လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဇွန် ၉ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကိုအသုံးပြု၍ ဇွန် ၁၅ ကင်းမျှော်စင် နှင့် ဇွန် ၂၂ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို သရုပ်ပြနှစ်ခုပြုလုပ်ပါ။ တင်ဆက်မှုတစ်ခုစီတွင် မဂ္ဂဇင်းတစ်စောင်တည်းကိုသာ အသားပေးဖော်ပြသော်လည်း နှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။ တင်ဆက်မှုတစ်ခုစီတွင် ကျမ်းချက်တစ်ချက်ပါဝင်စေပါ။
၁၅ မိ– “ခရစ်ယာန်ဓမ္မအမှု—ကျွန်ုပ်တို့၏အဓိကလုပ်ငန်း။”a အချိန်ပြည့်အမှုဆောင်ခြင်းဖြင့် သူတို့ရရှိနိုင်သည့် ကောင်းချီးများကိုသုံးသပ်ကြဖို့ လူငယ်များအားတိုက်တွန်းပါ။ နိုဝင်ဘာ ၁၊ ၂၀၀၀၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၀ ပါ “ယဉ်ကျေးမှုနှင့် ကိုယ်ကိုကိုယ်သိသောစိတ် ဆန့်ကျင်ဘက်ဖြစ်သည့်အခါ” ခေါင်းစဉ်ငယ်အောက်ရှိအကြောင်းအရာနှင့်စပ်လျဉ်းသည့် မှတ်ချက်များပါဝင်စေပါ။
၂၀ မိ– “အငြိမ်းစားယူခြင်း—တိုးချဲ့လုပ်ဆောင်ရန်တံခါးတစ်ခု။”b ဖြစ်နိုင်လျှင် ယေဟောဝါ၏အမှုတော်ကို ပိုမိုထမ်းဆောင်ရန် လောကီအလုပ်မှ အငြိမ်းစားယူခဲ့သည့် ကြေညာသူတစ်ဦးအားမေးသော တိုတုတ်သည့်လူတွေ့မေးမြန်းခန်းတစ်ခု ပါဝင်စေပါ။ မည်သည့်ပြောင်းလဲမှုများပြုလုပ်ခဲ့ကြောင်းနှင့် ရလဒ်အနေနှင့် မည်သည့်ကောင်းချီးများခံစားခဲ့ရကြောင်း သူ့အားမေးပါ။
သီချင်း ၁၉၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၁၆ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၂ မိ– ဒေသလိုအပ်ရာများ။
၂၅ မိ– “သန့်ရှင်းသောလူမျိုးတစ်မျိုး ယေဟောဝါကိုဂုဏ်တင်။”c ဖော်ပြထားသည့်မေးခွန်းများကို အသုံးပြုပါ။
သီချင်း ၁၃၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၂၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကိုအသုံးပြု၍ ဇူလိုင် ၁ ကင်းမျှော်စင် နှင့် ဇူလိုင် ၈ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို သရုပ်ပြနှစ်ခုပြုလုပ်ပါ။ သရုပ်ပြတစ်ခုစီတွင် မဂ္ဂဇင်းတစ်စောင်တည်းကိုသာ အသားပေးဖော်ပြသော်လည်း နှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။ သရုပ်ပြတစ်ခုတွင် လမ်းပေါ်သက်သေခံခြင်း၌ ကြေညာသူပါဝင်နေပုံကိုပြပါ။
၂၀ မိ– စိတ်ဓာတ်ကျခြင်းနှင့်စပ်လျဉ်း၍ အဘယ်အရာပြုလုပ်နိုင်သနည်း။ နိုဝင်ဘာ ၁၅၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၈-၉၊ “စိတ်သဘောမှန်ကို ထိန်းထားခြင်း” ခေါင်းစဉ်ငယ်အပါအဝင်အထိကို အခြေပြု၍ဟောပြောကာ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျမ်းစာသြဝါဒနှင့်အတူ လက်တွေ့ကျသောအကြံပြုချက်များကို သုံးသပ်ပါ။ ဓမ္မအမှုတွင် ရွှင်လန်းမှုကိုထိန်းသိမ်းထားရန် မည်သည့်အရာက သူတို့အား ကူညီပေးခဲ့ကြောင်းရှင်းပြဖို့ ထိရောက်မှုရှိသော ကြေညာသူတစ်ဦးနှစ်ဦးကို ကြိုတင်စီစဉ်ပါ။
၁၅ မိ– “အစဉ်ပြောင်းလဲနေသောလောကတွင်ဟောပြောခြင်း။”d အပိုဒ် ၂-၃ ကိုဆွေးနွေးသည့်အခါ ဒေသခံရပ်ကွက်တွင် စကားစမြည်စတင်ပြောဆိုရန် မည်သည့်လတ်တလောဖြစ်ရပ်များကို အသုံးပြုနိုင်ကြောင်း ပရိသတ်ကိုမေးပါ။ အပိုဒ် ၄ ကိုဆွေးနွေးသည့်အခါ ဖော်ပြထားသောတင်ဆက်နည်းများမှ တစ်ခုကိုအသုံးပြု၍ တိုတုတ်စွာသရုပ်ပြစေပါ။
သီချင်း ၁၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၃၀ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဇွန်လအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများအား နှိုးဆော်ပါ။ ဇူလိုင်နှင့် ဩဂုတ်တွင်ဝေငှမည့်စာပေကို သုံးသပ်ပါ။ ဒေသတွင်ရှိသည့်ဘရိုရှာနှစ်စောင်ကို ပေါ်လွင်စေပါ။ ဓမ္မအမှုတွင် ယင်းတို့အားဝေငှပုံကို ကောင်းစွာပြင်ဆင်၍ သရုပ်ပြစေပါ။ အကြံပြုထားသောတင်ဆက်နည်းများအတွက် ဇူလိုင် ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၈ ကိုကြည့်ပါ။ ထပ်ဆင့်တင်ဆက်မှုများကို ကင်းမျှော်စင်စာပေအညွှန်း ပါ “တင်ဆက်မှုများ” နှင့် ခေါင်းစဉ်ငယ် “စာပေစာရင်း” အောက်တွင် တွေ့ရှိနိုင်သည်။
၁၅ မိ– “မသန်မစွမ်းဖြစ်သော်လည်း အကျိုးဖြစ်ထွန်း။”e ဩဂုတ် ၂၂၊ ၁၉၉၀၊ နိုးလော့!၊ စာမျက်နှာ ၂၂-၃၊ “အဘယ်အရာပြုလုပ်နိုင်သနည်း” ခေါင်းစဉ်ငယ်အောက် [လိပ်] ကိုအခြေခံ၍ အခြားသူများကူညီပေးနိုင်ပုံနှင့်စပ်လျဉ်းသည့် မှတ်ချက်များပါဝင်စေပါ။
၂၀ မိ– နိုင်ငံတော်အကြောင်းဟောပြောရန် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ထိရောက်စွာအသုံးပြုပါ။ လုပ်ငန်းတော်ကြီးကြပ်မှူးက ပရိသတ်နှင့်ဆွေးနွေးရန်။ ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် တွေ့ရသူတစ်ဦးစီအား နိုင်ငံတော်နှင့်စပ်လျဉ်း၍ တည်ဆောက်မှုဖြစ်စေသော ကျမ်းစာအကြောင်းအရာတစ်ခုကိုဝေမျှရန် ကြိုးစားကြသည်။ သို့သော် ကျမ်းချက်များကို ဖတ်ပြ ရုံမျှမက ပိုမိုလုပ်ဆောင်ရန်လိုအပ်သည်။ ၎င်းတို့ကို ရှင်းပြ၊ ဥပမာပေးပြီး သက်ဆိုင်ပုံတင်ပြ ဖို့လိုသည်။ ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၃၈၂၊ “လူသားမင်းများသည် လူသားများ အရေးတကြီးလိုအပ်ရာများကို ပေးမနေပါ” ဟူသည့် စာလုံးစောင်းခေါင်းစဉ်ငယ်အောက်တွင် ညွှန်းထားသောကျမ်းချက်များမှအချို့ကို နမူနာများအဖြစ်အသုံးပြု၍ ယင်းကို မည်သို့ပြုလုပ်နိုင်ကြောင်းပြပါ။ ဆွေးနွေးပြီးနောက် ပြန်လည်ပတ်မှုတစ်ခုတွင် ထိရောက်စွာ ကျမ်းချက်တစ်ချက်အသုံးပြုနည်းကို ကောင်းစွာပြင်ဆင်ထားသည့်ကြေညာသူတစ်ဦးအား သရုပ်ပြစေပါ၊ ၎င်းလည်ပတ်မှုတွင် နိုင်ငံတော်အုပ်ချုပ်မှုက သူ့ကို မည်သို့တိုက်ရိုက်အကျိုးပြုကြောင်း အိမ်ရှင်အားဖော်ပြသည့် လိုရင်းတိုရှင်း ရှင်းပြချက်တစ်ခု၊ ရိုးရှင်းသောဥပမာတစ်ခုနှင့် တိုတုတ်သော သက်ဆိုင်ပုံတင်ပြမှုတစ်ခုတို့ပါဝင်စေပါ။ ကြေညာသူသည် ကျမ်းချက်တစ်ချက်ဖတ်ခြင်းဖြင့် သရုပ်ပြကိုစတင်သည်။ သရုပ်ပြပြီးနောက် ကျမ်းချက်အား ရှင်းပြပုံ၊ ဥပမာပေးပုံနှင့် သက်ဆိုင်မှုတင်ပြပုံတို့ကို သုံးသပ်ပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်အား ထိရောက်စွာအသုံးပြုနိုင်စွမ်းတွင် တိုးတက်ကြရန် အားလုံးကို တိုက်တွန်းပါ။
သီချင်း ၁၇၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၇ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။
၁၅ မိ– ဒေသခံတွေ့ကြုံမှုများ။ (၁) အမျိုးမျိုးသော လူမျိုးစုအုပ်စုများ သို့မဟုတ် အခြားဘာသာစကားပြောသူများကို သက်သေခံသောအခါ သို့မဟုတ် (၂) တစ်အိမ်မှတစ်အိမ်နှင့် လမ်းပေါ်အမှုဆောင်ခြင်းအပြင် အခြားနည်းများဖြင့် သက်သေခံကြသောအခါ ဒေသခံကြေညာသူများရရှိခဲ့သည့်တွေ့ကြုံမှုများကို ပြန်ပြောပြပါ သို့မဟုတ် ပြန်သရုပ်ပြပါ။ အခြားဘာသာစကားပြောသူများနှင့်တွေ့သည့်အခါ လူမျိုးအပေါင်းအတွက်သတင်းကောင်း [လိပ်] စာအုပ်ငယ်နှင့် ကျေးဇူးပြု၍ဆက်လိုက်ပေးပါ (S-43) ပုံစံကို ကောင်းစွာအသုံးပြုကြရန် အားလုံးကိုတိုက်တွန်းပါ။—စက်တင်ဘာ ၁၉၉၉ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၂၊ ကြေညာချက်များကိုရှု။
၂၅ မိ– “မြင့်မြတ်သောနာမတော်ကို သိရှိစေခြင်း။”f ဖော်ပြထားသောမေးခွန်းများကို အသုံးပြုပါ။ အပိုဒ် ၄ ကိုသုံးသပ်သည့်အခါ ကြွေးကြော်သူများ စာအုပ်၊ စာမျက်နှာ ၁၂၄ [လိပ်] ပါ “ဘုရားသခင်၏နာမတော်ကိုသိရှိစေခြင်း” လေးထောင့်ကွက်ပါ မှတ်ချက်များပါဝင်စေပါ။ အရည်အချင်းရှိကြေညာသူတစ်ဦးအား ပြန်လည်ပတ်မှုတစ်ခုကို သရုပ်ပြစေပါ။ ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၂၅၀-၁ မှကျမ်းချက်နှစ်ချက်သုံးချက်ကိုသုံး၍ ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကိုသိရန်၊ သုံးရန် အဘယ်ကြောင့်အရေးကြီးကြောင်းဖော်ပြပါ။
သီချင်း ၁၉၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
e အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
f အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။