခဲ့သနည်း။ သူဤသို့ရပ်တည်ရန် အဘယ်အတားအဆီးများကို ကျော်လွှားခဲ့ရသနည်း။ အဘယ်ဝိညာဏပြင်ဆင်ပေးမှုများ သို့မဟုတ် အားပေးမှုက သူ့ကိုတိုးတက်ရန်ကူညီပေးခဲ့သနည်း။ အသင်းတော်တွင်တက်လှမ်းရန် သူအဘယ်အရာလုပ်ဆောင်ခဲ့သနည်း။ (၁ တိ. ၃:၁) လောကီတာဝန်၊ မိသားစုတာဝန်များနှင့် အသင်းတော်တာဝန်များကို ဟန်ချက်ညီစေရန် အဘယ်အရာက သူ့အားကူညီပေးခဲ့သနည်း။ (၁ တိ. ၅:၈) အသင်းတော်ရှိအခြားသူများအား ကူညီပေးရသည့်အခွင့်အရေးနှင့်ပတ်သက်၍ သူမည်သို့ခံစားရသနည်း။
၁၈ မိ– “နှိမ့်ချမှုရှိဖို့လိုသောလုပ်ငန်း။”c အပိုဒ် ၃ ကိုဆွေးနွေးသည့်အခါ ရပ်ကွက်မှတစ်စုံတစ်ဦးက ကျွန်ုပ်တို့အား ပြောင်လှောင်ရန်ကြိုးစားမည် သို့မဟုတ် ရိုင်းစိုင်း၊ အငြင်းသန် သို့မဟုတ် ဒေါသထွက်မည်ဆိုလျှင် မည်သို့တုံ့ပြန်မည်နှင့်စပ်လျဉ်း၍ အကြံပြုချက်များပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ အပိုဒ် ၄ ကိုဆွေးနွေးသည့်အခါ ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၁၊ စာမျက်နှာ ၁၁၆၀၊ အပိုဒ် ၃ [လိပ်] မှမှတ်ချက်များပါဝင်စေပါ။
သီချင်း ၁၃၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။