မေလအတွက်လုပ်ငန်းတော်စည်းဝေးများ
မေ ၃ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ သီအိုကရက်တစ်သတင်း။
၁၇ မိ– “အခြားသူများ အကျိုးခံစားရရန် သင်ကြားပေးလော့။” အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုဘဲကန့်သတ်ကာ မေးဖြေဆက်ဆွေးနွေးရန်။ အသိပညာစာအုပ်အခန်း ၁၃ ကိုသုံးကာ ကျမ်းစာမူများကို သင်အံလေ့လာခြင်း၊ နားလည်ခြင်းနှင့် ကျင့်သုံးခြင်းဖြင့် လက်တွေ့ကျသောနည်းနှင့် လူတို့အကျိုးခံစားရပုံကို ရှင်းလင်းတင်ပြပါ။
၂၀ မိ– “သင့်ဓမ္မအမှုကို တိုးချဲ့ရန် နည်းလမ်းများ။” ပရိသတ်ထဲမှသီးခြားပုဂ္ဂိုလ်များမေးသည့်မေးခွန်းများကို ဖြေကြားသည့်အနေနှင့် ဆောင်းပါးကို အကြီးအကဲနှစ်ဦးဆွေးနွေးကြသည်။ ဆယ်ကျော်သက်ကြေညာသူတစ်ဦး၊ အိမ်ထောင်သည်မောင်နှံတစ်စုံနှင့် အငြိမ်းစားယူသည့်အသက်အရွယ်ရှိ ညီအစ်ကိုတစ်ဦးတို့သည် မိမိတို့၏ဓမ္မအမှုကို တိုးချဲ့နိုင်မည့်နည်းလမ်းများနှင့်ပတ်သက်၍ မေးမြန်းကြသည်။ လက်တွေ့ကျအကြံပြုချက်များကို ဆောင်းပါးနှင့် စာမျက်နှာ ၁၁၆-၁၈ ပါ “အနာဂတ်အတွက် သင့်ဝိညာဏပန်းတိုင်များကား အဘယ်နည်း” ကိုအလေးပေးဖော်ပြထားသည့် ကျွန်ုပ်တို့၏ဓမ္မအမှုစာအုပ်အခန်း ၉ မှဝေငှပေးသည်။ ကြေညာသူများသည် မဝေးတော့သည့်အနာဂတ်တွင် လုပ်ငန်းတော်တိုးချဲ့လုပ်ဆောင်မှုအတွက် မည်သို့စီစဉ်ရမည်ကိုပြညွှန်ပေးသည့် အသင်းမစီမံပေးသော အထောက်အကူပြုအချက်အလက်များအတွက် ကျေးဇူးတင်လေးမြတ်မှုကို ဖွင့်ဟပြောဆိုကြသည်။
သီချင်း ၁၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၁၀ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၂ မိ– သင့်အစီအစဉ်များကား အဘယ်နည်း။ မိသားစုတစ်စုသည် စည်းဝေးကြီးတက်ရန်၊ အရန်ရှေ့ဆောင်ရန်၊ အားလပ်ရက်အနားယူရန်နှင့် အပန်းဖြေရန်အတွက် မိမိတို့၏အစီအစဉ်များကို သုံးသပ်ကြသည်။ (မေ ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၇ ရှု။) သူတို့သည် အလွတ်သဘောသက်သေခံရန် မည်သို့စီစဉ်ရမည်နှင့် မည်သို့လုပ်ဆောင်ရမည်ကို ဆွေးနွေးကာ အစပြုစကားစမြည်ပြောဆိုနိုင်ပုံကို သရုပ်ပြကြသည်။ ကိုယ်ပိုင်နှင့် မိသားစုကျမ်းစာလေ့လာမှုကို ဆက်လုပ်ရန်၊ အခြားတစ်နေရာသို့ခရီးထွက်သည့်အခါ အသင်းတော်အစည်းအဝေးများကိုတက်ရန်နှင့် ဌာနေအသင်းတော်သို့ လယ်ကွင်းလုပ်ငန်းလုပ်ဆောင်မှုကို မှတ်တမ်းပေးရန်လိုအပ်ကြောင်း အလေးပေးတင်ပြပါ။ မိသားစုသည် အခြားအသင်းတော်များထံ သွားရောက်လည်ပတ်ရာမှ သူတို့ရရှိခဲ့သည့်တွေ့ ကြုံမှုကောင်းများနှင့် ခံစားခဲ့ရသည့် ရွှင်လန်းမှုအကြောင်း ပြန်ပြောင်းပြောပြကြသည်။ အသင်းတော်သို့လာသည့် မည်သည့်ဧည့်သည်ကိုမဆို ဧည့်ဝတ်ကျေပွန်မှုတင်ပြနိုင်သည့် နည်းလမ်းများကို သူတို့သုံးသပ်ကြသည်။
၂၅ မိ– “၁၉၉၉ ခုနှစ် ‘ဘုရားသခင့်ပရောဖက်ပြုချက်ဆိုင်ရာစကားတော်’ ခရိုင်စည်းဝေးကြီးများ။” (အပိုဒ် ၁-၁၅) မေးဖြေရန်။ အပိုဒ် ၆၊ ၈၊ ၁၁ နှင့် ၁၅ ကိုဖတ်ပါ။ သောကြာနေ့အစီအစဉ်များအပါအဝင် စည်းဝေးကြီးတစ်ခုလုံးကို ကျွန်ုပ်တို့တက်ရောက်သင့်သည့်အကြောင်းများကို အလေးပေးတင်ပြပါ။ စည်းဝေးကြီးသို့ နေ့လယ်စာကို နေ့စဉ်ယူလာရန်ဟူသောအသင်းမ၏ညွှန်ကြားချက်ကို လိုက်နာရန်အရေးကြီးကြောင်း အလေးပေးဖော်ပြပါ။
သီချင်း ၁၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၁၇ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– “ကြိုတင်စီစဉ်ပါလေ!” လာမည့် အချို့သောလများအတွက် မိမိတို့ဒေသတွင်စီစဉ်ထားသည့် သီအိုကရက်တစ်လုပ်ဆောင်မှုအားလုံးကို သုံးသပ်ခြင်းဖြင့် ဟောပြောရန်။ မိမိတို့၏ပြက္ခဒိန်ပေါ်တွင် ရက်စွဲများကို မှတ်သားထားရန်နှင့် အခြားအရာများကြောင့် ပျက်မသွားစေကြဖို့ ယောက်တိုင်းကိုအားပေးပါ။
၂၀ မိ– “၁၉၉၉ ခုနှစ် ‘ဘုရားသခင့်ပရောဖက်ပြုချက်ဆိုင်ရာစကားတော်’ ခရိုင်စည်းဝေးကြီးများ။” (အပိုဒ် ၁၆-၂၂) မေးဖြေရန်။ အပိုဒ် ၁၇-၁၉ ကိုဖတ်ပါ။ ဝတ်စားဆင်ယင်မှုနှင့်အမူအကျင့်သည် အဘယ်ကြောင့် အထူးဂရုစိုက်ရန် တောင်းဆိုထားသည့်အရာများဖြစ်ကြောင်းကို အလေးပေးတင်ပြရန် ကိုးကားထားသော၊ ညွှန်းထားသောကျမ်းချက်များကိုသုံးပါ။
သီချင်း ၂၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၂၄ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ ကျေးဇူးပြု၍ဆက်လိုက်ပေးပါ (S-43) ပုံစံစာရွက်နှင့်ဆိုင်သည့် အောက်တိုဘာ ၁၅၊ ၁၉၉၈ ရက်စွဲပါ အသင်းမ၏စာကိုသုံးသပ်ပါ။ ယင်းပုံစံစာရွက်သည် အလွတ်သဘောသက်သေခံသည့်အခါနှင့် အခြားဘာသာစကားကိုပြောသောသူတို့နှင့်ဆက်သွယ်သည့်အခါ တွေ့ရှိရသည့်စိတ်ဝင်စားသူများထံပြန်သွားရာတွင် မည်သို့ကူညီပေးနိုင်ကြောင်း ရှင်းပြပါ။ ဤပုံစံစာရွက်များကို ကောင်းစွာအသုံးပြုဖို့ ကြေညာသူများကိုအားပေးပါ။
၁၂ မိ– မေးခွန်းသေတ္တာ။ အကြီးအကဲတစ်ဦးဟောရန်။
၁၈ မိ– ခွဲခြားခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ပါဝင်နေပါသလော။ ဇူလိုင် ၁၊ ၁၉၉၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၀-၁ ကိုအခြေခံ၍ လုပ်ငန်းတော်ကြီးကြပ်မှူး လှုံ့ဆော်ဟောပြောရန်။
သီချင်း ၃၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၃၁ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ မေလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းပေးကြဖို့ အားလုံးကိုဆော်သြပါ။ ဇွန်လတွင်ဝေငှမည့်စာပေကို သုံးသပ်ပါ။ အသိပညာစာအုပ်ကိုဝေငှသည့်အခါ အသင်းတော်တွင်ပိုလျှံနေသော ၁၉၂-မျက်နှာရှိ စာအုပ်ဟောင်းတစ်အုပ်ကို ပါဝင်စေပါ။ နမူနာတင်ဆက်မှုတစ်ခုကို သရုပ်ပြပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၁၅ မိ– ကျွန်ုပ်၏ဘာသာသည် ဘာမှားသနည်း။ ဓမ္မအမှုထမ်းနှစ်ဦးဆွေးနွေးရန်။ ကျွန်ုပ်တို့သည် သမ္မာတရားကိုလိုလားကာ ယေဟောဝါသက်သေများကို နှစ်သက်သဘောကျသူများစွာတို့နှင့် တွေ့ဆုံကြရသည်။ သို့ရာတွင် သူတို့၏ချာ့ချ်အပေါ်တွင်ထားရှိသည့် တွယ်တာမှုနှောင်ကြိုးများက သူတို့အား ဟန့်တားထားသည်။ သူတို့သည် ကျွန်ုပ်တို့တွင် တစ်ခုတည်းသော စစ်မှန်သည့်ဘာသာရှိကြောင်းနှင့် သူတို့၏ဝတ်ပြုမှုပုံစံသည်မှားကြောင်း ယုံကြည်ရန်အခက်တွေ့ ကြသည်။ ယင်းက သူတို့၏ဝိညာဉ်ရေးတိုးတက်မှုအတွက် အဓိကအဟန့်အတားတစ်ခုဖြစ်လာသည်။ အခြားဘာသာများသည် ကျမ်းစာအတိုင်းမလိုက်ကြကြောင်းကို ရှင်းလင်းစွာတင်ပြသည့်ကျိုးကြောင်းဆင်ခြင်စာအုပ် စာမျက်နှာ ၂၅၇-၅၈ တွင်ဖော်ပြသည့်အချက်အလက်ခြောက်ခုကို ညီအစ်ကိုများသုံးသပ်ကြသည်။ စိတ်ရင်းမှန်ရှိသူများအား သူတို့၏ဘာသာရေးယုံကြည်ချက်များကို အကဲဖြတ်ရန် လိမ္မာပါးနပ်စွာကူညီပေးရာတွင် ဤအချက်များကိုအသုံးပြုဖို့ ပရိသတ်များကို အားပေးပါ။
သီချင်း ၅၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။