ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၄ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဩဂုတ် ၉ တွင်စမည့်အပတ်
  • ဩဂုတ် ၁၆ တွင်စမည့်အပတ်
  • ဩဂုတ် ၂၃ တွင်စမည့်အပတ်
  • ဩဂုတ် ၃၀ တွင်စမည့်အပတ်
  • စက်တင်ဘာ ၆ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၈/၀၄ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဩဂုတ် ၉ တွင်စမည့်အပတ်

သီချင်း ၅၇

၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များသည် သင့်အသင်းတော်ရပ်ကွက်အတွက် လက်တွေ့ကျလျှင် ဇူလိုင် ၁၅ ကင်းမျှော်စင် နှင့် ဩဂုတ် ၈ နိုးလော့! အတွက် တင်ဆက်ပုံကိုသရုပ်ပြရန် ယင်းတို့အား အသုံးပြုပါ။ အခြားတင်ဆက်မှုများကို အသုံးပြုနိုင်သည်။ အလှူငွေအစီအစဉ်ဖော်ပြချက်ကို ပါဝင်စေပါ။ နောက်အပတ်တွင် တောင်းဆို ဘရိုရှာယူလာကြရန် ပရိသတ်ကို နှိုးဆော်ပါ။

၁၅ မိ– “ခံနိုင်ရည်ရှိခြင်းမှ ဆုရရှိ။”a ဒီဇင်ဘာ ၁၅၊ ၂၀၀၀၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၂-၃၊ အပိုဒ် ၁၅-၁၈ မှတိုတုတ်သောမှတ်ချက်များပါဝင်စေပါ။

၂၀ မိ– ကျမ်းစာသင်အံမှုများစရန် ဝေစာများအသုံးပြုခြင်း။ နိုဝင်ဘာ ၂၀၀၁ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၃-၄ ကိုအခြေပြုကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ အပိုဒ် ၅ တွင်ဖော်ပြထားသကဲ့သို့ ကျွန်ုပ်တို့သည် သင်သားတစ်ဦးစီ၏အခြေအနေနှင့်အညီ ချိန်ညှိရန် လိုလိုလားလားရှိကြကြောင်း ပေါ်လွင်စေပါ။ အပိုဒ် ၈-၁၀ ကိုအခြေပြုသည့် တိုတုတ်သောသရုပ်ပြ တစ်ခုနှစ်ခုပါဝင်စေပါ။ ၎င်းတို့အစား အခြားချဉ်းကပ်နည်းတစ်ခုသည် ဒေသအလိုက် ထိရောက်မှုရှိလျှင် ထိုတင်ဆက်မှုကို ရှင်းပြ၍ သရုပ်ပြပါ။ သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော [လိပ်] ဝေစာကိုအသုံးပြုခြင်းဖြင့် ရရှိခဲ့သည့်တွေ့ကြုံမှုများပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

သီချင်း ၇၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၁၆ တွင်စမည့်အပတ်

သီချင်း ၁၈၉

၁၀ မိ– ဒေသကြေညာချက်များ။

၁၅ မိ– သင့်သားသမီးများအား အမှန်တရားကို စိတ်တွင်စွဲမှတ်စေပါ။ မိသားစုပျော်ရွှင်မှု စာအုပ်၊ စာမျက်နှာ ၅၅-၉ ကိုအခြေပြု၍ ဟောပြောရန်။ အကြောင်းအရာ၏လက်တွေ့ကျသက်ဆိုင်ပုံကို တင်ပြကာ ယေဟောဝါနှင့် ရင်းနှီးသောပုဂ္ဂိုလ်ရေးဆက်ဆံမှုရှိရန် မိမိတို့၏သားသမီးများအား မိဘများကူညီပေးနိုင်သည့် နည်းလမ်းလေးသွယ်ကို ဆွေးနွေးပါ။

၂၀ မိ– “တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း—အပိုင်း ၂။”b ငါးမိနစ်ကြာသရုပ်ပြတစ်ခု ပါဝင်စေပါ။ ကြေညာသူတစ်ဦးက အကြီးအကဲတစ်ဦးအား ကျမ်းစာသင်သားတစ်ဦးကို တိုးတက်လာရန် မည်သို့ကူညီပေးနိုင်ကြောင်းမေးသည်။ ဖြစ်နေကျအခက်အခဲတစ်ခုမှာ လေ့လာနေချိန်အတွင်း အရေးမကြီးသည့် အသေးစိတ်အချက်များနှင့် ရှင်းလင်းရန်မလိုသည့်အချက်များကို ဆွေးနွေးရာ၌ အချိန်များစွာအသုံးပြုခြင်းဖြစ်၏။ အကြီးအကဲသည် တောင်းဆို ဘရိုရှာ သင်ခန်းစာ ၉ ကိုအသုံးပြု၍ ကြေညာသူအား (၁) အကြောင်းအရာပါ အဓိကအချက်များအပေါ်အာရုံစိုက်ပုံ၊ (၂) ညွှန်းထားသောကျမ်းချက်များကို ထိရောက်စွာအသုံးပြုပုံနှင့် (၃) သင်သား၏လိုအပ်ရာများနှင့်အညီ သင်ခန်းစာအား ပြုပြင်ပြောင်းလဲပုံတို့ကိုပြသည်။ သူသည် သင်အံမှုတစ်ခုကျင်းပတိုင်း ကောင်းစွာကြိုတင်ပြင်ဆင်ရန် လိုအပ်ကြောင်း ဖော်ပြသည်။

သီချင်း ၈၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၂၃ တွင်စမည့်အပတ်

သီချင်း ၃၃

၁၅ မိ–  ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ ဩဂုတ် ၁ ကင်းမျှော်စင် အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။ တင်ဆက်မှုတွင် ကျောင်းဆရာတစ်ဦးအား သက်သေခံနေပုံကိုပြပါ။

၁၀ မိ– “စည်းဝေးပွဲအစီအစဉ်များကိုသုံးသပ်ရန် အစီအစဉ်သစ်။” စာမျက်နှာ ၄ ပါဆောင်းပါးကို အခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။

၂၀ မိ– စက်တင်ဘာလအတွင်း ရရှိနိုင်သော မည်သည့်စာအုပ်ကိုမဆို ဝေငှခြင်း။ ဟောပြော၍ သရုပ်ပြရန်။ စာအုပ်နှင့်စပ်လျဉ်း၍ ရရှိခဲ့ကြသည့်မှတ်ချက်အချို့ကို ဖော်ပြပါ။ စာအုပ်မာတိကာများကို အကျဉ်းချုံးသုံးသပ်ကာ ဒေသခံရပ်ကွက်ရှိလူတို့အတွက် နှစ်သက်စရာဖြစ်မည့် သတ်သတ်မှတ်မှတ်အချက်အချို့ကို ပေါ်လွင်စေပါ။ ကျိုးကြောင်းဆင်ခြင် စာအုပ် သို့မဟုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ နိဒါန်းတစ်ခု၊ ကျမ်းချက်တစ်ချက်၊ စာအုပ်မှ အချက်တစ်ချက် သို့မဟုတ် အခန်းတစ်ခန်းပါဝင်သည့် ရိုးရှင်းသောတင်ဆက်မှုတစ်ခုကို ဖော်ပြပါ။ အရည်အချင်းရှိ ကြေညာသူတစ်ဦးအား တင်ဆက်မှုကို သရုပ်ပြစေပါ။

သီချင်း ၂၂၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၃၀ တွင်စမည့်အပတ်

သီချင်း ၉၀

၁၀ မိ– ဒေသကြေညာချက်များ။ ဩဂုတ်လလယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများအား နှိုးဆော်ပါ။

၁၅ မိ– “ဓမ္မအမှုသင်တန်းကျောင်း—ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီး။” ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ၂၀၀၄ နှစ်ချုပ်စာအုပ် (yb04-BU br-3) စာမျက်နှာ ၄၀ မှမှတ်ချက်များပါဝင်စေပါ။ တိုက်နယ်စည်းဝေးပွဲတွင် ဓမ္မအမှုသင်တန်းကျောင်းတက်ရောက်ရန် စိတ်ဝင်စားသူများအတွက်ကျင်းပသည့် အစည်းအဝေးတစ်ခုရှိကြောင်း ဖော်ပြပါ။ ဤအစည်းအဝေးတက်ရောက်ရန် အရည်အချင်းပြည့်မီသူများကို အားပေးပါ။

၂၀ မိ– သင် အကျိုးခံစားခဲ့ရပြီလော။ ပရိသတ်နှင့်ဆွေးနွေးရန်။ လွန်ခဲ့သည့်လုပ်ငန်းတော်နှစ်အတွင်း ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင် ဖော်ပြထားသည့် အောက်ပါအကြံပြုချက်များကို သုံးသပ်ပါ– မှတ်စုစာရွက်ငယ်တစ်ခုပေါ်တွင် သင်၏နိဒါန်းကို ရေးမှတ်ထားပါ။ (နဓ ၁၀/၀၃ စ. ၈) တစ်ဦးစီ၊ သတ်သတ်မှတ်မှတ်နှင့် သဘောရိုးဖြင့် ချီးမွမ်းပါ။ (နဓ ၁၁/၀၃ စ. ၁) အိမ်၌ လူရှိနိုင်မည့်အချိန်တွင် သက်သေခံပါ။ (နဓ ၁၂/၀၃ စ. ၁) ကျမ်းစာဖတ်ရှုခြင်း၊ အစည်းအဝေးအတွက် ပြင်ဆင်ခြင်းနှင့် လယ်ကွင်းဓမ္မအမှုအတွက် အချိန်များကို အတိအကျသတ်မှတ်ပါ။ (နဓ ၁/၀၄ စ. ၄) ကိုယ်ပိုင်လေ့လာမှုပြုလုပ်သည့်အခါနှင့် ကျမ်းစာဖတ်ရှုသည့်အခါ “ကောင်းမွန်သောပြည်” ဘရိုရှာကိုအသုံးပြုပါ။ (နဓ ၃/၀၄ စ. ၂) ကျမ်းစာတစ်အုပ်လုံးကိုဖတ်ရှုရန် ပန်းတိုင်ထားပါ။ (နဓ ၄/၀၄ စ. ၁) စီးပွားရေးရပ်ကွက်တွင် သက်သေခံပါ။ (နဓ ၇/၀၄ စ. ၄) ကျမ်းစာသင်အံမှုများစတင်ရန် ဝေစာများကိုအသုံးပြုပါ။ (နဓ ၈/၀၄ စ. ၂) ဤအကြံပြုချက်များကို လက်တွေ့အသုံးပြုခြင်းမှ သူတို့ရရှိခဲ့သည့် အကျိုးကျေးဇူးများကိုပြောပြရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

သီချင်း ၁၄၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၆ တွင်စမည့်အပတ်

သီချင်း ၁၉၇

၅ မိ– ဒေသကြေညာချက်များ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၅ မိ– “ရှေ့ဆောင်စိတ်ဓာတ်တင်ပြပါ။”c ရှေ့ဆောင်တစ်ဦးနှစ်ဦးကို တိုတိုတုတ်တုတ် လူတွေ့မေးမြန်းပါ။ မိဘများ၊ အကြီးအကဲများ သို့မဟုတ် အခြားသူများ၏ပုံသက်သေက သူတို့အား အချိန်ပြည့်ဓမ္မအမှုတွင်ပါဝင်ရန် မည်သို့အားရှိစေခဲ့ကြောင်း မှတ်ချက်ပေးစေပါ။

သီချင်း ၁၄၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ