လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဇွန် ၁၄ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ မေ ၁၅ ကင်းမျှော်စင်နှင့် ဇွန် ၈ နိုးလော့! အတွက် တင်ဆက်ပုံကိုသရုပ်ပြရန် စာမျက်နှာ ၄ ပါအကြံပြုချက်များကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြုပါ။ တင်ဆက်မှုတစ်ခုတွင် ကြေညာသူက စီးပွားရေးရပ်ကွက်တွင် သက်သေခံနေပုံကိုပြပါ။ အခြားလက်တွေ့ကျသောတင်ဆက်မှုများကို အသုံးပြုနိုင်သည်။
၂၀ မိ– “မိမိအားယုံကြည်ကိုးစားသူများကို ယေဟောဝါကူညီ။”a အပိုဒ် ၄ ကိုဆွေးနွေးသည့်အခါ ဇူလိုင် ၂၀၀၃ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၃-၄၊ အပိုဒ် ၆-၈ နှင့် ဓမ္မအမှုကျောင်းစာအုပ်၊ စာမျက်နှာ ၆၇၊ အပိုဒ် ၂ မှ မှတ်ချက်များပါဝင်စေပါ။
၁၅ မိ– မူးယစ်ဆေးအလွဲသုံးခြင်းကို အဘယ်ကြောင့်ရှောင်ရသနည်း။ ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၉၅-၉၈ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ “အပျော်သဘောဖြင့်” မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် သမားရိုးကျဖြစ်နေသည်။ များစွာသောသူတို့က ထိုသို့မူးယစ်ဆေးဝါးများသုံးစွဲခြင်းသည် အန္တရာယ်မရှိပါဟူ၍ အခိုင်အမာဆိုကြ၏; အချို့ဆိုလျှင် တရားဝင်အသိအမှတ်ပြုရန်ပင် ထောက်ခံကြသည်။ ထိုသို့သောသူများနှင့် ကျိုးကြောင်းဆင်ခြင်နိုင်ပုံကို ဆွေးနွေးပါ။ နိုဝင်ဘာ၊ ၁၉၉၉၊ နိုးလော့! စာမျက်နှာ ၁၀ [လိပ်] ရှိ လေးထောင့်ကွက်မှ မှတ်ချက်များကို ပါဝင်စေပါ။
သီချင်း ၁၇၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၂၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– “ကျွန်ုပ်တို့ကို ကောင်းကင်တမန်များကူညီနေ။”b အချိန်ရသရွေ့ ညွှန်းထားသည့် ကျမ်းချက်များနှင့်စပ်လျဉ်း၍ မှတ်ချက်များပေးကြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
၂၀ မိ– ထက်ရပ်ပညာကား အကျိုးသင့်အကြောင်းသင့်သဘောရှိ၏။ (ယာ. ၃:၁၇၊ ကဘ) ဓမ္မအမှုကျောင်းစာအုပ်၊ စာမျက်နှာ ၂၅၁-၂ ကိုအခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ အကျိုးသင့်အကြောင်းသင့်သဘောရှိခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း။ ၎င်းသည် ကျွန်ုပ်တို့၏ဓမ္မအမှုတွင် အဘယ်ကြောင့်အရေးပါသနည်း။ တမန်တော်ပေါလု၏ပုံသက်သေမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ ကြေညာသူများသည် ဒေသခံရပ်ကွက်ရှိ လူတို့၏နောက်ခံကို မည်သို့ထည့်သွင်းစဉ်းစားနိုင်သနည်း။ အကျိုးသင့်အကြောင်းသင့်သဘောပြရန် ကျမ်းစာသင်သားများအား ကျွန်ုပ်တို့ မည်သို့ကူညီပေးနိုင်သနည်း။ အကျိုးသင့်အကြောင်းသင့်ရှိရှိချဉ်းကပ်ခြင်း၏ အကျိုးကျေးဇူးများကိုဖော်ပြသည့် တွေ့ကြုံမှုများပြောပြရန် တစ်ဦးနှစ်ဦးကို ကြိုတင်စီစဉ်ပါ။
သီချင်း ၅၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၂၈ တွင်စမည့်အပတ်
၁၂ မိ –ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ ဇွန်လလယ်ကွင်းလုပ်ငန်း မှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာမျက်နှာ ၄ ပါအကြံပြုချက်ကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြု၍ ဇွန် ၁ ကင်းမျှော်စင် တင်ဆက်ပုံကို သရုပ်ပြပါ။ တင်ဆက်မှုတွင် ကြေညာသူအား တိုတုတ်ပြီး ဖော်ရွေသောစကားဖြင့် စတင်စေပါ။ ထိုသို့ပြုခြင်းသည် အိမ်ရှင်အား သက်သောင့်သက်သာရှိစေရန် ကူညီပေးနိုင်ကြောင်း ဖော်ပြပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၁၈ မိ– “အသင်းတော်စာအုပ်ကြီးသင်တန်း—ယင်းကို ကျွန်ုပ်တို့အဘယ်ကြောင့်လိုအပ်ကြ။”c ဖော်ပြထားသောမေးခွန်းများကို အသုံးပြုပါ။ နိုဝင်ဘာ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၏ စာမျက်နှာ ၁ တွင်ပါသည့် “သင့်အသင်းတော်စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးကိုကူညီပါ” ဆောင်းပါးနှင့်စပ်လျဉ်းသည့် မှတ်ချက်များပါဝင်စေပါ။
သီချင်း ၂၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– သင်ဘာပြောမည်နည်း။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ဇူလိုင်နှင့် ဩဂုတ်လအတွင်း ဘရိုရှာများကိုဝေငှကြမည်။ ဒေသခံရပ်ကွက်တွင် မည်သည့်ဘရိုရှာများသည် ထိရောက်မှုရှိကြောင်း ကြေညာသူများတွေ့ရှိခဲ့ပြီနည်း။ ဇူလိုင် ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၈ သို့မဟုတ် အခြားသော ယခင်လထုတ်များမှ အကြံပြုထားသည့်တင်ဆက်နည်းများကို ပြန်သုံးသပ်ပါ။ တင်ဆက်မှုတစ်ခုစီတွင် (၁) မေးခွန်းတစ်ခု၊(၂) ကျမ်းချက်တစ်ချက်နှင့် (၃) စာအုပ်ထဲမှ ဆွေးနွေးသုံးသပ်ရန် အချက်တစ်ချက်တို့ပါဝင်ကြောင်း အသားပေးဖော်ပြပါ။ တင်ဆက်မှုတစ်ခုနှစ်ခုကို သရုပ်ပြပါ။ သတင်းကောင်းတင်ဆက်သည့်အခါ ကျမ်းစာအသုံးပြုကြရန် အားလုံးကို တိုက်တွန်းပါ။
၂၀ မိ–မိဘများထံမှ ကလေးတို့လိုအပ်သောအရာ။ ကြီးမြတ်သောဆရာထံမှ သင်ယူလော့၊ စာမျက်နှာ ၆-၇ [လိပ်] ကိုအခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကလေးများသည် စစ်မှန်သောဝတ်ပြုရေးကို ထိန်းကျောင်းပေးသည့် ကျမ်းစာမူများကိုသိရှိရန်နှင့် လေ့ကျင့်မှုအစီအစဉ်တွင် မိဘများပါဝင်သည့် အဓိကအခန်းကဏ္ဍကို နားလည်ရန် အလွန်အရေးကြီး၏။ စာအုပ်ကိုလေ့လာရန်အတွက် တင်ပြထားသောအကြံပြုချက်များကို ဆွေးနွေးပါ။ ဤသင်အံမှုအထောက်အကူကို မည်သို့အသုံးပြုခဲ့ကြောင်း မှတ်ချက်ပေးရန် မိဘများအား ဖိတ်ခေါ်ပါ။ ဤစာအုပ်ကို အဘယ်ကြောင့် မိမိတို့သဘောကျကြောင်း ကလေးတစ်ဦးနှစ်ဦးအား ပြောပြစေပါ။
သီချင်း ၆၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။