သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၈၊ စက်တင်ဘာ ၁ မှ အောက်တိုဘာ ၂၇ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။
စကားပြောအရည်အသွေး
၁။ အခြားသူတို့သည် တစ်စုံတစ်ခုသောယုံကြည်ချက်ကို အဘယ်ကြောင့် ယုံကြည်ရကြောင်း ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။ [be-BU စ. ၂၅၉ ပိုဒ်. ၁၊ ၂]
၂။ လူတစ်ဦး၏နှလုံးမှ စိတ်စွန်းကွက်မှုနှင့် မုန်းတီးမှုတို့ကို ဖယ်ရှားရန် ကျွန်ုပ်တို့မည်သို့ကူညီပေးနိုင်သနည်း။ [be-BU စ. ၂၆၀ ပိုဒ်. ၂]
၃။ ယေဟောဝါနှင့် ကျွန်ုပ်တို့သင်သားများ၏ ဆက်ဆံရေး တိုးတက်စေရန် သူတို့ကိုယ်တိုင်၏နှလုံးကို ဆန်းစစ်ကြည့်ဖို့ ကျွန်ုပ်တို့မည်သို့ကူညီပေးနိုင်မည်နည်း။ [be-BU စ. ၂၆၁ ပိုဒ်. ၃]
၄။ ပရိသတ်၏နှလုံးကို ထိမိစေရန်ကြိုးစားရာတွင် အဘယ်အရာကို ကျွန်ုပ်တို့စိတ်စွဲမှတ်ထားသင့်သနည်း။ [be-BU စ. ၂၆၂ ပိုဒ်. ၅]
၅။ အသင်းတော်အစည်းအဝေးများတွင် အချိန်ကို အဘယ်ကြောင့် ဂရုပြုသင့်သနည်း။ [be-BU စ. ၂၆၃ ပိုဒ်. ၁၊ ၃၊ လေးထောင့်ကွက်]
တာဝန်နံပါတ် ၁
၆။ ကောရိန္သုပထမစာစောင်ကိုရေးသားရန် ပေါလုအား အဘယ်အရာက လှုံ့ဆော်ပေးခဲ့သနည်း။ [bsi08-1-BU စ. ၂၀ ပိုဒ်. ၃]
၇။ ကောရိန္သုဒုတိယစာစောင်ကို ပေါလုရေးသားရသည့် အကြောင်းရင်းအချို့ကား အဘယ်နည်း။ [bsi08-1-BU စ. ၂၂ ပိုဒ်. ၁-၂]
၈။ ခရစ်ယာန်များသည် ဓမ္မအမှုလုပ်ငန်းကို မည်သို့ရှုမြင်သင့်သနည်း။ [bsi08-1-BU စ. ၂၂-၃ ပိုဒ်. ၁၈]
၉။ ကျွန်ုပ်တို့သည် ဖိလိပ္ပိအသင်းတော်ရှိ ညီအစ်ကိုများနည်းတူ ဘုရားသခင်၏မျက်နှာသာကို မည်သို့ရရှိနိုင်ပြီး ညီအစ်ကိုများအဖို့ ဝမ်းမြောက်ခြင်း မည်သို့ဖြစ်လာနိုင်သနည်း။ [bsi-08-1-BU စ. ၂၉ ပိုဒ်. ၁၂]
၁၀။ ပေါလုနှင့်သူ၏အမှုဆောင်ဖက်များသည် သက်သာလောနိတ်အသင်းတော်တွင် အဘယ်အပြုသဘောပါသောသြဇာ လွှမ်းမိုးခဲ့သနည်း။ [bsi08-2-BU စ. ၄ ပိုဒ်. ၁၃]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ “ထို [ဆိုးညစ်သော] သူ၏ဝိညာဉ်သည် . . . ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း သူ၏ကိုယ်ခန္ဓာပျက်စီးဖို့ရာ သူ့ကိုစာတန်လက်သို့အပ်နှံကြ” ဟူသည် အဘယ်အဓိပ္ပာယ်နည်း။ (၁ ကော. ၅:၅) [က၀၈ ၇/၁၅ “ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏—ကောရိန္သုစာစောင်များမှ ပေါ်လွင်ချက်များ”]
၁၂။ယေရှု၏သေခြင်းကို သတိရအောက်မေ့ရန် မည်သို့ “အခါခါ” နှင့် မည်သည့်အချိန် “တိုင်အောင်” ကျင်းပရသနည်း။ (၁ ကော. ၁၁:၂၆) [က၀၈ ၇/၁၅ “ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏—ကောရိန္သုစာစောင်များမှ ပေါ်လွင်ချက်များ”]
၁၃။ ၂ ကောရိန္သု ၁၂:၂-၄ တွင် အဘယ်ရူပါရုံအကြောင်း ဖော်ပြထားပြီး ယင်းကို မည်သူမြင်တွေ့ခဲ့ဖွယ်ရှိသနည်း။ [က၀၄ ၁၀/၁၅ စ. ၈ ပိုဒ်. ၄; စ. ၁၀ ပိုဒ်. ၉]
၁၄။ ပေါလုသည် မောရှေ၏ပညတ်တရားကို ‘ခရစ်တော်ထံသို့ ပို့ဆောင်ပေးသော အထိန်း’ နှင့် အဘယ်ကြောင့်ခိုင်းနှိုင်းခဲ့သနည်း။ (ဂ. ၃:၂၄) [က၀၈ ၃/၁ စ. ၁၈-၂၁]
၁၅။ ‘ညီအစ်ကိုတို့၏ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို . . . စောင့်မတော်မူပါစေသော’ ဟုပေါလုဆုတောင်းသောအခါ အဘယ်အရာကိုဆိုလိုသနည်း။ (၁ သက်. ၅:၂၃) [က၀၈ ၉/၁၅ “ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏—သက်သာလောနိတ်မြို့သားများနှင့် တိမောသေထံရေးသောစာများမှ ပေါ်လွင်ချက်များ”]