ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၀၃ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဖေဖော်ဝါရီ ၁၀ တွင်စမည့်အပတ်
  • ဖေဖော်ဝါရီ ၁၇ တွင်စမည့်အပတ်
  • ဖေဖော်ဝါရီ ၂၄ တွင်စမည့်အပတ်
  • မတ် ၃ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၂/၀၃ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဖေဖော်ဝါရီ ၁၀ တွင်စမည့်အပတ်

သီချင်း ၄

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကို အသုံးပြု၍ ဖေဖော်ဝါရီ ၁၅ ကင်းမျှော်စင် နှင့် ဖေဖော်ဝါရီ ၂၂ နိုးလော့! [လိပ်] အတွက် တင်ဆက်ပုံကို တစ်ခုစီသရုပ်ပြပါ။ သရုပ်ပြတစ်ခုစီတွင် တစ်ခုတည်းကိုသာ အသားပေးဖော်ပြသော်လည်း မဂ္ဂဇင်းနှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။

၁၀ မိ– “အခန့်သင့်အကူအညီ။” အကြီးအကဲတစ်ဦးဟောပြောပါ။ မလှုပ်ရှားသူများကိုကူညီရန် အထူးကြိုးပမ်းအားထုတ်မှုများသည် မိမိ၏လူမျိုးတော်အပေါ် ယေဟောဝါ၏အရေးစိုက်မှုကို ထင်ဟပ်ကြောင်း ပေါ်လွင်စေပါ။

၂၅ မိ– “သင်ကြား၊ လှုံ့ဆော်၊ အားသစ်လောင်းပေးသည့် ကိရိယာ။” ပရိသတ်နှင့်ဆွေးနွေးရန်။ စိတ်ဝင်စားသူများအား အဖွဲ့အစည်းနှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် ကူညီပေးဖို့ ဗီဒီယိုခွေကို မည်သို့အသုံးပြုနိုင်ကြောင်း အကြံပြုချက်များပေးပါ။ တိုတုတ်သော တွေ့ကြုံမှုတစ်ခုနှစ်ခု ပါဝင်စေပါ။—၁၉၉၂၊ အောက်တိုဘာ ၁ ရက်၊ ကင်းမျှော်စင် စာမျက်နှာ ၃၀-၁ ရှု။

သီချင်း ၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဖေဖော်ဝါရီ ၁၇ တွင်စမည့်အပတ်

သီချင်း ၄၈

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ မတ်လတွင်ဝေငှမည့်စာပေကို သုံးသပ်ပါ။ ဇန်နဝါရီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်မှ အချက်များကိုအသုံးပြု၍ အသိပညာ စာအုပ်တင်ဆက်မှုအတွက် အကြံပြုချက်တစ်ခုနှစ်ခုကို ဖော်ပြပါ။ အိမ်တွင်းကျမ်းစာသင်အံမှုများ စတင်ရန်ပန်းတိုင်ကို အလေးထားတင်ပြပါ။

၁၅ မိ– “သင့်အိမ်ကို အသုံးပြုခွင့် ပေးနိုင်မည်လော။” စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးဟောပြောရန်။ ဧပြီ ၂၀၀၁ နှင့် မတ် ၁၉၉၀ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မေးခွန်းသေတ္တာများမှ မှတ်ချက်များပါဝင်စေပါ။ အသင်းတော်ရှိ စာအုပ်ကြီးသင်တန်း အုပ်စုအရေအတွက်နှင့် ပျမ်းမျှတက်ရောက်သူဦးရေကို ဖော်ပြပါ။ မိမိတို့၏အိမ်တွင် စာအုပ်ကြီးသင်တန်းကျင်းပခြင်းဖြင့် မိမိတို့နှင့် မိမိတို့၏မိသားစုများ မည်သို့အကျိုးခံစားခဲ့ရကြောင်း ကြေညာသူတစ်ဦးနှစ်ဦးအား ပြောပြစေပါ။ မိမိတို့၏အိမ်ကို အသုံးပြုခွင့်ပေးလိုသူ မည်သူမဆိုသည် ၎င်းကို ဦးစီးကြီးကြပ်မှူးအား အသိပေးသင့်သည်။

၂၀ မိ– “သင်၏ ဦးစားထားရာကား အဘယ်နည်း။”aဓမ္မအမှုတွင် ပိုမိုလုပ်ဆောင်ရန် မိမိတို့၏အခြေအနေများကို မည်သို့ပြုပြင်ပြောင်းလဲနိုင်ခဲ့ကြောင်း မှတ်ချက်ပေးရန် ကြေညာသူတစ်ဦးနှစ်ဦးကို ကြိုတင်စီစဉ်ပါ။

သီချင်း ၅၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဖေဖော်ဝါရီ ၂၄ တွင်စမည့်အပတ်

သီချင်း ၇၄

၁၀ မိ– ဒေသကြေညာချက်များ။ ဖေဖော်ဝါရီလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကို အသုံးပြု၍ မတ် ၁ ကင်းမျှော်စင် နှင့် မတ် ၈ နိုးလော့! [လိပ်] အတွက် တင်ဆက်ပုံကို တစ်ခုစီသရုပ်ပြပါ။ သရုပ်ပြတစ်ခုစီတွင် တစ်ခုတည်းကိုသာ အသားပေးဖော်ပြသော်လည်း မဂ္ဂဇင်းနှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။

၃၅ မိ– “ဟောပြော၍ စေ့စပ်သေချာစွာ သက်သေခံကြလော့။”bလုပ်ငန်းတော်ကြီးကြပ်မှူးကိုင်ရန်။ မတ်နှင့် ဧပြီလတွင် လုပ်နိုင်သူအားလုံး အရန်ရှေ့ဆောင်လုပ်ကြရန် အားပေးပါ။ လွန်ခဲ့သည့်သတိရအောက်မေ့ပွဲကာလ၌ ရှေ့ဆောင်လုပ်ခဲ့သူများအား မှတ်ချက်များပေးကြရန် ဖိတ်ခေါ်ပါ။ ရှေ့ဆောင်လုပ်ရန် သူတို့ မည်သို့စီစဉ်ခဲ့ကြသနည်း။ ထိုသို့ပြုရန် အဘယ်ကြိုးပမ်းအားထုတ်မှုနှင့် ပြုပြင်ပြောင်းလဲမှုများ လိုအပ်ခဲ့သနည်း။ သူတို့ အဘယ်ရွှင်လန်းမှုနှင့် ကောင်းချီးများ ခံစားခဲ့ရသနည်း။ စာမျက်နှာ ၄ ပါလေးထောင့်ကွက်ရှိ နမူနာဇယားများကို သုံးသပ်ပါ။ အရန်ရှေ့ဆောင်လျှောက်လွှာများကို အစည်းအဝေးပြီးနောက် ရရှိမည်ဖြစ်ကြောင်း ကြေညာပါ။

သီချင်း ၅၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မတ် ၃ တွင်စမည့်အပတ်

သီချင်း ၁၄

၁၀ မိ– ဒေသကြေညာချက်များ။ “နိုင်ငံတော်ခန်းမ စာကြည့်တိုက်များအတွက် အစီအစဉ်သစ်” ကို အကျဉ်းချုံးဆွေးနွေးပါ။ နိုင်ငံတော်ခန်းမ စာကြည့်တိုက်အတွက် စာကြည့်တိုက်မှူးအဖြစ် မည်သူထမ်းဆောင်မည်ဖြစ်ကြောင်း ဖော်ပြပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “ဆုံးခန်းနီးပြီဖြစ်ရာ သမ္မာသတိရှိကြလော့။”cအပိုဒ် ၃-၄ ကိုဆွေးနွေးသည့်အခါ လောလောဆယ်တွင် အဘယ်ဝိညာဏပန်းတိုင်များကို လိုက်မီရန်ကြိုးစားနေကြကြောင်း ပြောပြပေးရန် ကြေညာသူများအား ဖိတ်ခေါ်ပါ။ ဘုရားသခင်ကိုကိုးကွယ်လော့ စာအုပ်၊ စာမျက်နှာ ၁၇၆ မှမှတ်ချက်များ ပါဝင်စေပါ။

[အောက်ခြေမှတ်ချက်များ]

a သီချင်း ၁၂၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

b သီချင်း ၁၂၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

c သီချင်း ၁၂၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ