ဖေဖော်ဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ
ဖေဖော်ဝါရီ ၂ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ သီအိုကရက်တစ်သတင်း။
၁၅ မိ– “ယေဟောဝါသက်သေများ—စစ်မှန်သောဧဝံဂေလိဟောပြောသူများ။” မေးဖြေရန်။ စက်တင်ဘာ ၁၊ ၁၉၉၂၊ ကင်းမျှော်စင်စာမျက်နှာ ၁၉ ရှိလေးထောင့်ကွက်ကို သုံးသပ်ပါ။
၂၀ မိ– “မွတ်သိပ်သူတိုင်းကို ဖိတ်ခေါ်ချက်ကမ်းလှမ်းပါ။” ဆောင်းပါးကိုသုံးသပ်ပါ၊ စိတ်ဝင်စားမှုကို နှိုးဆွပေးရန်နှင့် နားထောင်သူများကို လှုံ့ဆော်ပေးရန် အကြံပြုတင်ဆက်နည်းများကို မည်သို့စီစဉ်ထားကြောင်း ညွှန်ပြပါ။ လူကြီးတစ်ဦးအား အပိုဒ် ၂-၃ သို့မဟုတ် ၄-၅ ကိုသရုပ်ပြစေပြီး လူငယ်တစ်ဦးအား အပိုဒ် ၆ ကိုသရုပ်ပြစေပါ။
သီချင်း ၂၀၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၉ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “ဘာသာစကားအမျိုးမျိုးပြောသော ဘာသာတရားခပ်သိမ်းမှ လူတို့ကိုသက်သေခံခြင်း။” (အပိုဒ် ၁-၁၀) မေးဖြေရန်။ သင့်ရပ်ကွက်တွင် အများစုပြောသည့်ဘာသာစကားများကို စာရင်းတင်ပြကာ ထိုဘာသာစကားများအတွက် အသင်းတော်တွင်ကျန်ရှိသည့် စာပေများကို ဖော်ပြပါ။ အပိုဒ် ၁၀ တွင်ဖော်ပြသည့်အတိုင်း လူမျိုးအပေါင်းအတွက်သတင်းကောင်းစာအုပ်ငယ်အား အသုံးပြုနည်းကို သရုပ်ပြပါ။
သီချင်း ၂၂၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၁၆ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။
၁၂ မိ– အသင်းတော်အစည်းအဝေးများကို အဘယ်ကြောင့် တက်ရောက်ရန်လိုအပ်။ အစည်းအဝေးအားလုံးကို မှန်မှန်တက်ရောက်ခြင်း၏အရေးကြီးမှုကို အလေးပေးဖော်ပြရန် ဩဂုတ် ၁၅၊ ၁၉၉၃၊ ကင်းမျှော်စင်၊ စာမျက်နှာ ၈-၁၁ ပါအဓိကအချက်များကို အကြီးအကဲဆွေးနွေးပါ။
၁၈ မိ– “ဘာသာစကားအမျိုးမျိုးပြောသော ဘာသာတရားခပ်သိမ်းမှ လူတို့ကိုသက်သေခံခြင်း။” (အပိုဒ် ၁၁-၂၈) မေးဖြေရန်။ သင့်ရပ်ကွက်တွင်ရှိသည့် ခရစ်ယာန်မဟုတ်သောဘာသာများကို စာရင်းတင်ပြပါ။ ဒေသအတွင်း ဩဇာအလွှမ်းမိုးဆုံးသောဘာသာတစ်ခုမှ—ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ဂျူး သို့မဟုတ် မွတ်စလင်—တစ်ဦးဦးအား ဦးဆုံးအကြိမ်သက်သေခံပုံကို အတွေ့အကြုံရှိကြေညာသူတစ်ဦးအား သရုပ်ပြစေပါ။
၁၀ မိ– “ယေဟောဝါသည် ငါ့ကိုမစတော်မူသောအရှင်ဖြစ်တော်မူ၏။” လှိုက်လှိုက်လှဲလှဲ၊ အားပေးခြင်းဖြင့် အကြီးအကဲဟောရန်။
သီချင်း ၁၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၂၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ မတ်လတွင်ဝေငှမည့်စာပေကို သုံးသပ်ပါ။ ဒီဇင်ဘာ ၁၉၉၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၈ [လိပ်] မှအချက်များကိုအသုံးပြုပြီး အသိပညာစာအုပ်ကို တင်ဆက်ရန်အတွက် အကြံဉာဏ်တစ်ခုနှစ်ခုကို ဖော်ပြပါ။ အိမ်တွင်းကျမ်းစာသင်အံမှုများစရန်ပန်းတိုင်ကို အလေးထားတင်ပြပါ။
၁၅ မိ– “အကျိုးရနေသည်ဆိုလျှင် ယင်းကိုသုံးပါလေ!” မေးဖြေရန်။ တင်ဆက်နည်းများသည် ရိုးရိုးကလေးဖြစ်ပြီး အကျိုးများဖြစ်ထွန်းသောကြောင့် ဆက်အသုံးပြုခဲ့သည့် တင်ဆက်နည်းများနှင့်စပ်လျဉ်း၍ ပရိသတ်မှ အတွေ့အကြုံရှိကြေညာသူတစ်ဦးနှစ်ဦးအား တိုတုတ်စွာမှတ်ချက်ပေးစေပါ။ ထို့နောက် အချို့တို့အား မကြာသေးမီက ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင်အကြံပြုထားပြီးထိရောက်မှုရှိကြောင်းတွေ့ခဲ့ရသည့် ချဉ်းကပ်နည်းများကို မျှဝေစေပါ။
၂၀ မိ– သင့်တင်ဆက်နည်းများကို လေ့ကျင့်ပါ။ ကျောင်းလမ်းညွှန်စာအုပ်၊ စာမျက်နှာ ၉၄၊ အပိုဒ် ၈-၉ ကိုအခြေခံပြီး တိုတိုတုတ်တုတ်ဟောရန်။ ကျွန်ုပ်တို့၏တင်ဆက်နည်းများကို ဆန်းစစ်သုံးသပ်ရန်နှင့် ပိုမိုထိရောက်ဖို့နည်းလမ်းများ ရှာဖွေရန်လိုအပ်ချက်ကို အလေးထားတင်ပြပါ။ တံခါးဝတစ်ခုတွင် သူတို့လုပ်ဆောင်ခဲ့ရာကို မည်သို့ဆန်းစစ်သုံးသပ်ပြီး မည်သို့တိုးတက်နိုင်ကြောင်း ဆွေးနွေးနေပုံကို ညီအစ်မနှစ်ဦးအား သရုပ်ပြစေပါ။ သူတို့သည် နောက်အခေါက်တွင်သုံးရန်ရည်ရွယ်ထားသည့် တင်ဆက်နည်းတစ်ခုကိုစမ်းသုံးကြည့်ဖို့ တိုတိုတုတ်တုတ်လေ့ကျင့်ကြပြီး တစ်ဦးကိုတစ်ဦး အထောက်အကူပြုသည့် အကြံပြုချက်များပေးကြသည်။ သဘာပတိက တင်ဆက်နည်းများကို ဆန်းစစ်သုံးသပ်ရန်နှင့် လေ့ကျင့်ကြရန် အားလုံးကိုအားပေးခြင်းဖြင့် နိဂုံးချုပ်သည်။
သီချင်း ၁၀၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။